
အမေရိကန်နိုင်ငံသမ္မတ Donald Trump သည် ၎င်း၏ ကုန်သွယ်ရေးမူဝါဒချမှတ်ခြင်းကြောင့် အကျိုးဆက်များခံစားခဲ့ရသည့် အမေရိကန်နိုင်ငံမှ လယ်သမားများအတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရပါသည်။ အမေရိက်နိုင်ငံ မှ လယ်သမားများသည် ယခုနှစ်တွင် စံချိန်တင်ရိတ်သိမ်းမှုဖြင့် ကုန်းနှီးတင်ခဲ့ကြောင်းနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများ ရပ်တန့်နေချိန်တွင် တောင်အမေရိကမှ လယ်သမားများသည် တရုတ်နိုင်ငံသို့ ပဲပိစပ်များရောင်းချခြင်းမှ ဒေါ်လာ ဘီလီယံများစွာဆုံးရှုံးခဲ့ကြောင်း သိရပါသည်။ အစိုးရသည် အောက်တိုဘာလတွင် စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ၁၅ ဘီလီယံခန့်အား ကြေညာရန် မျှော်မှန်းခဲ့ပါသည်။ စိုက်ပျိုးရေးရာအတွင်းရေးမှူးဆိုသူ Brooke Rollins က ဖယ်ဒရယ် အစိုးရ၏ ၄၃ ရက်ကြာ ပိတ်ပင်မှုကြောင့် ချေးငွေထောက်ပံ့မှုများ နှောင့်နှေးလျက်ရှိ ကြောင်း ပြောကြားခဲ့ပါသည်။ Bloomberg News သတင်းဌာနမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ အဆိုပါ ထောက်ပံ့ငွေထောက်ပံ့ခြင်း အခမ်းအနားကို ကျွဲနွားမွေးမြူရေးသမားများနှင့် ပဲပိစပ်၊ ဝါဂွမ်းနှင့် အာလူးစိုက်ပျိုးသူများက တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: The Edge Malaysia
DOCA (ရန်ကုန်)
