Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်ငူမြို့ရှိ ဆန်စပါး သိုလှောင်ရုံများ မှတ်ပုံတင်ထားရှိရေး ကွင်းဆင်းအသိပေး

  စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်း (၁) ဦးသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့တွင် တောင်ငူမြို့ပေါ်ရှိ Myanmar Rice Online (MyRo) တွင် မှတ်ပုံတင်ဆောင်ရွက်ထားရှိသည့် ဆန်စက်များ၊ ဆန်ပွဲရုံများ၊ သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်အခြေအနေများကို www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ (၁၀)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် စာရင်းထည့်သွင်းပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် ခဲ့ပါသည်။

   ထို့နောက် ဆန်အရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ၊ ဆန်စီးဝင်/ စီးထွက်မှု အခြေအနေနှင့် (My-Ro) တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေး၊ မှတ်ပုံတင်ဆောင်ရွက်ထားခြင်း မရှိသေးသည့် ဆန်စက်များ၏ လုပ်ငန်းရှင်များကိုလည်း အမိန့်အမှတ်(၈၂/၂၀၂၄)တွင် ထုတ်ပြန်ထားသော ဆန်တန်ချိန်(၂၅)တန်နှင့် အထက်(သို့မဟုတ်)စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ထားရှိသော ဆန်စပါးသိုလှောင်ရုံပိုင်ရှင်များ (My-Ro)တွင် မှတ်ပုံတင်လက်မှတ် လျှောက်ထားရန် လိုအပ်ကြောင်းတို့ကိုလည်း ကွင်းဆင်း ဆောင်ရွက် ခဲ့ပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များအနေဖြင့် စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူ ဆောင်ရွက်ခြင်း များရှိကြောင်း အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အိမ်မဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ် မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့ပေးအပ်ပွဲအခမ်းအနားပြုလုပ်

 

 

          ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမတွင်  ၂၀၂၅-၂၀၂၆ခုနှစ် မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ မျိုးစေ့ချကိရိယာ (Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့ပေးအပ်ခဲ့သည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ တောင်သူများအား ဆီထွက် သီးနှံနေကြာ၊ ပဲပုပ်နှင့် မျိုးစေ့ချကိရိယာ(Drum Seeder) များ ပေးအပ်လျက်ရှိပါကြောင်း၊ ဆီဖူ လုံရေးအတွက်  နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်းကျော် တိုးမြှင့် စိုက်ပျိုး ရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဲပုပ်၊ ပဲကြီး ဧက(၁)သိန်းကိုလည်း  တိုးတက် စိုက်ပျိုး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် ဒုတိယသီးနှံ နွေစပါးကို စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရာတွင် ကြဲခင်းစနစ်များ ပပျောက်စေရေးအတွက် မျိုးစေ့ချကိရိယာ(Drum Seeder)များ ထုတ်လုပ်ဖြန့်ဝေလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ငရုတ်ကောင်း၊ ကော်ဖီ စသည့် သီးနှံများလည်း စိုက်ပျိုးဖြစ်ထွန်း‌အောင်မြင် လျက်ရှိပါကြောင်း၊ တောင်သူများ အနေ ဖြင့်လည်း စိုက်ဧကများပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက် ကြရမည်ဖြစ်ကြောင်းတိုင်း‌ဒေသကြီးအစိုးရအဖွဲ့အ‌နေဖြင့် တောင်သူများလိုအပ်သော သွင်းအားစု၊ နည်းပညာပံ့ပိုးမှုများကိုလည်း ပြုလုပ်ပေးလျှက်ရှိပါကြောင်း အမှာစကား ပြောကြားသည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တောင်သူများအား မျိုးစေ့ချကိရိယာ (Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့များပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့‌ကြောင်း သိရပါသည်။

DOCA (ဧရာဝတီ)

 

ရန်ကင်းမြို့နယ်၊ ရန်ကင်း အထက (၁) တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ၂.၁၂.၂၀၂၅ ရက်နေ့၊ နံနက်(၁၂:၀၀)နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊  ရန်ကင်းအထက (၁)တွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး )က  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအကြောင်းနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင်တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် Facebook Page၊   DOCA Myanmar Page၊  CICC (၁၅၃၅)ကို ရုံးဖွင့်ရက်များမှာ ရုံးချိန်အတွင်းဖုန်းခေါ်ဆိုမေးမြန်း တိုင်ကြားးနိုင်ပါကြောင်း    တိုင်ကြားနိုင်သည့်နည့်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး ဆရာ/ ဆရာမ (၁၀)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

အသင့်စား စားသောက်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး)နှင့် ဝန်ထမ်းများသည် ၂.၁၂.၂၀၂၅ ရက်နေ့၊ နံနက်(၁၂:၀၀)နာရီအချိန်တွင် မင်္ဂလာတောင် ညွန့်မြို့နယ်ရှိ One Stop Mart များတွင် အသင့်စားစားသောက်ကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် One Stop Mart များတွင် ရောင်းချနေသော အသင့်စားစားသောက်ကုန်ပစ္စည်းများတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်စသည့် ကုန်အညွှန်းအမှတ် အသားများ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသုံးသူပြည်သူများ ဘေးအန္တာရာယ်ကင်း ဝေးစေရေးအတွက် ကုန်အညွှန်းအမှတ်မပြည့်စုံသောကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးသူကာကွယ်ရေးအသိပညာရရှိဖို့ Consumer Call Center (1535) ဖုန်းခေါ်ဆို မေးမြန်းစို့

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ  စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေး နှင့်ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက် များ၊ စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းရန်၊ တိုင်ကြားနိုင်ရန်နှင့် သိရှိလိုသည် များကို Consumer Call Center (1535)သို့ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်းမှာ ခေါ်ဆိုမေးမြန်းနိုင်ကြောင်း၊ အသိပညာပေးလျက်ရှိသည့်အပေါ် (.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၄၅)အချိန်တွင် ပခုက္ကူမြို့၊ အမှတ် ()အခြေခံပညာမူလတန်းကျောင်းရှိ  Grade-5 ကျောင်းသား မောင်လပြည့်ဟိန်း မှ  Consumer Call Center (1535) လိုင်းခွဲ()သို့ဖုန်းခေါ်ဆို၍ စားသုံးသူ၏အခွင့်အရေးများအား မေးမြန်းခဲ့ရာတာဝန်ရှိ သူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်း၌ ကလေးငယ်များ ကျန်းမာရေးနှင့်ညီညွှတ်ဖို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးစို့

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ စစ်ဆေးရေးအရာရှိ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်း များသည် ဦးစားပေး ကုန်စည်(၁၀)မျိုးမှ အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြီးပြည့်စုံပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ (.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀) အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းရှိ မုန့်ဈေးတန်းရောင်းချသည့်ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

   ထိုသို့ စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့် လုပ်ငန်းရှင်များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြထားရှိသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် သက်တမ်းလွန် ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ အသုပ်မျိုးစုံ ရောင်းချရာတွင် သန့်ရှင်းမှုရှိရန်၊ ငရုပ်ချဉ်အနှစ်များ ပြုလုပ်ရာတွင် ခွင့်မပြုဆိုးဆေးများ မသုံးစွဲရန်နှင့်  ငရုပ်သီးမှ မှိုဆိပ်ပါနိုင်၍ သတိပြုရောင်းချစေလို ကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

                            

ပခုက္ကူမြို့၊ အမှတ်(၈)အခြေခံပညာမူလတန်းရွှေဂူကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၃.၁၃.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်() အခြေခံပညာမူလတန်း ရွှေဂူကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ပွဲပြုလုပ်ခဲ့ရာ ဆရာ၊ဆရာမ()ဦး၊ ကျောင်းသား၊ ကျောင်းသူ (၈၉) ဦး၊ စုစုပေါင်း (၉၈) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ခဲ့ပြီး ဦးစီးမှူး ဦးမြတ်မင်းက ဌာန၏သမိုင်းကြောင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း၊ နစ်နာဆုံးရှုံး မှုရှိလျှင် တိုင်ကြားနိုင်ရန် စားသုံးသူ သတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်၍ တိုင်ကြားနိုင်ကြောင်းနှင့် တိုင်းကြားနိုင်သူများအကြောင်းကိုလည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်သန္တာခင်က စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း()ပါ စားသုံးသူများရရှိသည့် အခွင့်အရေး များနှင့် လိုက်နာရမည့် တာဝန်များအကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်း စာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ အမှတ်(၁၅၀)အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၄.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ အမှတ်(၁၅၀)အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိ ပညာပေးဟောပြောပွ ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၅၆) ဦးနှင့် ဆရာ၊ ဆရာမ (၁၁) ဦး စုစုပေါင်း (၁၆၇) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

   အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ခဲ့ပြီး ဒု-ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ဌာန၏သမိုင်းကြောင်း၊ ဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း၊ နစ်နာဆုံးရှုံးမှုရှိခဲ့လျှင်တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ “CICC” ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်၍ တိုင်ကြား နိုင်ကြောင်းနှင့် တိုင်းကြားနိုင်သူများအကြောင်း ကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ပပရွှေက စားသုံးသူကာကွယ်ရေး ဥပဒေ၊ အခန်း()ပါ စားသုံးသူများရရှိသည့်အခွင့်အရေး ()ချက်နှင့် စားသုံးသူများ လိုက်နာရမည့် တာဝန် () ချက်ကိုလည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်ခိုင်ဇင်ကျော် က စားသုံးသူကာကွယ်ရေး အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့် အချက် () ချက်ကို လည်းကောင်း ဟောပြောဆွေးနွေးခဲ့ပြီး  လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

လူသုံးကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၂.၁၂.၂၀၂၅ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်နှင့်ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ    One Stop Mart  များတွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် လူသုံးကုန်ပစ္စည်းများအားဈေးကွက်စောင့်ကြည်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)က စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် One Stop Mart  အတွင်းရောင်းချနေသော လူသုံးကုန်များအား   FDAထောက်ခံချက်ပါရှိသည့်အပြင်  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြ ထားကြောင်းစစ်တွေ့ရှိခဲ့ပြီး၊   မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊   ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့်  သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

1535 (Consumer Call Center)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ ဖုန်းခေါ်ဆိုမေးမြန်း

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဒေါ်သန္တာခင်သည်  စားသုံး သူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ၊ စီးပွားရေး လုပ်ငန်းရှင် များအနေဖြင့် စားသုံးသူကာကွယ်ရေး နှင့်စပ်လျဉ်းသည့် သတင်းအချက် အလက်များ၊ စားသုံးသူရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းရန်၊ တိုင်ကြားနိုင်ရန်နှင့် သိရှိလိုသည် များကို Consumer Call Center (1535)သို့ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်းမှာ ခေါ်ဆိုမေးမြန်းနိုင်ကြောင်း၊ အသိပညာပေးလျက် ရှိသည့်အပေါ် (.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၄၅)အချိန်တွင် ပခုက္ကူမြို့၊ အမှတ် ()အခြေခံမူလတန်း ရွှေကူကျောင်း၌  Grade-3 သင်ကြားသော ဆရာမ ဒေါ်စန္ဒီဝင်း မှ Consumer Call Center (1535) လိုင်းခွဲ()သို့ ဖုန်းခေါ်ဆို၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ