
ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့သည် Novotel Phnom Phen Hotel ၌ ကျင်းပခဲ့ သည့် ကမ္ဘောဒီးယား-ဗီယက်နမ် ကုန်သွယ်မှုမြှင့်တင်ရေးအစီအစဉ် (CVTPP) တွင် ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးတို့ကို နက်ရှိုင်းစေမည့် ကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) မှထုတ်ပြန်ထားခဲ့သည်။ အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အတွင်းရေးမှူး Seang Thay၊ ဝန်ကြီးဌာန အကြီးတန်း အရာရှိများ၊ ကုန်သွယ်မှု မြှင့်တင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ နှစ်နိုင်ငံ ကုန်သွယ်ရေး သံမှူးများ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် စီးပွားရေး ခေါင်းဆောင် အများအပြား တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်သွယ်မှုဝန်ဆောင်မှုများ အပါအဝင် အဓိကကဏ္ဍများတွင် ချိတ်ဆက်ဆွေးနွေးမှုများနှင့် စျေးကွက်ရှာဖွေရေး အခွင့်အလမ်း များကို အဓိကာထား ဆွေးနွေးခဲ့ကြသည်။ ကမ္ဘောဒီးယား-ဗီယက်နမ် ကုန်သွယ်မှုမြှင့်တင်ရေး အစီအစဉ်သည် မြင်သာထင်သာရှိသော စီးပွားရေးအခွင့်အလမ်းများဖန်တီးရန်နှင့် ဒေသတွင်း စီးပွားရေးတိုးတက်မှုကို အားကောင်းလာစေရန်အတွက် နှစ်နိုင်ငံ၏ ဆက်လက်ကြိုးပမ်း အားထုတ်မှုများကို ထင်ပေါ်စေကြောင်း MOC မှ ထုတ်ပြန်ထားသည်။ ၂၀၂၅ ခုနှစ် ပထမ (၇) လ အတွင်း ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကြား ကုန်သွယ်မှုသည် ကန်ဒေါ်လာ ၄.၉၄ ဘီလီယံ အထိ မြင့်တက်ခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှုဦးစီးဌာန (GDCE) ၏ နောက်ဆုံး ထုတ်ပြန်ချက်များအရ သိရသည်။
Source: Khmer Times
DOCA (ရန်ကုန်)