Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဘဏ္ဍာရေးအထောက်အပံ့အဖြစ် ဘဏ်များကို ဈေးကွက်ဖွံ့ဖြိုးရေးအတွက် ထိရောက်စွာ အသုံးချနိုင်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံ

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း စီးပွားရေးပေါ်လစီများတိုးတက်စေရန် Central Bank of the Philippines, Development Bank of the Philippines နှင့် Land Bank of the Philippines အစရှိသည့် ဘဏ်များ အထူးထိရောက်စွာအသုံးချ၍ ထောက်ပံ့မှုများ ရယူကာ SME လုပ်ငန်းများအတွက် ငွေကြေးလမ်းကြောင်းအသစ်များဖွင့်လှစ်ပေးထားနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။ အဆိုပါ လုပ်ရပ် များကြောင့် ဖိလစ်ပိုင်နိုင်ငံသည် ဘဏ်နှင့် ငွေကြေးနည်းပညာများဖြင့် စီးပွားရေးလုပ်ငန်း အသစ်များ နှင့် စက်မှုလုပ်ငန်းများ လျင်မြန်စွာ တိုးတက်မှုရရှိနေကြောင်း သိရှိရပါတယ်။ DOCA(ဧရာဝတီ)

ဗီယက်နမ်က ထုတ်ကုန်တင်ပို့မှုအတွက် EU နှင့် စီးပွားရေးလုပ်ငန်းအသစ်များစတင်

ဗီယက်နမ်သည် ဥရောပသမဂ္ဂ (EU) နဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး အပေါ် လက်မှတ်ရေးထိုး ထားသော EVFTA သဘောတူညီချက်အရ ၂၀၂၅ ခုနှစ်တွင် ထုတ်ကုန်တင်ပို့မှု လုပ်ငန်းအသစ်များဖြစ်သည့် ထုတ်လုပ်မှု၊ စားသုံးကုန်များ၊ သဘာဝထုတ်ကုန်များ စုစုပေါင်း ၂၀ ကျော်ကို တင်ပို့မှုများ စတင်လုပ်ဆောင် ခဲ့ပါတယ်။ အဆိုပါ သဘောတူညီချက် အသစ်များကြောင့် ဗီယက်နမ်နိုင်ငံ၏ အထည်ချုပ်လုပ်ငန်း၊ စားသုံးကုန်လုပ်ငန်း နှင့် နည်းပညာပစ္စည်း လုပ်ငန်း များအတွက် ဥရောပဈေးကွက်သို့ ဝင်ရောက်ရန် ပိုမိုအဆင်ပြေကာ၊ အခွန်လျော့ချပေးမှုများနှင့် စည်းမျဉ်းစည်းကမ်းများမှ လွတ်မြောက်မှုများ စွာကိုလည်း ရရှိခဲ့ပါကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

မြန်မာ–လာအို မိတ်ဖက်ပေါင်းစည်းမှုအရ riverine or inland waterway ကုန်တင်ရေး တိုးတက်မှုမြင်တွေ့

မြန်မာနိုင်ငံ နှင့် လာအိုနိုင်ငံ တို့သည် ၂၀၂၅ ခုနှစ်အစောပိုင်းတွင် မြစ်၊ ချောင်း၊ ရေကြောင်း သဘာဝ လမ်းကြောင်းတွေကို အသုံးပြုပြီး ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှုလုပ်ငန်း(riverine or inland waterway) များကို ပူးပေါင်းဆောင်ရွက်မှုများ စတင်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။ ထို့ကြောင့် ရေကြောင်း လမ်းများဖြင့် ကုန်သွယ်ရေးလုပ်ငန်းများ အများဆုံး ဆောင်ရွက်၍ ရနိုင်မည့် ဧရာဝတီ၊ စစ်ကိုင်းနဲ့ မဲခေါင်မြစ်စီးဆင်းမှုများအတိုင်း သယ်ယူပို့ဆောင်ရေး စနစ်များကို ခေတ်မီစနစ်များဖြင့် ပြန်လည်ဖွံ့ဖြိုး ပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အဆိုပါဆောင်ရွက်မှုများကြာင့် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် သယ်ယူပို့ဆောင်ရေးအချိန်တို သက်သာမည် ဖြစ်ပါကြောင်း နိုင်ငံတကာ သတင်းများ နှင့် အာဆီယံသတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

မလေးရှားနိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့အကြားရှိ တောင်ပေါ်နယ်မြေများတွင် နယ်စပ်ကုန်သွယ်မှု တိုးတက်လာ

၂၀၂၅ ခုနှစ် ပထမနှစ်သီတင်းပတ်အတွင်း မလေးရှားနှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်တံတားများ ပြန်ဖွင့်လှစ်ပြီးနောက်ပိုင်းတွင် တောင်ပိုင်းနယ်မြေများ၌ ကုန်သွယ်မှု ပမာဏ ၁၂% တိုးတက်လာခဲ့ကြောင်း သိရှိရပါတယ်။ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ တောင်ပိုင်းနယ်စပ်မှာရှိတဲ့ တံတားများဖြစ်သော ယာလာနှင့် ရှမ်းပြည်နယ် နယ်စပ်တံတားများမှာ အဓိကကုန်သွယ်ရေးလမ်းကြောင်းအဖြစ် တိုးတက်လာခဲ့ပြီး ဒေသခ ံလယ်ယာထုတ်ကုန်များ၊ လက်မှုလုပ်ငန်းထုတ်ကုန်များအပါအဝင် ကုန်ပစ္စည်း အသစ်များ တင်ပို့မှုတွင် မြန်ဆန်မှု များရရှိနေပြီ ဖြစ်သကဲ့သို့ ဒေသခံစီးပွားရေးအသိုင်းအဝိုင်းများအတွက်လည်း တိုးတက်မှုကောင်းမွန်သော လမ်းကြောင်းတစ်ခုဖြစ်နေကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

သြစတြေးလျ–အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (AANZFTA) အကောင်အထည်ဖော်မှု မြန်ဆန်လာ

သြစတြေးလျနိုင်ငံ နှင့် အာဆီယံနိုင်ငံများအကြား လက်မှတ်ရေးထိုးထားသော AANZFTA သဘော တူညီချက်သည် ၂၀၂၅ ခုနှစ်တွင် အကောင်အထည်ဖော်မှုအဆင့်မြင့်လာကာ ကုန်သွယ်ရေး အခွန်နှင့် အခွန် ကင်းလွတ်မှုများ ပိုမိုမြှင့်တင်ပေးနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ အဆိုပါသဘောတူ ညီချက် အရ ဝန်ဆောင်မှု လုပ်ငန်းများ၊ ထုတ်လုပ်မှုလုပ်ငန်းများတွင် နယ်စပ်ဖတ်ကျော်ရာတွင်ကြုံတွေ့နေရသည့် အခက်အခဲများ လျော့ပါးကာ ဒစ်ဂျစ်တယ်ပလက်ဖောင်းများ အသုံးပြုခွင့်များ ပိုမိုတိုးတက်လာစေမည် ဖြစ်သည့်အပြင် မြန်မာနိုင်ငံအပါအဝင် အာဆီယံတောင်ပိုင်းအတွက် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးပွား လာစေပြီး နိုင်ငံများအကြား ကုန်သွယ်ရေး လှုံ့ဆော်မှုကောင်းမွန်မှု တစ်ခုအဖြစ် သတ်မှတ်ခံ ထားရကြောင်း အာဆီယံသတင်း တင်ဆက်မှုများအရ သိရှိရပါသည်။ DOCA(ဧရာဝတီ)

ရေနံတင်ပို့ရာ Strait of Hormuz လမ်းကြောင်းတွင် အန္တရာယ်များဖြစ်ပေါ်နေသည့်အတွက် သင်္ဘောပို့ဆောင်ရေး နှင့် အာမခံ လုပ်ငန်းများတွင် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာ

အာရှဒေသကနေ အမေရိကန်ဘက်သို့ သယ်ယူသည့် ကုန်တင်သင်္ဘောငှားရမ်းခစျေးနှုန်းများ မြင့်တက်လာ

တရုတ်၊ ဂျပန် နှင့်ကိုရီးယားတို့တွင် သဘာဝဓာတ်ငွေ့ တင်သွင်းမှုများ လျော့နည်းနေသော်လည်း ထိုင်ဝမ် တွင် သဘာဝဓာတ်ငွေ့ တင်သွင်းမှုများပြားနေ

ရေနံတင်ပို့ရာ Strait of Hormuz လမ်းကြောင်းပိတ်ဆို့မှုနှင့် နိုင်ငံတကာရေနံဈေးကွက်အခြေအနေ

အမေရိကန် တင်သွင်း/ တင်ပို့ စျေးနှုန်းလျော့ကျမှုနှင့် စီးပွားရေးအပေါ် သက်ရောက်မှုများ

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ