Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပခုက္ကူမြို့၊အမှတ်(၉၈)အခြေခံပညာမူလတန်းလွန်ကျောင်းရှိ မုန့်ဈေးတန်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်မျိုးသန္တာဝင်း နှင့်ဝန်ထမ်းများအဖွဲ့ သည် ဦးစားပေး ကုန်စည်(၁၀)မျိုးမှ အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြီး ပြည့်စုံပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ် ၍(.၁၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၄၅) အချိန် တွင် ပခုက္ကူမြို့၊ အမှတ်(၉၈)အခြေခံပညာမူလတန်းလွန်ကျောင်းရှိ  ကျောင်းမုန့်ဈေးတန်းတွင် မုန့်မျိုး စုံရောင်းချသည့် ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့်လုပ်ငန်းရှင်များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြထားရှိသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် သက်တမ်းလွန် ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ရောင်းချသည့် ကျောင်းမုန့်ဈေးတန်းများတွင် မြန်မာ့အစားအစာ မုန့်မျိုးစုံများကိုသာ အများဆုံးရောင်းချလျက် ရှိကြောင်း တွေ့ရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ အမှတ်(၉၈)အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအဖွဲ့သည် (၃.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၉၈)အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ()ဦး၊ ကျောင်းသား/ကျောင်းသူ (၉၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် ပခုက္ကူမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်း ချက်၊ ရည်မှန်းချက်များ၊ ဌာနတွင်ဆောင်ရွက်နေသည့် အသိပညာပေးလုပ်ငန်းများအကြောင်းအား လည်းကောင်း၊ စီမံရေးရာဌာနခွဲ(ဝန်ထမ်း)တာဝန်ခံက ကုန်အညွှန်းအမှတ်အသားဆိုင်ရာဖော်ပြချက် အကြောင်း ကိုလည်းကောင်း၊ စီမံရေးရာဌာနခွဲမှ ဝန်ထမ်းတစ်ဦးက စားသုံးသူအခွင့်အရေးများနှင့် လိုက်နာရမည့် တာဝန်များအကြောင်းနှင့် နစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင် ရွက်ရေးစင်တာ(CICC)” ရုံးများဖွင့်လှစ်ထားကြောင်း၊ Consumer Call Center ဖုန်းနံပါတ်(1535)သို့ ခေါ်ဆို တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နေရာများအား အသေးစိတ်ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား Call Center ခေါ်ဆိုမှု လက်တွေ့ဆောင်ရွက်ခဲ့ပြီး  လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ငွေစာရင်းတာဝန်ခံ ဒေါ်တင်တင်မော် နှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားရေးကိုကာကွယ်ရန်အတွက် ရည်ရွယ်၍ (၂.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်()အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ()ဦး၊ ကျောင်းသား/သူ (၂၂၀) ဦး၊ စုစုပေါင်း(၂၂၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

   ဟောပြောပွဲတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူအခွင့် အရေးနှင့် လိုက်နာရမည့်တာဝန်များအကြောင်း ကိုလည်းကောင်း၊ ငွေစာရင်းဌာနခွဲတာဝန်ခံ ဒေါ်တင်တင်မော်က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်းသည့်အကြောင်းအရာကို လည်းကောင်း၊ သတင်း/နည်းဌာနခွဲတာဝန်ခံ ဒေါ်သူဇာကျော်က စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) အခန်း(၁၉)ပါ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းအကြောင်းကိုလည်း ကောင်း ဟောပြောခဲ့ပြီး လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားတက်ရောက်

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်း ကျောင်း၌ (၁.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ကျင်းပသောကျောင်းစာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့် တင်ရေးလှုပ်ရှားမှုအခမ်းအနားသို့ စားသုံးသူ ရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ကိုယ်စား ဒု-ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်စိုး တက်ရောက် ခဲ့ကြောင်း သိရသည်။

   အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမြင့်နိုင်က အဖွင့်အမှာ စကားပြောကြားရာတွင် ယခုလိုအခမ်းအနား ကျင်းပခြင်းကြောင့် ကျောင်းသားလူငယ်များ စာဖတ် သည့်အလေ့အကျင့်ကောင်းများ ဖြစ်လာနိုင်ကြောင်း၊ စာဖတ်မှသာ အသိဉာဏ်ဗဟုသုတများ၍ စဉ်းစာတွေးခေါ်နိုင်ပြီး မှန်မှန်ကန်ကန်ဆုံးဖြတ် နိုင်မည်ဖြစ်ကြောင်း၊ ပညာရေးတွင်လည်း စာဖတ် ခြင်းသည် မရှိမဖြစ်လိုအပ်ကြောင်း၊ စာဖတ်သည့် အလေ့အထရှိမှသာ သင်ကြားရေးတွင်လည်း အထောက်အကူပြုနိုင်ကြောင်း ယခုအခါ ကလေးများ သာမက လူကြီးများပါ စာအုပ်ဖတ်ခြင်း အလေ့အထများ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး လူတိုင်း ကိုယ်စီ လက်ကိုင်ဖုန်းများကိုသာ ကြည့် နေကြကြောင်း၊ ဒါကြောင့် စာဖတ်ခြင်းသာမက သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုချင်းပါ ရင်းနှီး နွေးထွေးမှုများ ပျောက်ကွယ်နေကြောင်း၊ ခေတ်မီတိုးတက်နေသော IT ခေတ်မှာ တိုးတက်လာသော ခေတ်နှင့်အညီ လိုက်ပါဆောင်ရွက်နေသော်လည်းစာအုပ်စာပေ လူ့မိတ်ဆွေဆိုသည့်အတိုင်း စာအုပ်၊ စာပေများကိုလည်း လေ့လာဖတ်ရှုစေချင်ကြောင်း စသော ရည်ရွယ်ချက်များဖြင့် အခမ်း အနားကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

  အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများအား ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအနေဖြင့် ပြန်ဆက်ဦးစီးဌာနမှ ဦးဆောင်၍ ကျောင်း သား/ ကျောင်းသူ () ဦးနှင့်အမြဲမပြတ် လေ့လာသင်ယူရေးစကားဝိုင်း” “Never Stop Learning Talk Show” ကျင်းပခြင်းနှင့် စာဖတ်ခြင်းနှင့်ပတ်သတ်၍ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခြင်းများ ပြုလုပ်ဆောင်ရွက်ပြီး ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။

   ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများ ကိုယ်တိုင်ဖန်တီးထားသည့် လက်မူပြခန်းများကို ပြသခဲ့ရာ တက်ရောက်လာသည့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် ဌာနဆိုင်ရာ အကြီးအကဲများက လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးမြို့၊ မြို့မဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံဦးမြင့်ကြည်နှင့်ဝန်ထမ်းများသည် စားသုံးသူများဘေးကင်း လုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၃.၁၂.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မင်းဘူးမြို့၊ မြို့မဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များ၌ ရောင်းချလျက် ရှိသည့် အမှတ်တံဆိပ်ပါ စားသုံးဆီဘူးများတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)နှင့် ကိုက်ညီမှုရှိ/မရှိ၊  သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ထောက်ခံချက်များ ဖော်ထားခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးဆီအရောင်းဆိုင်များ၌ ရောင်းချလျက်ရှိ သည့် အမှတ်တံဆိပ်ပါစားသုံးဆီဘူးများတွင် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် သက်ဆိုင်ရာဌာန များမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်ပြည့်စုံကြောင်း စစ်ဆေးတွေ့ရှိရပြီး မင်းဘူးမြို့နယ် တာဝန်ခံမှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးခရိုင်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

   စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်၊ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်း ရှင်တို့အကြား အငြင်းပွားမှုဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းပေးရန်နှင့် အတည်ပြုဆုံးဖြတ်ပေးရန်၊ စားသုံး သူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တာဝန်ခံရုံးခန်းမ၌ (.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၃၀) အချိန်တွင် (/၂၀၂၅) ကြိမ် မြောက် ခရိုင်စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

          ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ အတွင်းရေးမှူးက ၂၀၂၅ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလများအတွင်း စားသုံး သူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခြင်း၊ ဆွေး နွေးချက်များအပေါ် ဆုံးဖြတ်ချက်များရယူခြင်း၊ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များမှ ဆွေး နွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စားသုံးသူရေးရာ ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသည့် အခြားဌာနမှ ဝန်ထမ်းများအပါအဝင် စုစုပေါင်း(၁၂)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ (.၁၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် မင်းဘူးမြို့ပေါ်ရှိ ဆေးဆိုင်()ဆိုင်အား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသည့် ဆေးဝါးများ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ၊ တရားမဝင်ဆေးဝါးများရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ပါ သည်။

          ထိုသို့စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဆိုင်လုပ်ငန်းရှင်များအား သက်တမ်းလွန်ဆေးဝါးများ နှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဆန်စက်လုပ်ငန်းရှင်များ၊ နယူးဧရှား၊ TPC နှင့် UAB ဘဏ်တို့ပူးပေါင်း၍ စိုက်ပျိုးတောင်သူများ အကျိုးဖြစ်ထွန်းစေရေး ဆွေးနွေးပွဲအား ဧရာဝတီတိုင်းဒေသကြီး ၊ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် ယနေ့နံနက်ပိုင်းက ဆန်စက် လုပ်ငန်းရှင်များ၊  နယူးဧရှား၊ TPC နှင့် UAB ဘဏ်တို့ပူးပေါင်း၍ စိုက်ပျိုးတောင်သူများ အကျိုး ဖြစ်ထွန်းစေရေး ဆွေးနွေးပွဲကိုပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မျိုးစေ့ ထုတ်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သည့် တောင်သူကြီးများ၊ ဆန်တင်ပို့ရောင်းချသူအဖွဲ့အစည်းများ၊ စိုက်ပျိုးရေးကဏ္ဍနှင့်သက်ဆိုင်သည့် ဘဏ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က "ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးမွေးမြူရေး လုပ်ငန်းများနှင့် ဆက်စပ်နေသည့် လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နေသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ကမ္ဘာ့ဆန်ဈေးနှုန်းပေါ်မူတည်ပြီး ပြည်တွင်းရှိ စပါးစိုက်တောင်သူများ ထိုင်သင့်သည့် အကျိုးအမြတ်ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးစရိတ် များသည်လည်း မြင့်မားလာပြီး တောင်သူများအတွက် အဓိကလိုအပ်သည့် သွင်းအားစုများ၊ ဓာတ်မြေဩဇာများအား အသက်သာဆုံးဖြစ်အောင် နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယနေ့တွင် ဆန်စက်လုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ်ကုမ္ပဏီများ၊ ဘဏ်များပူးပေါင်း၍ တောင်သူများနှင့် တိုင်းဒေသကြီး၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်မြင့်မားပြီး အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်  Supply Chain တစ်ခုလုံးတွင် ပါဝင်သူများအားလုံး ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးသွားကြမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း Export Zone ဧက(၁)သိန်း အကောင်အထည် ဖော်ဆောင် နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လာရောက်ရင်းနှီး မြှုပ်နှံ၍ Contract Farming စနစ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းမျာကိုလည်း ခရိုင်အလိုက် လျာထားမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးတွင် ပေါ်ဆန်းဖိုရမ်ပြုလုပ်၍ ဧရာဝတီပေါ်ဆန်း အရည်အသွေးကောင်းမွန်ရေး ကိုလည်း ဆွေးနွေးဆောင်ရွက်ခဲ့ပါကြောင်း၊ Export Zone တွင် ပါဝင်ဆောင်ရွက်နေသူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်း လေးသွယ်ကိုအခြေခံ၍ စနစ်တကျဖြင့် အရည်အသွေးရှိသည့် ဆန်စပါးများထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆန်စက်များ အရည်အသွေး ကောင်းမွန်ရန်နှင့် စပါးခွံ လောင်စာသုံး Gasifier စနစ်မှထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်အား ထိခိုက်ညစ်ညမ်း မှုမရှိစေရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊ တိုင်းဒေသကြီး၏ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုများ ဖွံ့ဖြိုး တိုးတက်အောင်မြင်စေရန်အတွက် ပါဝင်ဆက်နွယ်ကြသူအားလုံး တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း အမှာစကားပြောကြားသည်။

          ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ တောင်သူအကျိုး ဖြစ်ထွန်းစေရန်အတွက် မျိုးစေ့ကုမ္ပဏီနှင့် ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှုများ၊ UAB ဘဏ်နှင့်ပူးပေါင်း၍ Ecosystem/Financing ပုံစံအား ရှင်းလင်းတင်ပြခြင်း၊ ကြိတ်ခွဲထွက်ရှိ လာသော ဆန်များအား TPC မှ ဆန်ပြန်လည်ဝယ်ယူပေးမည့် လုပ်ငန်းစဉ်အား ရှင်းလင်း တင်ပြခြင်းများ ပြုလုပ်ခဲ့ကြပြီး လုပ်ငန်းအမြန်ဆုံးအကောင်အထည်ဖော်ရန် လိုအပ်ချက်များအား ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မင်းဘူးမြို့ပေါ်ရှိ ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ မင်းဘူးမြို့ပေါ်ရှိ ဆန်ဆိုင်များဖြစ်သော စန်းရတနာတင့်၊ စွယ်တော်၊ မွန်၊ ပြည့်စုံခိုင်၊ ဒေါ်ခင်ညွှန့်ဆန်ဆိုင်များသို့ (.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၃:၀၀)နာရီအချိန်တွင်သွားရောက်၍ MyRo တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းရေးသွင်းထားရှိမှု၊ ဈေးကွက်အတွင်း ပေါ်ဆန်းနှင့် ကုန်ဇောင်းဧရာပဒေသာဆန် များ လက်ရှိရောင်းချနေသည့် ဈေးနှုန်းများကောက်ခံခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်များတွင် ရွှေဘိုပေါ်ဆန်း ဆန် လက်ကျန်မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဧရာဝတီပေါ်ဆန်း ဆန်မှာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လတွင် သတ်မှတ်ထုတ်ပြန် ထားသည့်ဈေးနှုန်းများနှင့် ကွာဟမှု့မရှိကြောင်းနှင့် ပြည်သူများအား သင့်တင့်မျှတသော ဈေးနှုန်းများ ဖြင့် ရောင်းချစေရေးနှင့် ဆန်သိုလှောင်ရုံများ မှတ်ပုံတင်သက်တမ်းကုန်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်ရန်  ဆန်ဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရ သည်။

DOCA(မကွေး)

ရေနံချောင်းမြို့၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ဆေးနှင့်ဆေးပစ္စည်းများအား စျေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ပစ္စည်း ပြတ်လပ်မှုမရှိစေရေးအတွက် အပတ်စဉ် ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက် လျက်ရှိရာ (၂.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ရေနံချောင်းမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရပါသည်။

      ထိုသို့ စစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ တရားမဝင် တင်သွင်းလာသော ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ၊ ဆေးရောင်းချခွင့်လိုင်စင်များပြုလုပ်ထား ခြင်းရှိ/မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများအား စျေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် ဆေးပစ္စည်း ပြတ်လပ်မှုမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ