Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆေးပစ္စည်းအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

     ၄.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်အတွင်းရှိ ရာသက်ပန်ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်၊ ဖိုးလပြည့် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်၊ ချိုချိုဆေးအရောင်းဆိုင်တို့အား ဆေးဝါးပြတ်လပ်မှု မရှိစေရေး၊ စျေးနှုန်းမြှင့်တင်‌ရောင်းချမှု မရှိစေရေးတို့အား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်း ဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းတစ်မျိုးချင်းစီအလိုက် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ၊ စံမမှီ ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ၊ စျေးကွက်အတွင်း ဆေးဝါးပြတ်လတ်မှု ရှိ/မရှိ တို့အား စစ်ဆေးဆောင်ရွက်ခဲ့သည်။

          မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆေးဝါးပြတ်လပ်မှု မရှိကြောင်းနှင့် စျေးနှုန်းစျေးကွက်တည်ငြိမ်လျှက်ရှိပြီး ပှံမှန်အတိုင်း ရောင်းဝယ်ဖောက်ကား လျက်ရှိကြောင်း သိရှိရပါသည်။

                          DOCA (မွန်)

မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်များတွင် စားအုန်းဆီရောင်းချနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး

    ၄.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်မှာကြားချက်ဖြင့် ဦးစီးအရာရှိ ဒေါ်ငြိမ်းမြတ်ကျော်နှင့် ဝန်ထမ်းများသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်များတွင် စားသုံးသူ ပြည်သူများသို့ စားအုန်းဆီ ရောင်းချပေးနေမှု များအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ၊ စျေးနှုန်း မှန်ကန်မှု ရှိ/မရှိ၊ အရေအတွက်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ချိန်အတွင်းရောင်းချခြင်း ရှိ/ မရှိ တို့အား ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲတာဝန်ခံမှ ဆန်စပါးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

       ၄.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲတာဝန်ခံသည် ပြည်နယ် ဦးစီးမှူးရုံး၌ ဆန်စပါးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

      ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံ ခန့်ခွဲမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ဆန်စပါးလုပ်ငန်းကိုလုပ်ကိုင်ပါက မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice Online- MyRo) တွင် သိုလှောင်ရုံမှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီးပါက ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများကို လစဉ် လဆန်း (၁ ရက်မှ ၇) ရက်အတွင်း ထည့်သွင်းရမည်ဖြစ်ကြောင်း၊ သိုလှောင်ရုံသက်တမ်းကုန်ဆုံးပါကလည်း သိုလှောင်ရုံသက်တမ်းတိုးခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် လိုအပ်သော စာရွက်စာတမ်းများနှင့် MyRo တွင် ဖြည့်သွင်းမှုအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်တာဝန်ခံသည် “ရွှေဇင်ယော်” သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

       ၃.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ‌ဒေါ်ထက်ထက်နွေဦးသည် “ရွှေဇင်ယော်” သောက်ရေသန့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ကြောင်း သိရသည်။

          အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ချောင်းဆုံမြို့နယ် တာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်း အမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာ ဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အ.မ.က (ကုက္ကိုတန်း)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

     ၂.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံ မြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မုဒုံမြို့၊ အ.မ.က (ကုက္ကိုတန်း) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟော‌ပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးမှ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့်အချက်များ၊ စားသုံးသူထိခိုက်နစ်နာ ဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား ဟောပြောဆွေးနွေးခဲ့ပြီး ‌ဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၅) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦး တက်‌ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံ စားသောက်ကုန်စည်များရောင်းချပေးခြင်းကို ၃.၁၂.၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင်  ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

   ထိုသို့ရောင်းချရာတွင် အခြေခံစားသောက်ကုန်စည်များဖြစ်သည့် စားအုန်းဆီတစ်ပိဿာ ရည်ညွှန်းစျေး (၆၉၄၆)ကျပ်၊ ကြက်ဥ(၄)လုံး (၁၅၀၀)ကျပ် စသည်တို့ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ စျေးရောင်းချခြင်းကို စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး နှင့်စျေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်သာချောင်ချိရေးဆိုင်တွင် ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

DOCA (မွန်)

COVID-19 ချေးငွေနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခြင်း

     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ၂ ထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော COVID-19 ချေးငွေနှင့်ပတ် သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြား ခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူးတို့မှ COVID-19 ချေးငွေနှင့်ပတ်သက်၍ ဆွေးနွေးပြောကြာခြင်း၊ ဆက်လက်၍ ချေးငွေရယူခဲ့သော လုပ်ငန်းရှင်များမှ ချေးငွေပြန်ဆပ်မှုအခြေအနေများနှင့် စီးပွားရေးရာဝန်ကြီးမှ ချေးငွေပေးဆပ်ရမည့် ကာလနောက်ဆုံးအခြေအနေများအား ပြောကြာခဲ့ပြီး အစည်းအဝေးအား (၁၁း၁၅)အချိန်တွင် ပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့မှ မြိတ်မြို့သို့ တင်ဆောင်ထွက်ခွာမည့်စက်လှေအား စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခြင်း

 

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့၊ နံနက် (၉း၃၀) နာရီအချိန်တွင် စားသုံးသူ‌ရေးရာဦးစီးဌာန မှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ထားဝယ်မြို့ဆိပ်ကမ်းရှိ ဝင်းဖူးခိုင်တံတားမှ မြိတ်မြို့ သို့တင်ဆောင်ထွက်ခွာမည့် (အောင်သိန်းမင်း-၁) စက်လှေအား တရားမဝင်ကုန်စည်များ တင်ပို့မှုမရှိ စေရေး သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်‌‌ရေးအကြောင်း ဟောပြောခြင်း

 ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့၊မြောင်းပုလဲရပ်၊ အမှတ်(၆)အခြေခံပညာအထက်တန်း ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ စားသုံးသူကာကွယ်‌ရေးဥပဒေများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ လိုက် နာရမည့် အချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော် ပြခြင်းဆိုင်ရာများအကြောင်းများ‌ ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

 DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခြင်း

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့၊ ညနေ (၄း၁၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    တွေ့ဆုံရာတွင် လုပ်ငန်းရှင်များမှ လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဦးစီးမှူးမှ လိုအပ်သည်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ