Main menu

ဗီယက်နမ်နိုင်ငံ၌ အများပြည်သူသုံး လျှပ်စစ်စက်ဘီး ထောင်ပေါင်းများစွာ အသုံးပြုသွားရန်စီစဉ်

Powered by Drupal

   ဗီယက်နမ်နိုင်ငံ၏ မြို့တော်ဟနွိုင်းသည် ပတ်ဝန်းကျင်ထိခိုက်မှုနည်းသည့် သယ်ယူပို့ဆောင် ရေးစနစ်သို့ ပြောင်းလဲရာတွင် အရှိန်မြှင့်တင်သည့်အနေဖြင့်  အများပြည်သူသုံး  လျှပ်စစ် စက် ဘီး   ထောင်ပေါင်းများစွာ အသုံးပြုသွားရန် စီစဉ်နေကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဒီဇင် ဘာ ၂ ရက်တွင် ဖော်ပြထားသည်။

    Tri Nam ဒစ်ဂျစ်တယ်သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ပူးပေါင်းစတော့ကုမ္ပဏီသည် ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ မြို့တွင်းရှိ နေရာ ၁၃၀ အထူးသဖြင့် မြို့ပတ်လမ်း - ၁ အတွင်း လျှပ်စစ်စက်ဘီး ၅၀၀ ကို ဖြန့်ကြက်ချထား အသုံးပြုနေပြီဖြစ်သည်။ ယင်းကုမ္ပဏီသည် ယခု ဒီဇင်ဘာလမှစတင်ကာ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်ကာလတွင် ဟနွိုင်းမြို့ဧရိယာအတွင်း လျှပ်စစ် စက်ဘီး ၅၀၀၀  ကျော်  ဝန်ဆောင်မှုပေးသွားရန် ရည်ရွယ်ထားကြောင်း ကုမ္ပဏီညွှန်ကြားရေးမှူး ငုယင်ဒန်ခွာက ပြောကြားသည်။

   Gleximco ပူးပေါင်းစတော့ကုမ္ပဏီသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် လျှပ်စစ်စက်ဘီး ၁၀၀၀ မှ ၂၀၀၀ အထိ လည်ပတ်သွားရန်၊ ဇူလိုင်လတွင် ၅၀၀၀ အထိ တိုးမြှင့်သွားရန်နှင့် ၂၀၂၈ ခုနှစ် ဒီဇင်ဘာလတွင် ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ရောက်ရှိရန် စီစဉ်ထားကြောင်း သိရသည်။

Source: ဆင်ဟွာ                                                               

DOCA(ပြည်ထောင်စုနယ်မြေ)