
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦး မြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်း များကို အားကြိုးမာန်တက် လုပ်ဆောင်လျက်ရှိရာ ၂.၄.၂၀၂၆ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်တန်းစာရေး ဦးခွန်ကျော်ဝင်းထွန်းတို့သည် မိတ်ဖက်ဌာနများနှင့်အတူ ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦးမြို့မဈေးအတွင်းရှိ (Consumer Pack) အမှတ်တံဆိပ်ပါ စားသုံးဆီ အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်တန်းစာရေး ဦးခွန်ကျော်ဝင်းထွန်းတို့ သည် မိတ်ဖက်ဌာနများဖြစ်သော ဒိုက်ဦးမြို့မဈေးတာဝန်ခံတို့နှင့်အတူ ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦးမြို့မ ဈေးအတွင်းရှိ ကုန်စုံဆိုင်များအား (Consumer Pack) အမှတ်တံဆိပ်ပါ စားသုံးဆီ အမျိုးမျိုးတို့ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်ရန် လိုအပ်ကြောင်း၊ သတ်မှတ်ထားသော သတ်မှတ်ရည်ညွှန်း ဈေးအတိုင်းသာ ရောင်းချရန်၊ အလေးချိန်၊ အချင်အတွယ် မှန်ကန်စွာ ရောင်းချ ပေးရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန် အသိပညာပေး စစ်ဆေးခဲ့ပါသည်။ ဈေးကွက် စောင့်ကြည့် စစ်ဆေးရာတွင် ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦးမြို့မဈေးအတွင်းရှိ (Consumer Pack) အမှတ် တံဆိပ်ပါ စားသုံးဆီ အမျိုးမျိုးတို့အား ရောင်းချသော အရောင်းဆိုင် (ကုန်စုံဆိုင်)များအားလုံး သတ်မှတ်စည်းမျဉ်း စည်းကမ်းများအတိုင်း ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
