Main menu

HighLight News

Powered by Drupal

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောဆောင်ရွက်ခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးသ် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

          ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောဆောင်ရွက်ခြင်း()ကြိမ်ဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့ နံနက်(၀၈း၃၀)နာရီအချိန်တွင်  ကျွန်းလှမြို့နယ်၊  တင်းတိန်ရံကျေးရွာ အလယ်တန်းကျောင်းတွင်  စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ()ကြိမ်၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၀၉၀၀)နာရီအချိန်တွင်  ကျွန်းလှမြို့နယ်၊  ကျောင်းအင်းကျေးရွာ မူလတန်းကျောင်းတွင်  စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ()ကြိမ် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပြီး စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူကာကွယ်ရေး၏ အဓိပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အဓိပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူများအနေနဲ့ စားသုံးသူအခွင့်အရေး()ချက်၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် တာဝန်()ချက်၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့်အညီ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့် အညီ သိသာထင်ရှားစွာဖော်ပြရမည့် အသေးစိတ် စိစစ်ချက်များကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ကြောင်း တိုင်ကြားနိုင်သည့် နေရာများအား အကျယ်တဝင့် ရှင်းလင်းပြေားကြားခဲ့ပြီး အမိန့်ကြော်ငြာ စာအမှတ် (/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးသည့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

       ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့ နံနက်(၀၈း၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ “နှင်းမိုးလှိုင်” ကိတ်နှင့် ပေါင်မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း(၁)ကြိမ် ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံက ကိတ်မုန့် ပေါင်မုန့်များ ထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍   ကုန်ကြမ်းဝယ်ယူရရှိမှုအခြေအနေ၊ ထုတ်လုပ်ရောင်းချသည့်မုန့်များကို ပို့ဆောင်ရောင်းချမှုအခြေအနေ ဈေးနှုန်း/ ဈေးကွက်အခြေအနေတို့ကို မေးမြန်းပြီး ကိတ်မုန့်၊ ပေါင်မုန့်နှင့် ပတ်သက်၍ အမိန့်ကြော်ငြာ စာအမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များအတိုင်း ထည့်သွင်းဆောင်ရွက်ထားခြင်းရှိ/ မရှိစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားသည် မုန့်များစစ်ဆေးတွေ့ရှိရသလို ထပ်မံတိုးချဲ့သည့် မုန့်များကိုလည်း ဒုတိယအကြိမ် ကုန်အညွှန်းအမှတ်အသားလျှောက်ထားဆောင်ရွက်နိုင်အောင် ကူညီဆောင်ရွက်ပေးခြင်း လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်တိုင်း သိရှိလိုက်နာဆောင်ရွက်ရမည့် ပြစ်မှု/ ပြစ်ဒဏ်များအကြောင်း ဆက်လက်ပြီး စီးပွားရေးလုပ်ငန်းရှင်များကို Online စနစ်ဖြင့် ရောင်းချနေခြင်းရှိပါက Online မှတ်ပုံတင် ခြင်းလုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ Online Sales မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများလုပ်ကိုင်ရန်အတွက် အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့တွင် ထုတ်ပြန်ထားပြီး  အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆)လ ပြည့်မြောက်သည့်နေ့မှစ၍ မှတ်ပုံတင် အသက် ဝင်လာပြီး မှတ်ပုံတင်မရှိဘဲ Online Sales ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လ(၂)ရက်နေ့တွင် စတင်အသုံးပြုခဲ့တာဖြစ်ကြောင်း၊ မှတ်ပုံတင်ရာမှာ ပူးတွဲ တင်ပြရမည့် အချက်များအကြောင်းနှင့် မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး အမိန့်ကြော်ငြာ စာအမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား အသေးစိတ် စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့၊ လေးကျွန်းမြေအုဋ်ကျောင်း၌ မင်းကွန်းကျေးရွာမှ လာရောက်ဖွင့်လှစ်သော ပရဟိတ ပညာရေးအကယ်ဒမီကျောင်းသို့ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ ဟောပြော

         စစ်ကိုင်းမြို့၊ လေးကျွန်းမြေအုဋ်ကျောင်း၌ မစိုးရိမ်ကျောင်းတိုက်မှဆရာတော်ဦးစီးပြီး မင်းကွန်းကျေးရွာမှ လာရောက်ဖွင့်လှစ်သော ပရဟိတပညာရေးအကယ်ဒမီကျောင်းသို့ နိုဝင်ဘာလ ၂၄ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ရာ ဆရာ/ဆရာမ (၃)ဦးနှင့် ကျောင်းသူ/ ကျောင်းသား (၁၁၂ )ဦး စုစုပေါင်း (၁၁၅)ဦး တက်ရောက်ခဲ့ပါသည်။

          စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူရေးရာဦးစီးဌာန၊ ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကိုပြောကြားပြီး၊ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်(၉)ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ၈၄ခု ပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၉) ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်(၈) ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)ပါ ပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၇)နှင့် ပုဒ်မ(၆၈)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website လိပ်စာမှာ www.doca.gov.mm တို့ဖြင့် ဖြစ်စေ၊  Call Center နံပါတ် 1535 တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး (၁)ဦးမှာ Call Center နံပါတ် 1535ဖြင့် နေပြည်တော်(ရုံးချုပ်)သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

           စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပြည်သူ့ရင်ပြင်တွင် MSME ဈေးရောင်းပွဲတော်အား ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ (၅)ရက်ကြာ ကျင်းပသွားမည်ဖြစ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ (၁၉.၁၁.၂၀၂၅)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ (၁) တွင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်းအစည်း ကျင်းပခဲ့ပါသည်။

        အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုအစည်းအဝေးသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ကို  (၁၀၀)ကျော်က ဆိုင်ခန်းများဖွင့်လှစ်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် နာမည်ကြီးအဆိုတော် (၅)ဦးဖြင့် ဖျော်ဖြေသွားမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးမှ MSME လုပ်ငန်းရှင် (၆) ဦးနှင့်ချိတ်ဆက်၍ ဒေသတစ်ခုထုတ်ကုန် တစ်ခုဖြစ်သော ဒေသထွက် ရွှေဘိုပေါ်ဆန်း၊ အရာတော်သနပ်ခါး၊ ဟုမ္မလင်းလက်ဖက်၊ ကလေးနေကြာဆီ၊ ချင်းရိုးရာနှင့်တမူးဒေသထွက် ကုန်ပစ္စည်းများအပါအဝင် ပြခန်း(၆)ခန်းတာဝန်ယူ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ နိုဝင်ဘာလအတွင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နိုင်မှုအခြေအနေ

         စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့် အခွင့်အရေးများကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ လစဉ်စား သုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲများကို ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့နယ်၊ နတ်ပေးကျေးရွာရှိ (အ.လ.က)ကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံဒေါ်ဝေဝေအောင်အနေဖြင့် ကျွန်းလှမြို့နယ်၊ တင်းတိန်ရံကျေးရွာရှိ (အ.လ.က‌)ကျောင်းနှင့် ကျွန်းလှမြို့နယ်၊ ကျောင်းအင်းရွာ (အ.မ.က)ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း အသိပညာပေးဟောပြောပွဲများဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များကိုလည်းကောင်း၊ ကုန်စည်များကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကိုသေချာစိစစ်ကြရန် လိုအပ်ကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူနစ်နာ ဆုံးရှုံးမှုဖြစ်ခဲ့လျှင် စားသုံးသူရေးရာဦးစီး ဌာန၏ Facebook Page၊ DOCA Myanmar Mobile Application၊ ဌာန၏ Website၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်များတွင် ဖွင့်လှစ်ထားသည့် (CICC)များကို လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ Consumer Call Center 1535ကို ခေါ်ဆို၍တိုင်ကြားနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း Online မှတ်ပုံတင်ခြင်းနှင့်ပတ် သက်၍ သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ Onlineမှတဆင့်ဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့်အချက်များကို ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ပြီး  လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ နိုဝင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEsလုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလအတွင်း ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရှိုင်းမုန့်မျိုစုံလုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆောင်ရွက်ရမည့်အစီအမံများ၊ အမိန့်နှင့်ညွှန်ကြားချက်များထုတ်ပြန်ထားမှုဆိုင် ရာတို့ကိုရှင်းလင်းပြောကြားပြီး လိုက်နာဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ နှင်းမိုးလှိုင်ကိတ်နှင့် ပေါင်မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ ထည့်သွင်းဖော်ပြနိုင်ရေး ရှင်းလင်းပြောကြားအသိပညာပေး ဆွေးနွေးခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်းနှင့် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ နိုဝင်ဘာလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း  ဆောင်ရွက်နိုင်မှုအခြေအနေ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ခုနှစ် နိုဝင်ဘာလအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ကာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သော ကုန်စည်များနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်များ၏ ဘေးအန္တရာယ်ရှိ/ မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်းကို ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်များနှင့် ကန့်ဘလူမြို့၊မြို့မဈေးရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည်ဖြင့်စုစုပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ ကျွန်းလှမြို့နယ်အနေဖြင့် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ ဆေးပစ္စည်းနုင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ် ကွက်ရှိ စက်သုံးဆီရောင်းဝယ်ရေးဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၁)ကြိမ်နှင့် ကျွန်းလှမြို့ ၊ သစ်ရာမြိုင်ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့် ထုတ်ပြန်ထားသည့်ကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ စားအုန်းဆီအရောင်းဆိုင်(၂) ဆိုင်အား ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် စစ်ကိုင်းခရိုင် စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ  ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မန္တလေးမြို့ရှိ Mandalay Global Network Distribution  ကုမ္ပဏီမှ ခွဲတမ်းရရှိသော စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ  စားအုန်းဆီအရောင်းဆိုင် (၂ ) ဆိုင်ဖြစ်သော စစ်ကိုင်းဆီဆိုင်နှင့် လင်းလင်းဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စစ်ကိုင်းဆီဆိုင်နှင့် လင်းလင်းဆီဆိုင်များအနေဖြင့် သတ်မှတ်ပေးထားသည့် ရည်ညွှန်းဈေး စားအုန်းဆီ တစ်ပိဿာ (၇၆၀ဝိ/-) ဖြင့်စစ်ကိုင်းဆီဆိုင်မှ ဒါးဝယ်ဈေးရပ်ကွက်နှင့် လင်းလင်းဆီဆိုင်မှ ဆွမ်းချက်၊ စီတီးနှင့် ပုဂံရပ်ကွက်များသို့ စာအုပ်စနစ်ဖြင့်  ရောင်းချကြောင်း၊ နေ့အလိုက် သတ်မှတ်ပေးထားသော ဗီနိုင်းလ်များနှင့် မှန်(၆)မှန်(စာရင်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက်မှန်၊အချိန်အတွယ်နှင့် အရည်အသွေးမှန်) ဗီနိုင်းများချိတ်ဆွဲထားကြောင်း တွေ့ရှိရပြီး သတ်မှတ်ထားသောရည်ညွှန်းဈေးထက် ဈေးမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ တရားစွဲဆိုမည်ဖြစ်ကြောင်း၊ ပြည်သူစားအုန်းဆီ (၂%) နှင့် စက်မှုလုပ်ငန်းသုံးစားအုန်းဆီ များအား ခွဲခြားပြီးဖြန့်ဖြူးရန်နှင့် မြင်သာသော ဗီနိုင်းလ်များချိတ်ဆွဲ၍ ရောင်းချမည့်ဈေးနှုန်းများ ချိတ်ဆွဲထားရန်၊ အစိုးရဌာနများက မေးမြန်းမှုရှိသောအခါ ဂဃနဏ ရှင်းပြနိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်ရှိ စားသုံးသူများမှ Consumer Call Center (1535)သို့ဖုန်းခေါ်ဆို

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ် တာဝန်ခံဦးမျိုးဝင်းသန်းသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးဟောပြောပွဲ၊ လုပ်ငန်းရှင်တွေ့ဆုံခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

       အဆိုပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ သိရှိလိုသည်များကို Consumer Call Center (၁၅၃၅)ကို ရုံးဖွင့်ရက်များမှာ ရုံးချိန်အတွင်း ဖုန်းခေါ်ဆိုမေးမြန်းနိုင်ကြောင်း၊ အသိပညာပေးလျက်ရှိရာ (၂၆.၁၀.၂၀၂၅) ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စားသုံးသူပြည်သူတစ်ဦးက Consumer Call Center (၁၅၃၅) လိုင်းခွဲ(၁)အား ဖုန်းခေါ်ဆို၍ စားသုံးသူ၏ အခွင့်အရေးများနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းအား ဖုန်းခေါ်ဆိုမေးမြန်းခဲ့ရာ  Consumer Call Center မှတာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကမ္ဘောဒီးယားနှင့် အစ္စရေးနိုင်ငံတို့သည် ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် ကတိပြု

          ကမ္ဘောဒီးယားနိုင်ငံနှင့် အစ္စရေးပါလီမန်ချစ်ကြည်ရေးအဖွဲ့တို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အသစ်များကို စူးစမ်းလေ့လာရန် အထူးသဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေးတို့ကို အဓိကထား လုပ်ဆောင်ရန် တောင်းဆိုထားသည်။ ကမ္ဘောဒီးယား-အစ္စရေး အမျိုးသားလွှတ်တော် ချစ်ကြည်ရေးအဖွဲ့ ဥက္ကဋ္ဌ Keo Piseth သည် ၂၆-၁၁-၂၀၂၅ ရက်နေ့က အမျိုးသားလွှတ်တော်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး Alona Fisher-Kamm နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် မဟာဗျူဟာများကို ဆွေးနွေးခဲ့ကြသည်။ လွှတ်တော်ချစ်ကြည်ရေးအဖွဲ့သည် နှစ်နိုင်ငံနှင့် ဘက်စုံအဆင့် နှစ်ခုလုံးတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ အုပ်ချုပ်ရေးဌာန၏ သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးပေးကြောင်း Alona Fisher-Kamm က အလေးပေးပြောကြားခဲ့သည်။ Piseth က “ကမ္ဘောဒီးယားနှင့် အစ္စရေးအကြား ကုန်သွယ်မှုသည် အကန့်အသတ်များစွာရှိပြီး နှစ်နိုင်ငံအစိုးရများသည် ကုန်သွယ်ရေးကိုမြှင့်တင်ရန် သဘောတူညီချက်အသစ်များကို ညှိနှိုင်းဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။  အစည်းအဝေးတွင် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံဆွေးနွေးခဲ့ပြီး Piseth က အစ္စရေးနိုင်ငံအနေဖြင့် ကမ္ဘောဒီးယား ကျောင်းသားများအတွက် အထူးသဖြင့် စိုက်ပျိုးရေးနှင့် အခြားဦးစားပေး ကဏ္ဍများတွင် ပညာသင်ဆုများ ဆက်လက်ပေးအပ်ရန် တောင်းဆိုခဲ့သည်။ သံအမတ်ကြီး Fisher-Kamm က နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာစေရန်အတွက် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်ရန်နှင့် ပြည်သူချင်းဆက်ဆံရေးကို မြှင့်တင်ရန်လည်း ကတိပြုခဲ့သည်။ နှစ်ဖက်စလုံးက ဤကြိုးပမ်းအားထုတ်မှုများသည် ကမ္ဘောဒီးယား-အစ္စရေး ဆက်ဆံရေးကို ပိုမိုမြင့်မားသောအဆင့်သို့ မြှင့်တင်ရန်ရည်ရွယ်ပြီး နှစ်နိုင်ငံလုံးအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများ ယူဆောင်လာနိုင်သည့် ပူးတွဲလုပ်ဆောင်မှုများကို အားပေးအားမြှောက်ပြုရန် ရည်ရွယ်ကြောင်း အလေးပေးပြောကြားခဲ့သိဟု သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News