Main menu

HighLight News

Powered by Drupal

စက်ဆီ/ ချောဆီ များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊  မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂၃..၂၀၂) ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ စက်ဆီ/ ချောဆီရောင်းချသည့် ဆိုင်များအား မိတ်ဖက်ဌာနများနှင့်အတူ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့ပေါ်ရှိ စက်ဆီ/ ချောဆီရောင်းချနေသော မြတ်ဆိုင်ကယ် အပိုပစ္စည်းအရောင်းဆိုင်၊ ထိုက် ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်၊ ကိုသူရ စက်ဆီ/ ချောဆီ အရောင်း ဆိုင်(၃)ဆိုင်မှ ရောင်းချနေသော ကုန်စည်များတွင် PPRTမှ ခွင့်ပြုထားခြင်းရှိ/ မရှိ၊ တရားဝင်တင် သွင်းထားသောကုန်စည်များ ရောင်းချခြင်းရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှုရှိ/ မရှိကို စစ်ဆေးခဲ့ကြပါသည်။ ဆက်လက်၍ ဆိုင်ရှင်များကိုလည်း ကုန်အညွှန်အမှတ်အသား သတ်မှတ်ချက်ပြည်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များကို မရောင်းချရန်၊ ဌာနတို့၏ တားမြစ်ကုန်စည်များကိုလည်း မရောင်းချရန်နှင့် သတ်မှတ်ချက် စည်းကမ်းများနှင့် မကိုက်ညီသော ကုန်စည်များကို ရောင်းချခြင်း မျိုးစစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်ခြင်း၊ ပြစ်မှု၊ပြစ်ဒဏ်များ ခံရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်တို့လိုက်နာရမည့်တာဝန်များ၊ စစ်ဆေးရေးအရာရှိတို့၏ လုပ်ငန်းတာဝန် များအကြောင်းကို ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စိုက်ပျိုးရေးသုံး ဓါတ်မြေဩဇာဆိုင်များအား ဈေးကွက်စောင့်ကြည့်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် မြို့နယ်ဦးစီးမှူးရုံး၌ (၂၃..၂၀၂) ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် ဓါတ်မြေဩဇာအရောင်းဆိုင်များမှ မြေဩဇာများအား ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါဝင်ခြင်း ရှိမရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိ/ မရှိ ကိုစစ်ဆေးခြင်း၊ စိုက်ပျိုးရေးတောင်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အထောက်အကူဖြစ်စေရန် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရောင်းချကြရန်၊ စားသုံးသူများအနေဖြင့် ကုန်စည်ကို ဝယ်ယူအသုံးပြုရာတွင် ကုန်စည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ရေး၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်အတွင်းရှိ၊ ဂျိုဝါထလွန်ကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကျေးရွာကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

              ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ဂျိုဝါထလွန်ကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်  ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့၊  နံနက် (၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက ဂျိုဝါထလွန်ကျေးရွာရှိစားအုန်းဆီကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

        အဆိုပါတွေ့ဆုံပြောကြားရာတွင် ကျေးရွာအတွင်းရှိအိမ်ထောင်စုဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြားပေးသောဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန်အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့အား ပြောကြားခဲ့ကြောင်းပြီး ဂျိုဝါထလွန်ကျေးရွာရှိ အိမ်ထောင်စု(၇၈၃)အား ဆီစာအုပ် (၇၈၃)အုပ်အား ဖြန့်ဝေပေးပြီ လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်မရောက်မီကုန်စည်များဖြစ်သော “ငွေဆင်ကြီး”အမှတ်တံဆိတ် လက်ဖက်နှင့် အကြော်စုံ လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ( ၁၇ )ရက်နေ့၊ နေ့လယ်(၁၃: ၀၀) နာရီအချိန်တွင် ဈေးကွက်မရောက်မီကုန်စည်ဖြစ်သော ဖျာပုံမြို့မဈေးကြီးအတွင်းရှိ  “ငွေဆင်ကြီး” အမှတ်တံဆိပ် လက်ဖက်နှင့် အကြော်စုံအား ဘေးအန္တရာယ်ရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

         အဆိုပါစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့် အချက်များပါဝင်မှုရှိ/ မရှိ ကြည့်ရှုစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရးဥပဒေပါပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ရန်၊ စားသုံးသူပြည်သူများအား အန္တရာယ်မဖြစ်ပေါ်ရေး၊ ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာစာသားများဖော်ပြပါရှိရေး၊ သက်တမ်းကုန်ဆုံးရက်များထည့်သွင်းရေးသားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဆန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဒေးဒရဲမြို့မဈေးအတွင်းရှိ ဒေါ်အမာနီဆန်ဆိုင်သို့ စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးတို့ပါဝင်သော ပူးပေါင်းအဖွဲ့တို့ဖြင့် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ( ၁၉)ရက်၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆန်များအာ သတ်မှတ်ဈေးနှုန်းထက် ကျော်ယူရောင်းချခြင်းမပြုရန် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

        အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလရည်ညွှန်းဈေးနှုန်းအပေါ် သင့်တင့်မျှတ စွာတွက်ချက်ရောင်းချနေမှုများကို စစ်ဆေးခြင်း၊ ဆန်သိုလှောင်ရုံများ မှတ်ပုံတင်သက်တမ်းပြည့်မြောက်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်ရန် ဆိုင်ရှင်များအားမှာကြားခဲ့ပြီးဒေးဒရဲ   မြို့နယ်မှဆန်စပါးသိုလှောင်ရုံ(၁၀၀)လုံးသက်တမ်းတိုး  ဆောင်ရွက်ပြီးဖြစ်ကြောင်း ကိုဆိုင်ပိုင်ရှင်နှင့် ဆန်ကုန်သည်များအား ပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျုံသွတ်တညီကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကျေးရွာကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

           ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့၊  နံနက် (၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက ကျုံသွတ်တညီကျေးရွာရှိ စားအုန်းဆီကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

       အဆိုပါတွေ့ဆုံပြောကြားရာတွင် ကျုံသွတ်တညီကျေးရွာရှိ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်းရှိအိမ် ထောင်စုဝင် အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြားပေးသောဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့အား ပြောကြားခဲ့ကြောင်းပြီး ကျုံသွတ်တညီ ကျေးရွာရှိ  စားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စာဖတ်ပြည်သူများအား MSME ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြော

           ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စာဖတ်ပြည်သူများအား MSME ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းရှင်များနှင့် လစဉ်တွေ့ဆုံ၍ ထုတ်လုပ်သောကုန်စည်များ အရည်အသွေးကောင်းမွန်စေပြီး ပြည်တွင်းပြည်ပဈေးနှုန်း ဈေးကွက်ရရှိမှု အခြေအနေများ ခေတ်မီစက်ကရိယာများ တပ်ဆင်အသုံးပြုရေး၊ ထုတ်လုပ်မှုနည်းပညာများ ရရှိရေးအတွက် မိမိဌာနနှင့်သက်ဆိုင်ရာဌာနများမှ ဖွင့်လှစ်သောသင်တန်းများ တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးမှုအခြေအနေများကို ဆွေးနွေးဟောပြောခဲ့ပါသည်။

          ထို့ပြင် MSMEလုပ်ငန်းများဆောင်ရွက်ရတာတွင် ထုတ်လုပ်သောကုန်ပစ္စည်းများတွင် မိမိတို့ ဌာနမှ သက်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြနိုင်ရေးအတွက် ဆောင်ရွက်ပေးမှုအခြေအနေများကိုလည်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ တွေ့ဆုံဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးမှ virtual ဖြင့်တက်ရောက်

         စက်တင်ဘာလ ၂၀ ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ် နေပြည်တော်တွင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင် ဦးဆောင်၍ ရုံးချုပ်စီမံရေးရာဌာနခွဲနှင့် နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် စီမံရေးရာဌာနခွဲရှိ တာဝန်ခံ အရာထမ်းများအား ပုံသေပိုင်ကိစ္စရပ်များနှင့် ပတ်သက်၍ Virtaul ဖြင့် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ တက်ရောက်ခဲ့ကြောင်း သိရပါသည်၊၊

            အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်မှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ အလှည့်ကျ တင်ပြဆွေးနွေးခဲ့ပြီး အစည်းအဝေးကို နေ့လယ်(၁၂:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

ဈေးကွက်မရောက်မီကုန်စည်များဖြစ်သော “ရွှေတောင်ထိပ်”အမှတ်တံဆိတ် လက်ဖက်နှင့် အကြော်စုံ လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(  ၁၇ )ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင်  ဈေးကွက်မရောက်မီကုန်စည်ဖြစ်သော ဖျာပုံမြို့၊ နေသူရိန်လမ်းရှိ  “ရွှေတောင်ထိပ်” အမှတ်တံဆိပ် လက်ဖက်နှင့် အကြော်စုံအား ဘေးအန္တရာယ်ရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

         အဆိုပါစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပါဝင်မှုရှိ/ မရှိ ကြည့်ရှုစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရးဥပဒေပါပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ရန်၊ စားသုံးသူပြည်သူများအား အန္တရာယ်မဖြစ်ပေါ်ရေး၊ ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာစာသားများဖော်ပြပါရှိရေး၊ သက်တမ်းကုန်ဆုံးရက်များထည့်သွင်းရေးသားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံ မြို့မဈေးကြီးအတွင်း စားသုံးဆီအရောင်းဆိုင်များ ညွှန်ကြားချက်နှင့် အညီရောင်ချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဉီးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် ဖျာပုံမြို့မဈေးကြီး အတွင်းရှိ စားသုံးဆီအရောင်ဆိုင်များတွင် ညွှန်ကြားချက်နှင့်အညီ ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ရောင်ချနေသောစားအုံးဆီအရောင်းဆိုင်များတွင် ရက်စွဲအလိုက် ဈေးနှုန်းဆိုင်းဘုတ်ချိတ်ဆွဲထားရှိမှုအခြေအနေ ရှိ/မရှိ၊ ဆီအချိန်အတွယ်မှန်ကန်စေရေး၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအား အသေးစိတ်ရှင်းလင်းပြောကြားပြီး လုပ်ငန်းရှင်များအနေဖြင့် ရောင်းဝယ်ရာတွင် ကိန်းဂဏန်းများတိတိကျကျ ဖော်ပြရန်လိုကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News