Main menu

HighLight News

Powered by Drupal

ကန့်ဘလူမြို့ အမှတ်(၅)(အ.လ.က)ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

        စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက် နံနက်(၀၉:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့၊ အမှတ်(၅)(အ.လ.က)ကျောင်းရှိ ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူတို့အား အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

             တာဝန်ခံဦးမျိုးဝင်းသန်းက ဟောပြောဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံး၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နေရာနှင့် တိုင်ကြားရမည့်ပုံစံများအား အသိပညာ ပေးဟောပြောဆွေနွေးခြင်း၊ မည်သူမဆို အွန်လိုင်းဖြင့်ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း ၊ လုပ်ငန်းရှင်များအနေဖြင့် Online မှတ်ပုံ တင်ခြင်းနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ Online မှတဆင့်ဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့် အချက်များကို  ဟောပြောဆွေးနွေး အသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ရက်နံနက်(၀၈:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်မှ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ  စားသုံးသူပြည်သူများကို စားအုန်းဆီလက် လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ဈေးနှုန်းမှန်ကန်မှုရှိ/ မရှိနှင့် စားအုန်းအရည်အသွေးတို့အား စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် လက်လီအရောင်းဆိုင်များမှတဆင့်  စားသုံးသူပြည်သူများသို့ တစ်ဦးလျှင်(၅၀)ကျပ်သားနှုန်း ရောင်းချပေးလျက်ရှိကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်သို့ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက် မွန်းလွဲ(၁၅:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် ဆီကိုယ် စားလှယ်၏ မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၁၅)ပေပါ(သို့) (၁၆၅၀)ပိဿာ ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်ှ ခွဲတမ်းရရှိလာ သောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် စားအုန်းဆီလက်လီ/လက္ကားဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ခွဲတမ်းရရှိသော စားအုန်းဆီ လက်လီ/လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

စပါးစိုက်တောင်သူနှင့် တွေ့ဆုံဆွေးနွေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းမြို့နယ်တာဝန်ခံနှင့် စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း (၁)ဦး တို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင်  စစ်ကိုင်းမြို့နယ်၊ နှစ်(၇၀၀)ကွင်းအတွင်း ကျင်းပပြုလုပ်သော ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ) ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သွင်းအားစု ပုလဲဓာတ်မြေဩဇာ(Urea)နှင့် ဒီဇယ်ဆီပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်လာသော စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်၊ ကုန်းရွာရှိ ဧရာမင်းစပါး (၆) ဧက စိုက်ပျိုးထားသော တောင်သူ ဦးကျော်ဆန်းနှင့် စစ်ကိုင်းမြို့နယ်၊ ဗြဲတရော်ကျေးရွာရှိ ဆင်းသုခစပါး (၃)ဧကစိုက်ပျိုးထားသော တောင်သူဦးဟန်တင်တိုနှင့်တွေ့ဆုံ၍ စပါးစိုက်ပျိုးထွက်ရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ရာ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်၊ ကုန်းရွာတွင် စပါးစိုက်ဧက (၆၀၀) နှင့် အထက်ရှိပြီး တစ်ဧကလျှင် (၈၀) တင်းနှုန်းထွက်ကြောင်း၊ ဧရာမင်းစပါးတစ်တင်းလျှင် (၂၆၀၀ဝိ/-)  ဈေးနှုန်းဖြင့်လည်းကောင်း၊ စစ်ကိုင်းမြို့နယ်၊ ဗြဲတရော်ကျေးရွာတွင်  စပါးစိုက်ဧက (၅၀၀) နှင့်အထက် ရှိပြီး တစ်ဧကလျှင် (၈၀ မှ ၁၀၀) တင်းနှုန်းထွက်ရှိကြောင်း၊ ဆင်းသုခစပါးတစ်တင်းလျှင် (၂၀၀၀ဝိ/-) ဈေးနှုန်းဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်ကြောင်း  သိရှိရပါသည်။

 DOCA(စစ်ကိုင်း)

ကလေးဝမြို့တွင် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားရှိမှု ရှိ/မရှိ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်း

              ( ၂.၇.၂၀၂၅ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ကလေးဝမြို့၊ အမှတ် ( ၂ ) ရပ်ကွက်အတွင်းရှိ ဆန်နှင့် ဆန်ထွက်ပစ္စည်းရောင်းချသည့် ဒေါ်စန်းစန်းထွေးဆိုင်သို့ သွားရောက်၍ ဦးကျော်ကျော်မိုး ( မြို့နယ်တာဝန်ခံ ) မှ ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်ဟု သိရှိရပါသည်။

              စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်ကျော်မိုး ( မြို့နယ်တာဝန်ခံ ) အနေဖြင့် မိမိတိုဆိုင်တွင် ဆန်များရောင်းချရာ၌ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ရန်နှင့် ဆန်များချင်တွယ်ရောင်းချရာတွင်လည်း အချင်အတွယ်များအား ပြည့်မှီစွာ ရောင်းချရန် ပြောကြားခဲ့‌ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနားပြုလုပ်ကျင်းပ

             ( ၂.၇.၂၀၂၅ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ စုပေါင်းရုံးခန်းမတွင် ( ၃.၇.၂၀၂၅ ) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်း အမှတ်အဖြစ် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဆုရရှိသည့် ကျောင်းသား/သူများ၊ ဆရာ/မများနှင့် ကျောင်းသားမိဘများ၊ ကပြဖျော်ဖြေပေးကြသည့် အကအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါအခမ်းအနားတွင် ခရိုင်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်နီလာခိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/သူများ၊ ကပြဖျော်ဖြေပေးကြသည့် အကအဖွဲ့များအား ဆုချီးမြှင့်ပေးခဲ့ပြီး မြို့မိ၊ မြို့ဖအဖွဲ့မှလည်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မအူပင်မြို့နယ်ရှိ ဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

            ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ၇.၇.၂၀၂၅ နေ့၊ နံနက်ပိုင်းက သတ်မှတ်ရည်ညွှန်းစျေးဖြင့် စားဆီရောင်းချရေးအတွက် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးပူးပေါင်းအဖွဲ့ဖြစ်သော မြို့နယ်စီမံအုပ်ချုပ်ရေးကောင်းစီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲတို့ပါဝင်ပြီး မအူပင်မြို့နယ် လက်လီ/ လက်ကားဆီဆိုင် (၈)ဆိုင် အား သတ်မှတ်စည်းကမ်းချက်များနှင့်အညီရောင်းချခြင်း ရှိမရှိကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

         စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနက ဦးအောင်ဇော်ဦး ဒုခရိုင်ဦးစီးမှူးက စားအုန်းဆီ လက်ကား/ လက်လီအရောင်းဆိုင်များမှ ဆီရောင်းချရာတွင် ရည်ညွှန်းဈေးနှုန်းများဖော်ပြ၍ ရောင်းချမည့် ဆီပိဿာများကို မြင်သာသောနေရာတွင် ချိတ်ဆွဲကာဗီနိုင်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်ရက်များအတွင်း ဆီစာအုတ်ဖြင့် ဝယ်ယူထားရှိမှု စာရင်းများကို တိုက်ဆိုင်စစ်ဆေးခြင်း၊ ရည်ညွှန်ဈေးထက်ကျော်လွန်ရောင်းချသူများအား သတိပေးစာဖြင့် အရေးယူဆောင်ရွက်ခြင်း၊ ဆီစာအုတ်များ ပျက်စီးပျောက်ဆုံးခြင်းဖြစ်ပေါ်ဘာပါက  ဆီဆိုင်များမှ မှန်ကန်ကြောင်းထောက်ခံစာ ပေးနိုင်ရန် အသိပေးဆောင်ရွက်ခြင်း၊ ဝယ်သူနှင့် ရောင်းချသူများအကြား တိုင်ကြားခြင်းမျိုး မရှိစေရန် ပညာပေးပြောကြားခဲ့ပြီး၊ မအူပင်ဈေးကွက်အတွင်း ဆီဆိုင်များ သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမျိုးကို စစ်ဆေးတွေ့ရှိရပြီး ကုန်ဈေးနှုန်းတည်ငြိမ်းရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် အသိပေးပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်တွင် ရောင်းချနေသော အလှကုန်ပစ္စည်း အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ (၈-၇-၂၀၂၅)ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် ပန်းတနော် အနောက်ပိုင်းရပ်ကွက် မြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်းဆိုင်(၆၅နှင့်  မြို့မဈေးရှိ အလှကုန်ပစ္စည်းရောင်းချ သောဆိုင်(၇) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများကို တင်သွင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် စစ်ဆေးရေးအရာရှိများက လက်လီ/လက်ကား ရောင်းချဖြန့်ဖြူးနေသော အလှကုန်ပစ္စည်းဆိုင်များတွင် ကုန်အမှတ်တံဆိပ်များ၊ အလှကုန်ပစ္စည်းများကိုတုပ၍ တရားမဝင်ဖြန့်ဖြူး ရောင်းချနေခြင်းရှိ/မရှိ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါရှိခြင်းရှိ/ မရှိနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သတင်းအချက်အလက် ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး တားမြစ်အလှကုန်များရောင်းချခြင်း၊ သတ်တမ်းလွန်အလှကုန်များရောင်းချခြင်း၊ တရားမဝင်အလှကုန်များရောင်းချခြင်းနှင့် ကုန်ညွှန်းအမှတ်အသားမပြည့်စုံသော အလှကုန်များ မြို့နယ်ဈေးကွက်အတွင်း ရောင်းချခြင်းမရှိစေရန် ပညာပေးခဲ့ပြီး ဈေးကွက်အတွင်း စစ်ဆေးဆောင်ရွက်သည့်အခါ စစ်ဆေးတွေ့ရှိပါက FDAဌာန၏ ဥပဒေ၊ စားသုံးသူရေးရာဦးစီးဌာန၏ ဥပဒေများ၊ တရားမဝင်တင်သွင်၊ ဖြန့်ဖြူးရောင်းချမှု ဥပဒေများအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းကို ရှင်းလင်းအသိပေးခဲ့ပြီး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်၌ ဆေးဆိုင်ကြီးများအား  ဆေးဝါး ဈေးနှုန်းကြီးမြင့်မှု ရှိ/မရှိနှင့် ဆေးပြတ်လပ်မှု ရှိ/မရှိ စစ်ဆေးခြင်း

           မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အတွင်းရှိ ဆေးဂိုဒေါင်များနှင့် ဆေးဆိုင်ကြီးများတွင် ဆေးပစ္စည်းပြတ်လပ်မှုရှိ/ မရှိ ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းထက် စျေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိကို ၇-၇-၂၀၂၅ ရက်နေ့နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

             ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ရှိသူများက ပန်းတနော်မြို့နယ်အတွင်း အရှေ့ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်နျင့် အနောက်ပိုင်းရပ်ကွက်အတွင်း ရှိ ရောင်းချနေသော ဆေးဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ ကျန်းမာရေး သုံးဆေးဝါးဈေးနှုန်းများ၊ ဆေးပြန်လပ်မှု ရှိ/မရှိဆေးဆိုင်များ လိုင်စင် ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း၊ ဆေးဝါးရောင်ချသည့် လိုင်စင်ကို ဆိုင်အပြင်ဘက်တွင် ချိတ်ဆွဲထားရှိမှုရှိ/ မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ပန်းတနော်မြို့နယ်အတွင်း ရောင်းချနေသော ဆေးဆိုင်များ သတ်မှတ်ချက်နှင့် အညီရောင်းချလျက်ရှိပြီး ရန်ကုန်မှ ဆေးများ မှာယူရောင်းချကာ ရန်ကုန်အထိုင်ဈေးအပေါ် သင့်တင့်သော ဈေးနှုန်းဖြင့်သာ ပြန်လည်ရောင်းချပြီး၊ တိုင်းရင်ဆေးအမျိုးမျိုးတွင် လိုင်စင်သတ်တမ်းနှင့် ထောက်ခ့ချက် ခွင့်ပြုချက်ပါသော ဆေးမျိုးကိုသာရောင်းချလျက်ရှိပြီး ဆေးများ မှာယူရ အဆင်ပြေလျက်ရှိကြောင်း မြို့နယ်တွင်း ဆေးများပြတ်လပ်မှုမရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်ရှိ လက်ကား ဆန်ဆိုင်ကြီးများအား သတ်မှတ်ချက်များနှင့် အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

             မအူပင်ခရိုင်၊ ပန်းတနော်မြို့အတွင်းရှိ ဆန်ဂိုဒေါင်များနှင့်ဆန်ဆိုင်ကြီးများအား ဆန်စျေးနှုန်းများ မြင့်တက်မှုမရှိစေရေး စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရန် သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/ မရှိစေရေး၊ ဇူလိုင်လ သတ်မှတ်ရည်ညွှန်းဈေးဖြင့် သင့်တင်သော ရာခိုင်နှုန်းဖြင့် ရောင်းချခြင်း ရှိမရှိကို (၆-၇-၂၀၂၅) ရက်နေ့ နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တို့ပူးပေါင်း၍ လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့ပေါ်(၅)ရပ်ကွက်ရှိ ဆန်ဂိုဒေါင်များ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ပြီး  ပန်းတနော်မြို့နယ်မှ တာဝန်ရှိသူများက ဆန်ဆိုင်မှ ဆန်ဈေးနှုန်း စာရင်းများ၊ ရောင်းချသည့် ဆန်အမျိုးအစားများ၊ ဆန်လက်ကျန်စာရင်းများ၊ ဆန်ဝယ်ယူရောင်းချမှု အခြေအနေများကို မေးမြန်းဆောင်ရွက်ခဲ့ပြီး ဇူလိုင်လ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိကို စစ်ဆေးခြင်း၊ မှတ်ပုံတင်သတ်တမ်းတိုးဆောင်ရွက်ရန်ရှိပါက သတ်တမ်းတိုး ဆောင်ရွက်နိုင်ရန် ကိုလည်းကောင်း မှာကြားပြီး ဆန်များအားသတ်မှတ်ထားသည့် စျေးနှုန်းထက် ကျော်လွန်ရောင်းချခြင်းမပြုလုပ်ရန် အသိပေးပြောကြား၍ ဆန်ဆိုင်များ ဈေးနှုန်း တည်ငြိမ်စွာရောင်းချနိုင်ရေးကို ဌာနဆိုင်ရာများနှင့်အတူ လစဉ် စစ်ဆေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News