Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ထိုင်းနိုင်ငံတွင် ရေကြောင်းသုံးဖန်ထည်ပစ္စည်းများ ထုတ်လုပ်မှုမှာ တောင်အာရှဈေးကွက်သို့ တိုးချဲ့နိုင်ခဲ့

၂၀၂၅ ခုနှစ်အတွင်း၌ ထိုင်းနိုင်ငံမှ ရေကြောင်းသုံးဖန်ထည်ပစ္စည်း (marine glassware) ထုတ်လုပ် သူများသည် တောင်အာရှဈေးကွက်သို့ ထုတ်ကုန်များကို တိုးချဲ့ရန် အစီအစဉ်အသစ်ကို စတင်ထား ကြောင်းသိရှိရပါတယ်။ အဆိုပါ အစီအစဉ်အရ ထိုင်းနိုင်ငံ၏ ရေကြောင်းသုံးဖန်ထည်ပစ္စည်း (marine glassware) ထုတ်လုပ်သူများသည် ခေတ်မှီဒီဇိုင်းများဖြင့် ဖန်ဆင်းခြင်း နှင့် ရိုးရှင်းသော ပုံစံများကို ဖန်တီးကာ၊ သက်သာသောဈေးနှုန်းဖြင့် စျေးကွက်တွင် ပြိုင်ဆိုင်နိုင်ရန် ကြိုးပမ်းလျက်ရှိပါတယ်။ ထို့အပြင် အရည်အသွေးမြင့်မားပြီး သက်တောင့်သက်သာရှိသော ထုတ်ကုန်များဖြင့် တောင်အာရှအတွင်း စားသုံးသူ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ရည်ရွယ်ကြောင်းကိုလည်း သိရှိရပါတယ်။ ထိုင်း၏ ရေကြောင်းသုံးဖန် ထည်ပစ္စည်း (marine glassware) လုပ်ငန်းသည် နိုင်ငံတကာဈေးကွက်တွင် တာရှည်ခံမှုရှိသော ထုတ်ကုန် များဖြစ်လာရန် နှင့် တောင်အာရှတွင်း ထိုင်းကုန်ပစ္စည်းများ၏ ရောင်းအားတိုးတက်ရေးအတွက် ထိုင်းနိုင် ငံမှ မျှော်မှန်းချက်ရှိနေကြောင်း ထိုင်းသတင်းများအရ သိရှိရပါသည်။ DOCA(ဧရာဝတီ)

ဗီယက်နမ်နည်းပညာဝန်ဆောင်မှုများ စင်္ကာပူဈေးကွက်သို့ ဝင်ရောက်

ဗီယက်နမ် နိုင်ငံမှ Fintech၊ HealthTech နှင့် E-learning ကဏ္ဍများအတွင်းရှိ နည်းပညာ ကုမ္ပဏီ အသစ်များသည် စင်္ကာပူဈေးကွက်သို့ တက်ကြွစွာ ဝင်ရောက်လာခဲ့ကြောင်းသိရှိရပါတယ်။ အဆိုပါ ကုမ္ပဏီ များသည် ဗီယက်နမ်တွင် စမ်းသပ်ပြီး အောင်မြင်မှုရရှိထားသော mobile app၊ ငွေပေးချေစနစ်၊ ကျန်း မာရေး အိုင်တီ platform များကို တိုက်ရိုက်စင်္ကာပူတွင် မိတ်ဆက်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံရှိ ရင်းနှီးမြှုပ်နှံသူများနှင့် နည်းပညာအေဂျင်စီများသည် ဗီယက်နမ်က နည်းပညာ ဝန်ဆောင ်မှုများအပေါ် ယုံကြည်မှုရှိကြောင်း၊ အရည်အသွေးမြင့်ပြီး စျေးနှုန်းချိုသာမှုကြောင့် စင်္ကာပူဈေးကွက်၌ ယှဉ်ပြိုင်နိုင်မှုရှိသည်ဟု ထောက်ပြထားသည်ကိုလည်း တွေ့ရှိရပါတယ်။ ယခုကဲ့သို့ ဗီယက်နမ်နိုင်ငံ၏ နည်းပညာများ ဝင်ရောက်လာမှုသည် ဗီယက်နမ်နည်းပညာကုမ္ပဏီများအတွက် နိုင်ငံတကာဈေးကွက် တစ်ခုဖြစ်သော စင်္ကာပူသို့ တိုးချဲ့နိုင်မည့်အရေးကြီးအခွင့်အလမ်းဖြစ်ပြီး ASEAN နယ်မြေအတွင်း နည်း ပညာ အပြန်အလှန် စီးပွားရေးဆက်ဆံရေးကို ပိုမိုခိုင်မာစေမည်ဟု မျှော်လင့်ရကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

GSP အခွန်သက်သာမှုစနစ်ဖြင့် တင်ပို့လုပ်ငန်းများတိုးတက်လာသည့် ဖိလစ်ပိုင်နိုင်ငံ

ဖိလစ်ပိုင်နိုင်ငံသည် GSP (Generalized System of Preferences) အခွန်သက်သာမှုစနစ်ကို အသုံးပြုခြင်းဖြင့် သစ်သီးဝလံ၊ ပင်လယ်စာနှင့် အထည်အလိပ်စသည့် ထုတ်ကုန်များကို အမေရိကန်နှင့် ဥရောပဈေးကွက်များသို့ အခွန်ကင်းလွတ်ခြင်း သို့မဟုတ် အခွန်သက်သာမှုဖြင့် တင်ပို့လာနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ စနစ်အားအသုံးပြုခြင်းကြောင့် ဖိလစ်ပိုင်ရဲ့ လယ်ယာထုတ်လုပ်မှုနှင့် စက်မှု ထုတ် လုပ်မှု ကဏ္ဍများတွင် တင်ပို့တန်ဖိုးမြင့်တက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း အသစ်များ ဖန်တီး ခြင်းနှင့် ပြည်တွင်းစီးပွားရေးတိုးတက်မှုတို့ရရှိလာခဲ့ပါသည်။ GSP အစီအစဉ်ဖြင့် ဖိလစ်ပိုင်ထုတ်ကုန် ၆,၅၀၀ ကျော်သည် အမေရိကန်ဈေးကွက်သို့ အခွန်ကင်း လွတ်စွာ ဝင်ရောက်နိုင်ပြီး၊ ဥရောပသမဂ္ဂ၏ GSP+ စနစ်အောက်တွင်လည်း လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးစံနှုန်းများအပေါ် ဝိုင်းဝန်းကျင့်သုံးရန် ဖြင့် တင်ပို့ခြင်းဆိုင်ရာအခွင့်အရေးများ စွာကို လည်း ရရှိနေခဲ့ပါကြောင်း နှင့် ဤအခွင့်အရေးများသည် ဖိလစ်ပိုင်၏ တင်ပို့လုပ်ငန်းအား နိုင်ငံတကာ သို့ချဲ့ထွင်ရန်အတွက် အခြေခံအုတ်မြစ် တစ်ခု ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

လယ်ယာစိုက်ပျိုးရေးကဏ္ဍတိုးတက်ရန်အတွက် နိုင်ငံတကာပူးပေါင်းမှုများ စတင်ဆောင်ရွက်နေတဲ့ မလေးရှားနိုင်ငံ

ဆီအုန်ထုတ်လုပ်မှုအများဆုံး နိုင်ငံဖြစ်သော မလေးရှားသည် လတ်တလောတွင် နိုင်ငံတကာ ကုမ္ပဏီများနှင့် ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းသော လယ်ထွန်းစိုက်ပျိုးနည်းများ၊ သန့်ရှင်း သောထုတ်လုပ်မှုစနစ်များ (clean production systems) ကို လက်ခံအသုံးပြု သွားမည် ဖြစ်သည်ဟု ကြေညာထားကြောင်း သိရှိရပါတယ်။ အဆိုပါ လုပ်ဆောင်မှုတွင် UK-based Sustainable Agriculture Network (SAN)၊ Dutch Development Bank (FMO) နှင့် Japan’s Green Growth Fund တို့က စိုက်ပျိုးနည်းပညာပြောင်းလဲမှုအတွက် ငွေကြေး၊ နည်းပညာနှင့် စက်ကိရိယာဆိုင်ရာ အထောက် အပံ့များပေး နေပြီး အထူးသဖြင့် မလေးရှားနိုင်ငံအရှေ့ပိုင်း Sabah နှင့် Sarawak ရှိ စိုက်ပျိုးသူများအား ဦးစားပေး ထောက်ပံ့ပေးဆောင်ရွက်နေကြောင်း သိရှိရပါတယ်။ မလေးရှားအစိုးရ၏ "Green Economy Transition Roadmap 2030" အတွင်း၌ပါဝင်သော ဤစီမံကိန်းသည် လယ်ယာထုတ်လုပ်မှုအတွင်း သဘာဝသက်သာမှု (sustainability)၊ မျိုးစေ့ထိန်းသိမ်းမှု၊ မြေညီပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးတို့အတွက် အဓိကအခန်းကဏ္ဍထမ်းဆောင်မည်ဟု မျှော်မှန်းရပါတယ်။ ဤပူးပေါင်းဆောင်ရွက်မှုဖြင့် မလေးရှား၏ ဆီအုန်း ထုတ်လုပ်မှုသည် နိုင်ငံတကာဈေးကွက်တွင် ပတ်ဝန်း ကျင်နှင့် ကိုက်ညီမှုရှိသည့် ထုတ်ကုန်အဖြစ် အသိအမှတ်ပြုခြင်းရရှိလာမည် ဖြစ်ကြောင်း နိုင်ငံတကာ သတင်း များအရ သိရှိရပါသည်။ DOCA(ဧရာဝတီ)

ဆော့ဖ်ဝဲနှင့် နည်းပညာ ဝန်ဆောင်မှု သဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့ကြသော စင်္ကာပူ-ဗီယက်နမ်

စင်္ကာပူနှင့် ဗီယက်နမ် နိုင်ငံတို့သည် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ ညီချက် ချုပ်ဆိုခဲ့ကြပြီး အဆိုပါသဘောတူညီမှုတွင် အထူးသဖြင့် Software Development, AI (Artificial Intelligence) နည်းပညာနှင့် Fintech ဝန်ဆောင်မှုများအတွက် နိုင်ငံနှစ်နိုင်ငံအကြား ပူးပေါင်းမှုအား တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါသဘောတူညီချက်ဖြင့် ဗီယက်နမ်ရှိ နည်းပညာ ကုမ္ပဏီများနှင့် Startups များသည် စင်္ကာပူဈေးကွက်သို့ ဝင်ရောက်လုပ်ကိုင်နိုင်သည့် အခွင့် အလမ်း ရရှိလာမည်ဖြစ်ပြီး၊ နည်းပညာဖလှယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် manpower နယ်ပယ်တို့တွင် လည်း ပိုမိုနက်နဲ သော ဆက်သွယ်ရေးများ ဖြစ်ပေါ်လာမည်ဟု နှစ်နိုင်ငံလုံးက မျှော်လင့်နေကြပါတယ်။ ထို့အပြင် ဤ သဘော တူညီချက်သည် ASEAN Digital Economy Integration အပေါ် သက်ရောက်မှုရှိစေပြီး ဒေသတွင်း နည်းပညာစီးပွားရေးတိုးတက်မှုအတွက် အရေးကြီးသောအခန်းကဏ္ဍ တစ်ခုအဖြစ် တိုးမြှင့် ပေးနိုင် မည် ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

မြန်မာ နှင့် ထိုင်း တို့တွင် လျှပ်စစ်စွမ်းအင် ကုန်သွယ်မှု တရားဝင်စတင်

၂၀၂၅ ခုနှစ် အတွင်း၌ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံသို့ မဲဆောက် လျှပ်စစ်လိုင်းချိတ်ဆက်မှုမှတဆင့် လျှပ်စစ်စွမ်းအင်တင်ပို့မှုကို တရားဝင်စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်းသိရှိရပါတယ်။ အဆိုပါ လုပ်ငန်းစဉ်သည် ထိုင်းနိုင်ငံ၏ တိုးလာနေသော စွမ်းအင်လိုအပ်ချက်များ ဖြည့်ဆည်းနိုင်သည့်အပြင် မြန်မာနိုင်ငံအတွက်လည်း နိုင်ငံခြားငွဝင်ငွေ တိုးတက်လာစေနိုင်သည့် ရင်းနှီးမြှုပ်နှံမှုအခွင့် အလမ်းတစ်ရပ် လည်း ဖြစ်ပါတယ်။ သတင်းအရ၊ လာမည့်နှစ်များအတွင်း တစ်နေ့လျှင် ရာမတ်ဂါဝပ် မီဂါဝပ် (MW) တို့ကို တင်ပို့နိုင်ရန် စီမံထားပြီး၊ အဆိုပါစီမံကိန်းသည် အာဆီယံတွင်း စွမ်းအင်ကွန်ယက်ချိတ်ဆက်မှု (ASEAN Power Grid) စီမံကိန်းတွင်ပါဝင်သည့် နိုင်ငံအကြား လျှပ်စစ်ကုန်သွယ်မှုတိုးမြှင့်ရေး အစီအစဉ်တစ်စိတ် တစ်ပိုင်းလည်း ဖြစ်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါသည်။ DOCA(ဧရာဝတီ)

အာဆီယံကုန်သွယ်ရေးပူးပေါင်းမှုကြောင့် အရှေ့တောင်အာရှအတွင်းစီးပွားရေး တိုးတက်လာ

အာဆီယံနိုင်ငံသည် မကြာသေးမီက “ASEAN Trade Facilitation Framework” ဟူသော ကွန်ယက်အသစ်တစ်ခုကို စတင်အသုံးပြုခဲ့ပြီးနောက် ဒေသတွင်းကုန်သွယ်မှုလုပ်ငန်းစဉ်များ ပိုမိုစနစ် တကျ၊ မြန်ဆန်ပြတ်သားလာကြောင်း သိသာလာခဲ့ပါတယ်။ အဆိုပါကွန်ယက်၏ အဓိကရည်ရွယ်ချက်မှာ အခြားအဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော်တင်ပို့မည့် ကုန်စည်များအတွက် စာရွက်စာတမ်း လျှော့ချခြင်း၊ ပူးပေါင်းစစ်ဆေးမှုများ တိုးမြှင့်ခြင်းနှင့် တင်သွင်း/တင်ပို့နည်းလမ်းများ စနစ်တကျ ပြုပြင် ခြင်းများ ဆောင်ရွက်ရန်အတွက် ဖြစ်ပါသည်။ အဆိုပါ ကွန်ယက်စနစ်ကြောင့် အထူးသဖြင့် မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများသည် ဤစနစ်အသစ်ဖြင့် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ယှဉ်ပြိုင်နိုင်သော ဈေးကွက်အဖြစ် ပိုမိုအထူးအဆင့်ရှိလာကြောင်း ASEAN စီးပွားရေးညီလာခံတွင် ထုတ်ပြန်ကြေညာခဲ့ ကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

"Made in Cambodia" အမှတ်တံဆိပ် ဖြင့် ပြည်ပဈေးကွက်များသို့ ဝင်ရောက်မှု အောင်မြင်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံ

ကမ္ဘောဒီးယားနိုင်ငံသည် "Made in Cambodia" အမှတ်တံဆိပ်ဖြင့် ပြည်တွင်းထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်တွင် တင်သွင်းရောင်းချခြင်းဖြင့် အမှတ်တံဆိပ်အသိအမှတ်ပြုမှု တိုးတက်လာ ကြောင်း သိရှိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှ ထုတ်လုပ်သော အထည်အလိပ်၊ စားသောက်ကုန်နှင့် လက်မှု ထုတ်ကုန်များမှာ ဥရောပနှင့် တောင်အာရှဈေးကွက်များမှ အမှာအများဆုံး တင်ပို့ကုန်များဖြစ်သည့် အလျှောက် အဆိုပါတင်ပို့ကုန်များတွင် အမျိုးသားကုန်အမှတ်တံဆိပ်ဖြစ်သည့် "Made in Cambodia" အမှတ်တံဆိပ်ဖြင့် ထုတ်ကုန်များကို တင်ပို့ခြင်းအားဖြင့် ကောင်းမွန်သော စီးပွားရေးအခွင့်အလမ်းကောင်း များဖန်တီး သွားမည်ဖြစ်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါသည်။ DOCA(ဧရာဝတီ)

ဆက်သွယ်ရေး ကွန်ယက်တိုးတက်မှုများ ဆောင်ရွက်၍ ကုန်သွယ်မှုအလားအလာကောင်းများ ဖန်တီး နေသည့် ထိုင်းနှင့် လာအို

ထိုင်းနိုင်ငံ နှင့် လာအိုနိုင်ငံ တို့အကြား ဆက်သွယ်ရေးကွန်ယက်များသည် လတ်တလောတွင် အထူး အဆင့်မြှင့်တင်မှုများခံနေရပြီး ဒါဟာတောင်အာရှဒေသတွင်းကုန်သွယ်ရေးအတွက် အလားအလာ ကောင်း များ ဖန်တီးနေခြင်းပင်ဖြစ်ပါတယ်။ ထိုကဲ့သို့သောဖွံ့ဖြိုးတိုးတက်မှုသည် တရုတ်၊ လာအိုနှင့် ထိုင်းတို့ကြားရှိ အပြန်အလှန်ကုန်သွယ်ရေးလမ်းကြောင်းများ (corridors) ကိုပိုမိုထိရောက်စေပါသည်။ နှစ်နိုင်ငံ ဆက်သွယ် ရေး ကွန်ယက်များတိုးတက်နိုင်ရန်အတွက် လာအို-ထိုင်း Border Checkpoint စနစ် အသစ်များ တည် ဆောက် နေသကဲ့သို့ လာအိုနိုင်ငံအတွင်းရှိ အမြန်ရထားလမ်းဖြစ်သည့် Boten-Vientiane Railway အား တိုးချဲ့ဆောင်ရွက်နေမှုများကြောင့် တရုတ်-လာအို-ထိုင်း Corridor များတွင် ကုန်ပစ္စည်းထိန်းသိမ်းမှုနှင့် သယ်ယူပို့ဆောင်မှုအချိန်လျော့နည်းလာခဲ့ကြောင်း သိရှိရပါတယ်။ ထို့ကြောင့် သစ်သား၊ ဆန်နှင့် စက်မှု ပစ္စည်းများကို တောင်အာရှအတွင်း ဝင်ရောက်တင်ပို့နိုင်လာ သကဲ့သို့ တောင်အာရှအတွင်း၌ တစ်ခု တည်း သော သယ်ယူပို့ဆောင်မှုစနစ်တစ်ခု ဖြစ်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

အာဆီယံဈေးကွက်အတွင်းသို့ ပြည်တွင်းထုတ်ကုန်များ တင်ပို့မှုတိုးလာတဲ့ ဖိလစ်ပိုင်နိုင်ငံ

ဗီယက်နမ်နိုင်ငံသည် Philippine Department of Trade and Industry (DTI) မှ ပြည်တွင်း စက်မှုလုပ်ငန်းများအတွက် ASEAN Export Support Fund ဖြင့် ပံ့ပိုးမှုများပြုလုပ်ပြီး Banana Chips, Dried Mango, Coconut Oil စသည်တို့ကို ထိုင်း၊ မလေးရှား၊ ဗီယက်နမ်သို့ တင်ပို့မှုများ တိုးလာခဲ့ကြောင်း သိရှိရပါတယ်။ တင်ပို့မှုများ တိုးပွားလာရသည့် အကြောင်းအရင်းမှာ ASEAN Export Support Fund နှင့် ASEAN Economic Integration တို့၏ အထောက်အပံ့အစီအစဉ်များရရှိခြင်း၊ ဈေးကွက်သိမြင်မှု နှင့် ဒေသအတွင်းပူးပေါင်းဆောင်ရွက်မှုများကြောင့် ဖိလစ်ပိုင်မှ Banana Chips, Dried Mango, Coconut Oil စသည်တို့အပါအဝင် ထုတ်ကုန်များသည် အာဆီယံဈေးကွက်အတွင်းသို့ ပိုမိုတိုးတက်စွာ ဝင်ရောက်နိုင် ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ