Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း မကွေး/ ချောက်ခရိုင်၏ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

 စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများ သည် “ထုတ်ကုန်လုံခြုံ စိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက် အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ပြည့်စုံစွာ ပါဝင်ရမည့် အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/ မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက စားသုံးရန်မသင့်တားမြစ်ထားသော ကုန်စည်များ ရောင်းချမှုရှိ/ မရှိတို့ အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

          မကွေး/ ချောက်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၅-ခုနှစ်၊ နိုဝင်ဘာလအတွင်း စျေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများကို မြို့နယ်အလိုက်ဆောင်ရွက်မှုမှာ  မကွေးမြို့နယ် (၉)ကြိမ်၊ နတ်မောက်မြို့နယ် (၁)ကြိမ်၊ တောင်တွင်းကြီးမြို့နယ် (၅)ကြိမ်၊ မြို့သစ်မြို့နယ် (၃)ကြိမ်၊ ချောက်မြို့နယ် (၅)ကြိမ်၊ ရေနံချောင်းမြို့နယ် (၅)ကြိမ်၊ စုစုပေါင်း (၂၈)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မကွေး)

ချောက်မြို့မစျေး၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိသောပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့်ပူးပေါင်းအဖွဲ့သည် (၁.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ချောက်မြို့မ စျေး၌ ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ပစ္စည်းများရောင်းချမှုမရှိစေရေးနှင့် အသားငါးများ ရောင်း ချရာတွင် သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ၊ အလေးချိန်ပြည့်ဝမှုရှိ/ မရှိစစ်ဆေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင် များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

       ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့မစျေးအတွင်းနှင့်အပြင် တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ထားဝယ်မြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများအား ဟောပြောခြင်း

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့၊ ဝဲကျွန်းရပ်ရှိ အမှတ်(၇) အခြေခံပညာအထက် တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် စက်မှုစိုက်ပျိုးနည်းပညာများကို သင်ယူခွင့်ရရှိနိုင်ရေး အသိ ပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဆရာ/ဆရာမများ၊ မိဘများ၊ ကျောင်းသား/သူ များအား စားသုံးသူကာကွယ်‌ရေးဥပဒေအကြောင်း သိ‌ကောင်းစရာများအား ဟောပြောဆွေးနွေးခဲ့ ပါသည်။

          ဟောပြောပွဲတွင် ခရိုင်ပညာရေးမှူးရုံး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာနတို့မှ ရှင်းလင်းဆွေးနွေးခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ စားသုံးသူကာကွယ်‌ရေးဥပဒေများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ လိုက် နာရမည့် အချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော် ပြခြင်းဆိုင်ရာများအကြောင်းများ‌ ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တိုင်းဒေသကြီးအဆင့် MSME အေဂျင်စီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)သို့  တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ သုံးထပ်ဆောင်အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးအဆင့် MSME အေဂျင်စီလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၅)အား စီးပွားရေးရာဝန်ကြီးဦးဆောင်၍ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီး စီးပွား‌ရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြား ခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် MSME အေဂျင်စီအဖွဲ့ဝင်များမှ ဒေသတွင်း MSME လုပ်ငန်း များဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်ဦးချင်းဆွေးနွေးခဲ့ကာ စီးပွားရေးရာဝန်ကြီးမှ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကာ ညှိနှိုင်းအစည်းအဝေးအား (၁၅း၀၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် MyRO မှတ်ပုံတင်စနစ်တွင် ကုန်ရ၊ကုန်ထုတ်စာရင်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် MyRO မှတ်ပုံတင်စနစ်တွင် ကုန်ရ၊ ကုန်ထုတ်စာရင်းများနှင့်ပတ်သက်၍ လုပ်ငန်းရှင် များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ရှင်းလင်းဆွေးနွေးရာတွင် MyRO မှတ်ပုံတင်စနစ်တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်စနစ်မှ လစဉ်ဖြည့်သွင်းရမည့် ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးကော်မတီ(၁/၂၀၂၅)လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခြင်း

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစား အသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သော အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲ‌‌ရေးကော်မတီ(၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား  စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီး အရာရှိ ဒေါ်အေးအေးလွင်မှ တက်ရောက်ခဲ့ပါသည်။

      အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးမှ ရှင်းလင်း ဆွေးနွေးခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံမှ မိမိတို့ ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်းတင် ပြခြင်းနှင့် လူမှု‌ရေးရာဝန်ကြီးမှ နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးအား အောင်မြင်စွာပြီး မြောက်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

“ ကွမ်းခြံကုန်းမြို့နယ် အခြေခံပညာကျောင်းများတွင် စားသုံးသူအသိပညာပေးဟောပြောခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ရုံး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူအသိပညာပေး ဟောပြောပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ(၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အ.ထ.ကတော်ကူးကျောင်းသို့ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။     

        ထိုသို့ စားသုံးသူအသိပညာဟောပြောပွဲ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေး ရာဦးစီးဌာနတို့က ပြန်ဆက်ဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်နှင့်စာပေအကြောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးပညာဖြင့် ကုသနိုင်သည့်ရောဂါများအကြောင်း၊ မြို့နယ်စားသုံး သူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စစ်ဆေးရေးအရာရှိများနှင့် ဆက်စပ်ဌာနများပူးပေါင်း၍ စားသုံးသူအခွင့်အရေးနစ်နာမှုများ ကာကွယ်ပေးနိုင်ရေးအတွင် ကုန်စည်အုပ်စုများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများအကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများနှင့် ပတ်သတ်၍ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းတို့အား ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများသိရှိစေရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

        အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ဆရာမ စုစုပေါင်း (၁၃၂)ဦး တက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုနိုင်မှ ယခုကဲ့သို့ လာရောက်၍ အသိပညာပေးဟောပြောပွဲခြင်းများအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြိတ်မြို့သို့ စားအုန်းဆီများရောက်ရှိလာ

      မြိတ်ခရိုင်ဆီကိုယ်စားလှယ်သည် ရန်ကုန်မြို့ရှိ Myanmar Oil Allianceကုမ္ပဏီမှ မြိတ်မြို့ အတွက် (၂၆.၁၁.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော စားအုန်းဆီများကို ယာဉ်အမှတ် 3S-8726 တွင် တင်ဆောင်လာခဲ့ပြီး (၃.၁၂.၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ရောက်ရှိလာသော စားအုန်းဆီများကို စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ယာဉ်အမှတ် 3S-8726 တွင် စားအုန်းဆီပေပါ(၇၂)ပေပါသည် ရောက်ရှိလာခဲ့ပြီး အဆိုပါစားအုန်းဆီများကို နှစ်ရာခိုင်နှုန်းအမြတ်ဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်ခရိုင်ရှိ Hein Moe Thu စာကလေးကြော်နှင့်အကြော်စုံလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     တနင်္သာရီတိုင်း၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက် နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် အမှတ်(၁၂၂)၊ အမိုးရေတွင်းလမ်း၊ စျေးတန်းရပ်၊ မြိတ်မြို့ရှိ Hein Moe Thu စာကလေးကြော်နှင့်အကြော်စုံလုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး ကုန်အညွှန်းအမှတ်အသားဖော် ပြပါရှိစေရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    တွေ့ဆုံဆွေးနွေးရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက် ရန်၊ သက်ဆိုင်ရာဌာန၏ လမ်းညွှန်ချက်များအတိုင်းလိုက်နာဆောင်ရွက်ပြီး စားသုံးသူရေးရာဦးစီးဌာန ၏ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

“ ကော့မှူးမြို့နယ်ပျံကျဈေးဆိုင်များရှိ အခြေခံစားသောက်ကုန်ပစ္စည်းများရောင်းချနေမှု အခြေအနေပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြည်တော်သာရပ်ကွက်၊ စည်ပင်သာယာမြို့မဈေး ပတ်ဝန်းကျင်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ ဒီဇင်ဘာလ(၂)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဌာနဆိုင်ရာ များ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်အေမီအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ဦးသောင်းရွှေနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ အိနန္ဒာကျော်နှင့် ကျန်းမာရေးမှူး အဆင့်(၁) ဦးစိုးဝင်းထွန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာမိုးဆမ်းပန်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဌာနခွဲစာရေး ဒေါ်သဲစုရီနှင့်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော  ပဲပြား၊ ပဲသွေး၊ မျှစ်အဝါ၊ မျှစ်အနီ၊ စိမ်းစားငံပိ (မျှင်ငံပိ)တို့တွင် Auramine-O ခွင့်မပြုဆိုးဆေးပါဝင်ခြင်းမရှိသော အမျိုးအစားများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်း ရှင်းစေရေး အသိပညာပေးပြောကြား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ