
ဂျပန်နိုင်ငံရှိ စူပါမားကတ်များတွင် ရောင်းချသော လက်လီဆန်ပျမ်းမျှစျေးနှုန်းများသည် သြဂုတ်လ ၂၄ ရက်နေ့တွင် ကုန်ဆုံးသည့်ရက်သတ္တပတ်အတွင်း ၅ ကီလိုဂရမ်လျှင် ၃၇၇၆ ယန်း (အမေရိကန်ဒေါ်လာ ၂၅.၆ နီးပါး) ရှိကြောင်းအစိုးရ အချက်အလက်များအရသိရသည်။ ယခင် အပတ်အပတ်ကထက် ၂၈ ယန်းစျေးနှုန်းကျဆင်းခဲ့ပြီး သုံးပတ်အတွင်း ပထမဆုံးကျဆင်းခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) ၏ ထုတ်ပြန်ချက်အရသိ ရသည်။ အစိုးရမှ သိုလှောင်ထားသောဆန်များ ရောင်းချမှုမြင့်တက်လာခြင်းသည် စျေးနှုန်းများ ကျဆင်းရခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဝန်ကြီးဌာနမှ သုံးသပ်သည်။ စူပါမားကတ်ပေါင်း ၁၀၀၀ ခန့်မှ အချက်အလက်များအရ တစ်ခုတည်းသော မူလအမှတ်တံဆိပ်ဆန်သည် ၅ ကီလိုဂရမ် လျှင် ပျမ်းမျှ ယန်း ၄၂၇၂ ရှိပြီး ယခင်အပတ်များထက် ၄ ယန်းတိုးလာကြောင်း သိရသည်။ သိုလှောင်ထားသော ဆန်များ အပါအဝင် ရောစပ်ထားသော ဆန်အမျိုးအစားများမှာ ပျမ်းမျှယန်း ၃၁၅၉ ရှိပြီး တစ်ပတ်လျှင် ၁၀ ယန်းကျဆင်းလျက်ရှိကြောင်း သိရသည်။
Source : Xinhua
DOCA (ရန်ကုန်)