Main menu

HighLight News

Powered by Drupal

လစဉ် ရ/ထုတ်/ကျန် စာရင်းများရေးသွင်းရေး လုပ်ငန်းရှင်မှ မြင်းခြံခရိုင်ဦးစီးမှူးရုံးသို့ လာရောက်ဆောင်ရွက်

          My ROတွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်း ပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် အခြေ အနေများကို စာရင်းမှန်ကန်စွာ ထည့်သွင်းပေးနိုင်ရေးနှင့် သတ်မှတ်ပမာဏများအား သိုလှောင်ထားရှိသော ဆန်စပါးလုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးတို့အား မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ (၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၈) ရပ်ကွက်ရှိ‘‘ဦးဝင်းမောင်’’ဆန်ရောင်းဝယ်ရေးဆိုင်မှ ခရိုင်ဦးစီးမှူးရုံးသို့လာရောက်ဆောင်ရွက်ရာ လစဉ် လဆန်း(၁) ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန်များအား ထည့်သွင်းခြင်းလုပ်ငန်းများအား လက်တွေ့ပြသသင်ကြားပေးခြင်းလုပ်ငန်းများကို ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က ရှင်းလင်းသင်ကြားပြသ၍ စာရင်းရေးသွင်းခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး ရေးသွင်းသည့်ကုန်စည် စာရင်းများနှင့်မြေပြင်စာရင်းများမှန်ကန်စွာ ရှိစေရေးတို့ကိုလည်း မြေပြင်ကွင်းဆင်း၍ ကြီးကြပ်စစ်ဆေးမှုများဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် My RO လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အခက်အခဲများရှိပါက လာရောက်မေးမြန်းဆောင်ရွက် နိုင်ပါ ကြောင်း၊ ညွှန်ကြားချက်များကိုလည်း လိုက်နာကြရန်နှင့် ဆန်စပါးရောင်းချခြင်းဆိုင်ရာ အမိန့်နှင့် ညွှန်ကြားချက်များ၊ မူဝါဒများအား အချိန်နှင့်တပြေးညီသိရှိစေနိုင်ရေးနှင့် လစဉ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ သက်တမ်းတိုးခြင်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်စေတို့အတွက် အသိပေးနှိုးဆော်ဆောင်ရွက်ရန် My RO လုပ်ငန်းပိုင်ရှင်များအား Viber Group ဖွဲ့၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိုရပါသည်။

DOCA(မန္တလေး)                          

မြင်းခြံမြို့၊ဦးညွှန့်ဝင်း ဆေးဆိုင်အားဈေးကွက်စောင့်ကြည့်စစ်ဆေး

         မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြို့ပေါ်ရှိ ဦးညွှန့်ဝင်း ဆေးဆိုင်တွင် ရောင်းချနေသော ကလေး/ လူကြီး ဖြည့်စွက်စာများနှင့် ဆေးဝါးပြတ်လပ်မှုရှိ/ မရှိအား ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့်  ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ဈေးကွက်အတွင်းရှိ ကလေး/ လူကြီး ဖြည့်စွက်စာအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သော ကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချမှုရှိပါကြောင်းနှင့် ဆေးဝါးများပြတ်လပ်မှု မရှိပါကြောင်းစိစစ်တွေ့ရှိရပြီး ဆက်လက်၍လည်း ဥပဒေပါ ပြဌာန်းချက်များ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များအားလိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့် အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအညီ ရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့ မီးသတ်ဦးစီးဌာနတွင် အသိပညာပေးဟောပြောဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများကို နယ်ပယ်အစုံသို့ နည်းလမ်းပေါင်းစုံဖြင့် အသိပညာပေးလျက်ရှိရာ အများပြည်သူများအပြင် ဌာနဆိုင်ရာဝန်ထမ်းများအားလုံးသို့လည်း အသိပညာပေးလျက်ရှိရာ ၂၈.၁၀.၂၀၂၅ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ညောင်ဦးခရိုင်တာဝန်ခံသည် ညောင်ဦးမြို့၊ မြို့နယ်မီးသတ်ဦးစီးဌာနရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

         အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်က စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ အသိပညာပေးဟောပြောပွဲများဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ အကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲခြင်းကြောင့်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် အခြေအနေများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သေချာစွာ စိစစ်ကြည့်ရှု့ဝယ်ယူရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက် ခံချက်ပါသော၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်လိုအပ်ပါကြောင်း၊ ဖော်ပြပါဝင်သောကုန်စည်နှင့် သက်ဆိုင်သည့်ကုန်အညွှန်းအမှတ် အသားများအတိုင်း စနစ်တကျလိုက်နာသုံးစွဲရန်လိုအပ်ပါကြောင်း၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် တိုင်ကြားနိုင်သည့်နည်းလမ်းများ စသည်ဖြင့် အသိပညာဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ အရာထမ်း၊ အမှုထမ်း(၂၀)ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တောင်သူများအား အသိပညာပေးဟောပြောဆွေးနွေး

         မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ပြည်ပပို့ကုန် သီးနှံထွက်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့်ပန်းတိုင်အထွက်နှုန်း ရရှိရေးနည်းပညာပေးဆွေးနွေးပွဲအား နိုဝင်ဘာလ ၈ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ညောင်ဦးမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် တောင်သူများအား စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံက စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရပါသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်က စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ အသိပညာပေးဟောပြောပွဲများဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲခြင်းကြောင့်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် အခြေအနေများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သေချာစွာစိစစ်ကြည့်ရှု့ဝယ်ယူရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါသော၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သောသွင်းအားစုများကို ဝယ်ယူသုံးစွဲရာတွင် တရားဝင်ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်နှင့် ဖော်ပြပါဝင်သော ကုန်စည်နှင့် သက်ဆိုင်သည့် ကုန်အညွှန်းအမှတ်အသားများအတိုင်း စနစ်တကျလိုက်နာသုံးစွဲရန်လိုအပ်ပါကြောင်း၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် တိုင်ကြားနိုင်သည့် နည်းလမ်းများ စသည်ဖြင့်အသိပညာဟောပြော ဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ ဌာနဆိုင်ရာ(၁၁) ဦး၊ စိုက်ပျိုးရေးလုပ်ငန်းရှင်(၈)ဦး၊ တောင်သူ(၃၀)ဦး တို့ တက်ရောက်ခဲ့ပါသည်။

           ယခုလို အသိပညာပေးဟောပြောပွဲများဆောင်ရွက်ပေးခြင်းဖြင့် စားသုံးသူပြည်သူများ အသိပညာများတိုးပွားလာ၍ ကုန်စည်များကို ရွေးချယ်သုံးစွဲလာတတ်စေခြင်းဖြင့် ကျန်းမာကောင်းမွန်သော ဘဝများကို ရရှိပိုင်ဆိုင်လာမှာဖြစ်သလို လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ကုန်စည်များ ဈေးကွက်ခိုင်မာပြီး ရေရှည်ရပ်တည်နိုင်ရေးကိုအလေးထားကာ ဥပဒေများနှင့်အညီထုတ်လုပ်လာပြီး အရည်အသွေးမပြည့်မီသော၊ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိသော ကုန်စည်များလျော့နည်း ပပျောက်သွားမှာဖြစ်ကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)

ညောင်ဦးမြို့၊ မေတ္တာ ဆေးဆိုင်အားဈေးကွက်စောင့်ကြည့်စစ်ဆေး

           မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် မြို့ပေါ်ရှိ မေတ္တာ ဆေးဆိုင်တွင် ရောင်းချနေသော ကလေး/ လူကြီး ဖြည့်စွက်စာများအား ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ဈေးကွက်အတွင်းရှိ ကလေး/ လူကြီး ဖြည့်စွက်စာ အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော် ပြခြင်းများနှင့် ကိုက်ညီမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များရောင်းချမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သော ကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချမှုရှိပြီး ဆက်လက်၍လည်း ဥပဒေပါ ပြဌာန်းချက်များ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များအားလိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့် အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအညီ ရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့၊ စေတနာမွန် စတိုးဆိုင်အားဈေးကွက်စောင့်ကြည့်စစ်ဆေး

           မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မြို့ပေါ်ရှိ စေတနာမွန် စတိုးဆိုင်တွင် ရောင်းချနေသော ကလေး/ လူကြီး ဖြည့်စွက်စာများအား ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ဈေးကွက်အတွင်းရှိ ကလေး/ လူကြီး ဖြည့်စွက်စာအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော် ပြခြင်းများနှင့် ကိုက်ညီမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သော ကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချမှုရှိပြီး ဆက်လက်၍လည်း ဥပဒေပါ ပြဌာန်းချက်များ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များအားလိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့် အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအညီ ရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့၊ စွန်မင်း စတိုးဆိုင်အားဈေးကွက်စောင့်ကြည့်စစ်ဆေး

          မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြို့ပေါ်ရှိ စွန်မင်း စတိုးဆိုင်များတွင် ရောင်းချနေသော ကလေး/ လူကြီး ဖြည့်စွက်စာများအား ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

         အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ဈေးကွက်အတွင်းရှိ ကလေး/ လူကြီး ဖြည့်စွက်စာ အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သော ကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချမှုရှိပြီး ဆက်လက်၍လည်း ဥပဒေပါ ပြဌာန်းချက်များ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များအားလိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်း ကမ်းများနှင့် အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအညီ ရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)

ကျောက်ပန်းတောင်းမြို့တွင် ဝင်းထိုက် ဆန်ဆိုင်သို့ ကွင်းဆင်းဆောင်ရွက်

       My ROတွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်း ပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေးနိုင်ရေး ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံသည် (၁၁-၁၁-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ ဈေးကွက်သစ်ရပ်ရှိ ဝင်းထိုက် ဆန်သိုလှောင်ရုံနှင့် ဆန်ရောင်းဝယ်ရေးသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          ကျောက်ပန်းတောင်းမြို့နယ်တွင် လက်ရှိအချိန်ထိ My RO တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံအလုံး(၁၆)ရှိပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့်ဆန်သိုလှောင်ရုံများအတွက် သက်တမ်းတိုး ဆောင်ရွက်နိုင်ရေးနှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန် ထုတ်/ကုန်လက်ကျန်များအား မပျက်မကွက် မှန်ကန်စွာရေးသွင်းစေရေး၊ ရေးသွင်းသည့် အချက်အလက်များနှင့် မြေပြင်လက်ကျန်အခြေအနေများ ကိုက်ညီမှုရှိ/မရှိတို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ရှိ ဆီစက်၊ ဇီးခွဲစက်၊ ဂျုံစက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

         မြင်းခြံမြို့ စက်မှုဇုန်ရှိ ဆီစက်လုပ်ငန်းရှင်၊ ဂျုံစက်လုပ်ငန်းရှင်၊ ပဲခွဲစက်လုပ်ငန်းရှင်၊ ဇီးခွဲ စက်လုပ်ငန်းရှင်တို့အား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ယူထားသည့် ချေးငွေများ အပြေအကြေပေးဆပ်နိုင်ရေးကို တိုက်တွန်းနှိုးဆော်ရန်အတွက် မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးသည် အခါအားလျော်စွာ ပေးအပ်သောတာဝန်ကို ဆောင်ရွက်ရန်အတွက် (၁၂.၁၁.၂၀၂၅) ရက်နေ့ နေ့လယ်(၁၂:၃၀) နာရီအချိန်၌ မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များကို ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေများ အကျိုးရှိစွာ အသုံးချရန်အတွက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်မတိုင်မီ ချေးငွေခွင့်ပြုထုတ်ပေးထားပြီး ချေးငွေရယူထားသော လုပ်ငန်းရှင်များက ချေးငွေပေးဆပ်နိုင်ရေး အတိုးနှင့်အရင်းကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း အပြေအကြေပေးဆပ်နိုင်ရေးအတွက် လုပ်ငန်းရှင်များအား တိုက်တွန်းနှိုးဆော်ပြီး ကတိပြုဝန်ခံချက်များ ရေးထိုးရယူရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့တွင် (My RO)နှင့်စပ်လျဉ်း၍အသိပညာပေး Talk Show ဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊  Online ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာများနှင့် အခါအားလျော်စွာသတ်မှတ်ပြဌာန်းထုတ်ပြန်ချက်များကို စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံး သိရှိစေနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် အသိပညာပေးလျက်ရှိရာ(၂၇.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ  လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး (ဦးစီးအရာရှိ)သည် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ (MyRO)နှင့် ပတ်သက်၍ အသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအသိပညာပေးဆွေးနွေးပွဲ(Talk Show)တွင် ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးက ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းနှင့် ပါတ်သက်၍ ဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင်မှုလုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေများနှင့်နိုင်ငံအနှံ့ရှိ သိုလှောင်ရုံများကို      ဒီဂျစ်တယ်နည်းလမ်းဖြင့်စနစ်တကျမှတ်ပုံတင်နိုင်သည့် မြန်မာဆန်စပါးအွန်လိုင်း(Myanmar Rice Online-My RO )အား အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၃)ရက် နေ့မှစ၍ မှတ်ပုံတင်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း ဆိုင်ရာအမိန့်အရ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန်(၂၅)တန်နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင် အမိန့်ထုတ်ပြန်ပြီး(၂)လအတွင်း မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ပြီး မှတ်ပုံတင်လျှောက်ထားပြီးသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း အဆိုပါစနစ်တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်လချုပ် Update စာရင်းရေးသွင်းခြင်းကို လစဉ် လကုန်ပြီး(၇)ရက်အတွင်း မပျက်မကွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဆန်စပါးလုပ်ငန်းလုပ်ကိုင် နေသောသူများအနေဖြင့် MyRO တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး သတ်မှတ်ပမာဏကို သိုလှောင်ထားရှိပြီး မှတ်ပုံတင်လျှောက်ထားမှုမရှိသည်ကို စိစစ်တွေ့ရှိပါက စီမံခန့်ခွဲမှုပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်ပါ၍ သတ်မှတ်ထားသည့် ပမာဏများကို သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် My RO တွင် မှတ်ပုံတင်ကြရန် လိုအပ်ပါကြောင်းနှင့် ဆန်စပါးသိုလှောင်ရုံများ  မှတ်ပုံတင်ရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်း အဆင့်ဆင့်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - HighLight News