Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

Bepza စီးပွားရေးဇုန်တွင် အမေရိကန်ဒေါ်လာ ၁၈.၆ သန်း ရင်းနှီးမြှုပ်နှံတော့မည့် တရုတ်နိုင်ငံမှ KMK ကုမ္ပဏီ

    Bepza စီးပွားရေးဇုန်သည် လေယာဥ်အသုံးအဆောင်အိတ်နှင့် အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုများလက်ခံတော့မည် ဖြစ်ကြောင်း သိရပါသည်။ တရုတ် နိုင်ငံမှ KMK စက်မှုကုမ္ပဏီသည် Bepza စီးပွားရေးဇုန်တွင် အမေရိကန်ဒေါ်လာ ၁၈.၆၀ သန်းခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းနှင့် အဆိုပါ ရင်းနှီးမြှုပ်နှံမှုမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်လူမျိုး ၁၂၃၁ ဦး အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်ပြည်ပပို့ကုန်ပြုလုပ်ရေးဇုန်အဖွဲ့အစည်း (Bepza) နှင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။ Bepza က အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံ၏ စက်မှုလုပ်ငန်းအခြေခံကို ကွဲပြားစေရန်အတွက် ပထမဆုံးခြေလှမ်း ဖြစ်ကြောင်းနှင့် အဆိုပါကုမ္ပဏီသည် အာဏာပိုင်အဖွဲ့များ၏ စက်မှု လုပ်ငန်းဇုန်အတွင်းတွင် ပထမဆုံး ရင်းနှီးမြှုပ်နှံသည့် လေယာဥ် အသုံးအဆောင်အိတ်နှင့် အသုံးအဆောင်ပစ္စည်းကုမ္ပဏီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Bepza နှင့် KMK ကုမ္ပဏီတို့သည် စက်တင်ဘာလ ၁၄ ရက်နေ့ တွင် သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ အဆိုပါ ကုမ္ပဏီသည် ကနဦး အနေဖြင့် လေယာဥ်အသုံးအဆောင်အိတ်များကို စတင်ထုတ်လုပ်မည်ဖြစ်ပြီး အိမ်သုံးပစ္စည်းများ ဖြစ်သော ခြေအိတ်၊ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများအပြင်၊ နားကြပ်နှင့် USB ကြိုးများကဲ့သို့ လျှပ်စစ်ပစ္စည်းများကိုပါ တိုးချဲ့ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် Bepza မှ ဥက္ကဌဆိုသူ Abul Kalam Mohammad Ziaur Rahman က အဆိုပါစီမံကိန်းသည် ၎င်းတို့၏ ပြည်ပပို့ကုန် အခြေပြု စက်မှုလုပ်ငန်း များအတွက် ကွဲပြားစေရန် ၎င်းတို့၏ အစဥ်မပြတ်အားစိုက်မှု၏ မှတ်တိုင်တစ်ခု အဖြစ် ကိုယ်စားပြုကြောင်း ပြောကြားခဲ့ပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)

အိန္ဒိယနိုင်ငံသို့ ငါးသလောက်ငါးတန်ချိန် ၃၇.၄၆ တန်ချိန်ခန့် တင်ပို့ခဲ့သည့် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ

       ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိန္ဒိယနိုင်ငံသို့ ငါးသလောက်ငါးတန်ချိန် ၃၇.၄၆ တန်ချိန်ခန့် တင်ပို့ခဲ့ကြောင်း သိရပါသည်။ အဆိုပါငါးသလောက်များကို အကောက်ခွန်နှင့် သန့်ရှင်းရေး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် Benapole ဆိပ်ကမ်းမှတစ်ဆင့် ပို့ဆောင်ခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ အရာရှိဆိုသူ Sajib Saha က ပြောကြားခဲ့ပါသည်။ တင်ပို့သည့် ငါးအများစု၏ အလေးချိန်သည် ၆၀၀ ဂရမ်မှ ၇၀၀ ဂရမ်အတွင်း ရှိကြောင်း သိရပါသည်။ အစောပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စက်တင်ဘာလ ၁၆ ရက်နေ့နှင့် အောက်တိုဘာလ ၅ ရက်နေ့အတွင်းတွင် Durga Puja မြို့တော်အတွက် အိန္ဒိယနိုင်ငံသို့ ငါးသလောက်တန်ချိန် ၁၂၀၀ တန်ခန့် တင်ပို့ရန် တင်ပို့သူ ၃၇ ဦးအား အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။ တင်ပို့သည့် ငါးသလောက်များကို တစ်ကီလိုလျှင် ၁၂.၅ ဒေါ်လာဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရပါသည်။ အလေးချိန် ၆၀၀ ဂရမ်မှ ၁ ကီလိုရှိသော ငါးသလောက်များကို အမျိုး အစားသီးသန့်ခွဲထားပြီး ‌ရေခဲများဖြင့် ထိန်းသိမ်းလျက်ရှိကြောင်း သိရပါသည်။ Tanisha လုပ်ငန်းမှ ဝန်ထမ်းဖြစ်သူ Mohammad Babor က ၎င်းတို့အနေဖြင့် စျေးကွက်ထဲတွင် ငါးသလောက် ရရှိမှုကျဆင်းမှုကြောင့် စက်တင်ဘာလ ၁၈ ရက်နေ့အတွက် ငါးသလောက်တန်ချိန် တစ်ဝက်ခန့်သာ တင်ပို့နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)

၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ဒုတိယအကြီးဆုံး တိရိစ္ဆာန်အစာတင်ပို့သူအဖြစ် မြှင့်တင်ခဲ့သည့် ထိုင်းနိုင်ငံ

       ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ ၂.၆၇ ဘီလီယံ (ဘတ် ၈၅.၀၃ ဘီလီယံခန့်) တန်ကြေး ရှိသော ခွေးစာနှင့် ကြောင်စာတင်ပို့မှုနှင့်အတူ ကမ္ဘာ့စျေးကွက်တွင် ၂၉ ရာခိုင်နှုန်းခန့် တိုးတက် လျက်ရှိကာ ကမ္ဘာ့ဒုတိယအကြီးဆုံး တိရိစ္ဆာန်အစာ တင်ပို့သည့်နိုင်ငံဖြစ်လာကြောင်း သိရပါသည်။ ကုန်သွယ်ရေးမူဝါဒနှင့် စာရင်းအင်းဦးစီးဌာန (TPSO) မှ ညွှန်ကြားရေးမှူးချုပ်ဆိုသူ Poonpong Naiyanapakorn က ထိုင်းနိုင်ငံ၏ တိရိစ္ဆာန်အစာ တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ၂၉ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ပြီး ထိုင်းနိုင်ငံအား ကမ္ညာ့ဒုတိယအကြီးဆုံးတင်ပို့သူအဖြစ် ရောက်ရှိ စေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ဒေါ်လာ ၂.၅၂ ဘီလီယံတန်ကြေး ရှိသော ရှယ်ယာ ၉.၄ ရာခိုင်နှုန်းနှင့်အတူ ကမ္ဘာ့စျေးကွက်တွင် ဦး‌ဆောင်ရပ်တည်လျက်ရှိပြီး ပိုလန်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၂.၄၀ ဘီလီယံခန့်၊ ရှယ်ယာ ၉ ရာခိုင်နှုန်းကိုင်ဆောင်ထား ပြီး ပြင်သစ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၂.၃၀ ဘီလီယံခန့်၊ ရှယ်ယာ ၈.၆ ရာခိုင်နှုန်း ကိုင်ဆောင်ထားကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့တိရိစ္ဆာန်အစာ တင်သွင်းမှုစျေး ကွက်သည် တန်ကြေး အမေရိကန်ဒေါ်လာ ၂၆.၄၆ ဘီလီယံခန့်တန်ကြေးရှိပါသည်။ ထိပ်သီး တင်သွင်း၅ နိုင်ငံမှာ ဂျာမနီနိုင်ငံမှ အမေရိကန်ဒေါ်လာ၂.၄၃ ဘီလီယံခန့်၊ အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂.၂၁ ဘီလီယံခန့်၊ ဗြိတိန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁.၇၆ ဘီလီယံခန့်၊ ပိုလန်နိုင်ငံမှ အမေရိကန် ‌ဒေါ်လာ ၁.၅၃ ဘီလီယံခန့်၊ ကနေဒါနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁.၃၇ ဘီလီယံခန့် တင်သွင်းလျက် ရှိကြောင်း သိရပါသည်။ Poonpong က ထိုင်းနိုင်ငံ၏ ယှဥ်ပြိုင်နိုင်မှုသည် အရည်အသွေးနှင့် အပြည်ပြည်ဆိုင်ရာစံနှုန်းများ အပေါ် မူတည်နေကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ ၎င်းက သုံးစွဲသူ များသည် တိရိစ္ဆာန်များ၏ ကျန်းမာရေးနှင့် အာဟာရ ဓာတ်အတွက် အလေးထားထုတ်လုပ်ထားသော အဆင့်မြင့်တင်သွင်းကုန်များကိုသာ ရွေးချယ် ဝယ်ယူကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံမှ ထုတ်လုပ်သူများသည် တိရိစ္ဆာန်လေးများ၏ ကျန်းမာရေးဦးစာပေးနှင့် ဗီတာမင်ဓာတ်များ ကြွယ်ဝစွာရရှိစေရန်ပြုလုပ်ထားသော အစာများ ကိုသာ အလေးထားထုတ်လုပ်လျက်ရှိကြောင်း သိရပါသည်။ အသုံးပြုရလွယ်ကူသော ထုတ်ပိုးမှု နှင့် ရေရှည်ခိုင်မြဲသောထုတ်လုပ်မှုများသည် ထိုင်းနိုင်ငံအား အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံများ၊ တရုတ်၊ ဂျပန်နိုင်ငံများကဲ့သို့သော အရှေ့အလယ်ပိုင်းနှင့် အရှေ့ဥရောပစျေးကွက်များအကြား ယှဥ်ပြိုင်မှုတွင် ပိုမိုအားသာစေနိုင်ကြောင်း  သိရပါသည်။ ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမ ၇ လအတွင်းတွင် အမေရိကန်ဒေါ်လာ ၁.၆၈ ဘီလီယံခန့်တန်ကြေးရှိသော တိရိစ္ဆာန်အစားအစာများ ကို တင်ပို့လျက်ရှိပြီး ယခင်နှစ်ကာလထက် ၁၀.၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရပါသည်။ သို့ရာတွင် ပြည်တွင်းလိုအပ်ချက်များတွင် အခက်အခဲများရှိနေပြီး Poonpong က ထိုင်းတင် ပို့သူများသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစား‌‌ပေးရန်အတွက် ပြည်တွင်းကုန်ကြမ်း များကို ပိုမိုအသုံးပြုသင့်ကြောင်းနှင့် တိရိစ္ဆာန်ကျန်းမာရေး ဦးစားပေးထုတ်ကုန်များကို ပိုမိုဆန်းသစ်တီထွင်သင့်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။

Source: Nation Thailand                                                            

DOCA (ရန်ကုန်)

                                                         

အာဖဂန်နစ္စတန်နိုင်ငံသည် နယ်စပ်ကုန်သွယ်မှုကို မြှင့်တင်ရန် ရထားလမ်းတည်ဆောက်

            အာဖဂန်နစ္စတန်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၅၄ သန်းကျော်တန်ဖိုးရှိသော Herat-Khaf ရထားလမ်း၏ စတုတ္ထပိုင်း ဒုတိယအဆင့်ကို စတင်တည်‌ဆောက်လျက်ရှိပါသည်။

          ၎င်းသည် အီရန်နိုင်ငံနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကွန်ရက်များသို့ နိုင်ငံ၏ ရထားလမ်း ချိတ်ဆက်မှုကို မြှင့်တင်ရန်ရည်ရွယ်ကြောင်း အစိုးရရုံးက ပြောကြားခဲ့ပါသည်။

           Herat ပြည်နယ်အနောက်ပိုင်းတွင် ကျင်းပသော အခမ်းအနားတစ်ခုတွင် ဘုရင်ခံ Sheikh Mawlana Islamjar က အာဖဂန်နစ္စတန်မှ အီရန်သို့ ရထားလမ်းဆက်သွယ်မှုဖော်ဆောင်ကာ ဥရောပ အထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ၄၇ ကီလိုမီတာအပိုင်းသည် ရထားလမ်းကို Herat ပြည်နယ်၏ စက်မှုဇုန်များနှင့် လေဆိပ် သို့ ပိုမိုနီးကပ်စေမည်ဖြစ်ပြီးကုန်စည်စီးဆင်းမှုကို ချော့မွေ့စေမည်ဖြစ်ပါသည်။ အနီးအနား ရှိဒေသခံများကို စီးပွားရေးအခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရ ပါသည်။

           အဆိုပါ ရထားလမ်းသည် ၂၂၅ ကီလိုမီတာ ရှည်လျားသော နယ်စပ်ဖြတ်ကျော် စီမံကိန်းဖြစ်ပြီး အီရန်နိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံ Herat တို့ကိုဆက်သွယ်ထားကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

တရုတ်နိုင်ငံ၏ အိမ်စျေးနှုန်းကျဆင်းမှု သြဂုတ်လတွင် ဆက်လက်ကျဉ်းမြောင်းလာ

      တရုတ်နိုင်ငံ၏ အကြီးစားနှင့် အလတ်စားမြို့ကြီး ၇၀ ရှိ လူနေအိမ်ရာစျေးနှုန်းများသည် သြဂုတ်လတွင် ယခင်နှစ်ကထက်ကျဆင်းမှု ဆက်လက်ကျဉ်းမြောင်းလာပြီးလစဉ် စျေးနှုန်းများ လည်း ကျဆင်းခဲ့ကြောင်း စက်တင်ဘာလ ၁၅ ရက်‌နေ့က ထုတ်ပြန်သော တရားဝင်အချက် အလက် များအရသိရှိရပါသည်။

          နိုင်ငံ၏ ထိပ်တန်းမြို့ကြီးလေးမြို့ဖြစ်သည့် ဘေးဂျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုးနှင့် ရှန်ကျန်းတို့ရှိ အိမ်သစ်စျေးနှုန်းများသည် တစ်နှစ်တာကာလအတွင်း ၀.၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဇူလိုင်လတွင် ၁.၁ ရာခိုင်နှုန်းကျဆင်းခြင်းထက်လျော့နည်းသော ကျဆင်းမှုဖြစ်ကြောင်း သိရှိရပါသည်။ နိုင်ငံ၏ စီးပွားရေးဗဟိုချက်ဖြစ်သော ရှန်ဟိုင်းတွင် ၅.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။

          အခြားအဓိက မြို့ကြီးများတွင်လည်းကျဆင်းမှုနှုန်းနှေးကွေးကြောင်းသိရှိရပြီး ဒုတိယ အဆင့် မြို့များရှိ အိမ်အသစ်စျေးနှုန်းများသည် ၂.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ဇူလိုင်လတွင် ကျဆင်း ခဲ့သည့် ၂.၈ ရာခိုင်နှုန်း ထက်လျော့နည်းခဲ့ပြီး တတိယ မြို့များတွင် ယခင်လက ၄.၂ ရခိုင်နှုန်းကျဆင်း ခဲ့သည်နှင့်နှိုင်းယှဉ်ပါက ၃.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

          တစ်လချင်းအလိုက်ကြည့်လျှင် အိမ်အသစ်စျေးနှုန်းများ ကျဆင်းမှုသည် ပထမနှင့် ဒုတိယ အဆင့်မြို့များတွင် နှေးကွေးခဲ့သော်လည်း တတိယအဆင့်မြို့များတွင်ကျဆင်းမှု ပိုမိုကျယ်ပြန်ခဲ့ ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

စင်္ကာပူနိုင်ငံသို့ အများဆုံးလာရောက်သည့် ဧည့်သည်များတွင် တရုတ်နိုင်ငံမှ အများဆုံးအဖြစ် သြဂုတ်လတွင် ဆက်လက်ရပ်တည်

          သြဂုတ်လတွင် တရုတ်နိုင်ငံမှ လာရောက်လည်ပတ်သူ ၃၉၈၀၀၀ ကျော် စင်္ကာပူသို့ ရောက်ရှိခဲ့ရာ စင်္ကာပူနိုင်ငံ၏ လည်ပတ်သူအများဆုံးအရင်းအမြစ်စျေးကွက် ဖြစ်လာကြောင်း စင်္ကာပူခရီးသွား လုပ်ငန်းအဖွဲ့က စက်တင်ဘာလ ၁၅ ရက်နေ့က ပြောကြားခဲ့ပါသည်။

          စင်္ကာပူနိုင်ငံသို့ ပြီးခဲ့သည့်လတွင် နိုင်ငံတကာမှလာရောက်လည်ပတ်သူ စုစုပေါင်း ၁.၆ သန်းရှိခဲ့ရာ ၂၀၂၄ ခုနှစ်အလားတူကာလထက် ၄.၅ ရာခိုင်နှုန်းတိုးတက်လာခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၈ လတွင် တရုတ်နိုင်ငံသည် စင်္ကာပူ၏ အဓိကလာရောက်လည်ပတ်သူ စျေးကွက်အဖြစ် ၂.၃ သန်းနှင့် ပထမ နေရာ၌ဦးဆောင်လျှက်ရှိပြီး အင်ဒိုနီးရှားနှင့် အိန္ဒိယတို့အထက်တွင် ရပ်တည်နေကြောင်းသိရပါသည်။

          ဇန်နဝါရီလမှ သြဂုတ်လအထိ နိုင်ငံတကာဧည့်သည်ရောက်ရှိမှုသည် ၁၁.၆ သန်းအထိ ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်၏  အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

တရုတ်နိုင်ငံစားသုံးသူများ၏ သုံးစွဲမှုသည် ၂၀၂၅ ခုနှစ်၏ ပထမ ၈ လအတွင်းတွင်တိုးတက်

      တရုတ်နိုင်ငံ၏ စားသုံးသူသုံးစွဲမှုသည် ယခုနှစ်ပထမ ၈ လအတွင်း ခိုင်မာသော နှုန်းဖြင့် တိုး တက်ခဲ့ပြီး စားသုံးကုန်လက်လီ‌ရောင်းချမှုသည် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄.၆ ရာခိုင်နှုန်း တိုးတက်ကာ ယွမ် ၃၂.၃၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄.၅၆ ထရီလီယံခန့်) အထိ ရောက်ရှိခဲ့ကြောင်း စက်တင်ဘာလ ၁၅ ရက်နေ့ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရှိရပါသည်။

          သြဂုတ်လ တစ်လတည်းတွင် စားသုံးကုန်လက်လီရောင်းချမှုသည် ယခင်နှစ်ကထက် ၃.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ယွမ် ၃.၉၇ ထရီလီယံနီးပါးအထိ မြင့်တက်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဌာန (NBS) က ပြောကြားခဲ့ပါသည်။

          အွန်လိုင်းမှ လက်လီရောင်းချမှုသည် တိုးတက်မှုအဖြစ် ဆက်လက်တည်ရှိနေပြီး ပထမ ၈ လအတွင်း တစ်နှစ်ထက်တစ်နှစ် ၉.၆ ရာခိုင်နှုန်းတက်လာကာ ၉.၉ ထရီလီယံသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။ ဇန်နဝါရီလမှ သြဂုတ်လအထိ မြို့ပေါ်ဒေသများရှိ စားသုံးကုန်လက်လီရောင်းချမှု သည် ၂၈.၁၁ ထရီလီယံ  အထိရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ ကျေးလက်ဒေသရှိလက်လီရောင်းချမှုများမှာ ၄.၂၉ ထရီလီယံ ခန့်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၄.၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။

          အွန်လိုင်းမှကုန်ပစ္စည်းများရောင်းချမှုသည် ၆.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ၈.၁ ထရီလီယံခန့် ရှိခဲ့ပြီး ၎င်းသည် စုစုပေါင်းလက်လီရောင်းချမှု၏ လေးပုံတစ်ပုံရှိခဲ့ပါသည်။ NBS ၏ အဆိုအရရောင်းချမှုသည် ၁၅ ရာခိုင်နှုန်း၊ အဝတ်အထည် ၂.၄ ရာခိုင်နှုန်းနှင့် နေ့စဉ်သုံးပစ္စည်း ၅.၇ ရာခိုင်နှုန်း အသီး သီးတိုးတက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

 

တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှု သြဂုတ်လတွင် ၅.၂ ရာခိုင်နှုန်း မြင့်တက်

          တရုတ်နိုင်ငံ၏ တန်ဖိုးမြင့်စက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုသည် သြဂုတ်လတွင် ယခင် နှစ် အလားတူကာလထက် ၅.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း စက်တင်ဘာလ ၁၅ ရက်နေ့ထုတ်ပြန် သော အချက်အလက်များအရသိရှိရပါသည်။ အမျိုးသား စာရင်းအင်းဌာန၏ ထုတ်ပြန်ချက်များအရ ဇူလိုင်လတွင် ၅.၇ ရာခိုင်နှုန်းတိုးတက် ခဲ့ရာမှတိုးတက်မှုနှုန်း နှေး‌ကွေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါ သည်။

          ယခုနှစ်ပထမ ၈ လတာကာလအတွင်း တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းထုတ်လုပ်မှုသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

          စက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုသည် နှစ်စဉ်လုပ်ငန်းလည်ပတ်မှု ပမာဏ ယွမ်သန်း ၂၀ (အမေရိကန်ဒေါ်လာ ၂.၈ သန်းခန့်) ရှိသော လုပ်ငန်းကြီးများ၏ လုပ်ဆောင်ချက်ကို တိုင်းတာရန် အသုံးပြုကြောင်းသိရှိရပါသည်။

          ထုတ်လုပ်မှုလုပ်ငန်း၏ တန်ဖိုးမြင့်ထုတ်လုပ်မှုသည် ပြီးခဲ့သည့်လက တစ်နှစ်ထက်တစ်နှစ် ၅.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး သတ္တုတူးဖော်‌ရေးလုပ်ငန်းသည် ၅.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ လျှပ်စစ်၊ အပူ၊ ဓာတ်ငွေ့၊ ရေထုတ်လုပ်မှုနှင့် ထောက်ပံ့‌ရေးကဏ္ဍ၏ တန်ဖိုးမြင့်ထုတ်လုပ်မှုသည် ၂.၄ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

တရုတ်နိုင်ငံမီးရထားလုပ်ငန်း၏ ရေရှည်အသုံးပြုနိုင်သော အဆောက်အအုံနှင့် ပစ္စည်းများ ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာ

           တရုတ်နိုင်ငံ၏ မီးရထားလုပ်ငန်းများ တည်ဆောက်ရေးကြိုးစားအားထုတ်မှုများသည် ၂၀၂၅ ခုနှစ်ပထမ ၈ လအတွင်း တည်ငြိမ်သော တိုးတက်မှုများရှိခဲ့ပြီး ရေရှည်အသုံးပြုနိုင်သော အဆောက် အအုံနှင့် ပစ္စည်းများ ရင်းနှီးမြှုပ်နှံမှုသည် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၅.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း China State Railway Group Co.Ltd မှ ထုတ်ပြန်သော အချက်အလက်များ အရသိရှိရပါသည်။

          ဇန်နဝါရီလမှ သြဂုတ်လအထိ ရေရှည်အသုံးပြုနိုင်သော အဆောက်အအုံနှင့် ပစ္စည်းများ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၅၀၄.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၀.၉၈ ဘီလီယံခန့်) ရှိခဲ့ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

          ဤရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရာတွင် အရေးပါလျက်ရှိပြီး ပြည် တွင်းဝယ်လိုအားတိုးချဲ့ရန်နှင့် တရုတ်စီးပွားရေးတိုးတက်မှုကို အထောက်အကူပြု ရန်ကြိုးပမ်းမှုများ တွင် တွန်အားဖြစ်စေခဲ့ကြောင်း ကုမ္ပဏီက ဆက်လက်ပြောကြားခဲ့ပါသည်။

          တစ်နိုင်ငံလုံးရှိ မီးရထားစီမံကိန်းများသည် ယခုနှစ်တွင် တိုးတက်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ၃၀၁ ကီလိုမီတာ ရှိလမ်းသစ်များကို စတင်အသုံးပြုနိုင်ခဲ့ပြီး အပိုလမ်း ကြောင်းများကို တည်ဆောက်ရန်အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများလည်း တိုးတက်ခဲ့ ကြောင်းသိရှိရပါ သည်။

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်၏ ပထမ ၈ လတွင် မွေးမြူရေးတိရိစ္ဆာန်ထုတ်ကုန်များတင်ပို့မှုမှ ဝင်ငွေ အမေရိကန် ‌ဒေါ်လာ ၄၁၀.၇ သန်းရရှိခဲ့သည့် ဗီယက်နမ်

             ဗီယက်နမ်သည် ၂၀၂၅ ခုနှစ်၏ ပထမ ၈ လတွင် မွေးမြူရေးတိရိစ္ဆာန်ထုတ်ကုန်များ တင်ပို့ မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၁၀.၇ သန်းရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့် ကာလနှင့် နှိုင်းယှဉ်ပါက ၂၄.၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန၏ အဆိုအရ သိရပါသည်။ နို့နှင့် နို့ထွက်ကုန်တင်ပို့မှုမှ တစ်ဆင့်ဝင်ငွေ အမေရိကန် ဒေါ်လာ ၇၄.၈ သန်း (၁၁.၇ ရာခိုင်နှုန်းကျဆင်း)နှင့် အသား၊ အသားနှင့်ဆက်စပ်ထုတ်ကုန်များနှင့် အသားအပြင်ကျန်ရှိသည့် အသုံးဝင်သည့်အစိတ်အပိုင်းများမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃၇.၇ သန်း (၃၀.၄ ရာခိုင်နှုန်းမြင့်တက်) ရရှိခဲ့ကြောင်း သိရပါသည်။ မွေးမြူရေးတိရိစ္ဆာန်ထုတ်ကုန် တင်ပို့မှုဆက်လက်အရှိန်မြှင့်တင်ရန်အတွက် ဝန်ကြီးဌာနသည် ဒေသများအား အကြီးစားမွေးမြူ ရေးလုပ်ကိုင်ရန်နှင့် လှောင်အိမ်များ၊ အအေးခံစနစ်နှင့် အပူထိန်းချုပ်မှုစနစ်များ၊ အလိုအလျှောက် အစာကျွေးစနစ်နှင့် အမှိုက်များကို ဇီဝဂတ်စ်အဖြစ်ပြောင်းလဲအသုံးပြုမှု အစရှိသည့် အဆင့်မြင့် နည်းပညာများကို အသုံးပြုရန် ညွှန်ကြားခဲ့ကြောင်း သိရပါသည်။ ထို့ပြင် စားသုံးသူအတွက် အစားအသောက်လုံခြုံစိတ်ချမှုရှိရေး၊ မူလရင်းမြစ်စစ်ဆေးနိုင်မှုနှင့် စည်းမျဉ်းတင်းကျပ်သော ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီစေရန်အတွက် VietGap စံနှုန်းသတ်မှတ်ချက်များကိုလိုက်နာ ရန်နှင့် မွေးမြူခြင်းမှစ၍ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းအထိ ဆက်စပ်နေသည့် တန်ဖိုး ကွင်းဆက်ကို တိုးတက်အောင်ဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ မွေးမြူရေး သမားများနှင့် လုပ်ငန်းများကိုလည်းအကြီးစားကုန်ကြမ်းပစ္စည်းဇုန်များတည်ထောင်ရန်နှင့် အကြီး စားထုတ်လုပ်နိုင်ရန် တွန်းအားပေးခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းအာဏာပိုင်များကို လည်း ဗီယက်နမ်မွေးမြူရေးတိရိစ္ဆာန်ထုတ်ကုန်များအား ပြည်ပသို့ပိုမိုတင်ပို့နိုင်ရန်အတွက် ကုန်သွယ် ရေးမြှင့်တင်မှုများဆောင်ရွက်ရန်၊ ဈေးကွက်တိုးချဲ့ရန်နှင့် တည်ငြိမ်သောရောင်းချမှုနှင့် ယှဉ်ပြိုင် နိုင်စွမ်းရှိရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ စီမံချက်များတွင် နိုင်ငံတကာမွေးမြူရေး ပွဲတော်များတွင် ပါဝင်ဆင်နွှဲခြင်း၊ ထုတ်ကုန်များပြသရန်နှင့် သွင်းကုန်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ရန်အတွက်ကုန်သွယ်ရေးခရီးစဉ်များသွားရောက်ရန်၊ သယ်ယူပို့ဆောင်ရေးကုန်ကျ စရိတ်များဖြတ်တောက်ရန်အတွက် ထောက်ပံ့ပို့ဆောင်ရေးတိုးတက်ရန်နှင့် စီးပွားရေးလုပ်ငန်း များအား ၎င်းတို့၏ဈေးကွက်တည်ရှိမှုအားကောင်းရန် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များ ရယူရာတွင် ထောက်ပံ့ပေးရန်တို့ ပါဝင်ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ