
ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MoC) သည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) များကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပြီး ၎င်း၏ မူပိုင်ခွင့် (IP) စနစ်ကို ခေတ်မီအောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း ၁-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ငန်းစဉ်များကို လွယ်ကူချောမွေ့စေရန် ရည်ရွယ်၍ IP ၏ မှတ်ပုံတင်ခြင်းနှင့် စီမံခန့်ခွဲခြင်း တွင် ဉာဏ်ရည်တု (AI) ပေါင်းစပ်ခြင်းတို့တွင် တော်ဝင်အစိုးရ၏ ဆက်လက်ကြိုးပမ်း အားထုတ်မှု များကို အလေးပေးဖော်ပြထားသည်။ MSMEs များအကြား IP အသုံးပြုမှုကို အားပေးခြင်း၊ မှတ်ပုံတင်ခြင်းလုပ်ထုံးလုပ်နည်းများကို ရိုးရှင်းစေရန်နှင့် အခွင့်အရေးကိုင်ဆောင်သူများကို ကာကွယ်ပေးရန် IP ဥပဒေများကို ပြဋ္ဌာန်းခြင်း၏ အရေးပါမှုများကို MoC မှ အတွင်းရေးမှူး Ouk Prachea ကအလေးပေးပြောကြားခဲ့သည်။ IP မူဘောင်ကို အားကောင်းစေခြင်းဖြင့် အစိုးရသည် ဆန်းသစ်တီထွင်မှုဖြင့် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန်၊ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ကာ ဒေသတွင်းနှင့် ကမ္ဘာ့ဈေးကွက်များတွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ကြိုးပမ်းနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ IP စီမံကိန်းများအတွက် ငွေကြေးထောက်ပံ့မှုနှင့် IP ပိုင်ဆိုင်မှုများအတွက် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အခွင့်အလမ်း များမြှင့်တင်ရေးတို့အတွက် လုပ်ထုံးလုပ်နည်းများနှင့် အခြေအနေများ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အလေးပေးပြောကြားခဲ့သည်။ အဆိုပါ ပဏာမခြေလှမ်းများသည် ကမ္ဘောဒီးယားကုမ္ပဏီများ အထူးသဖြင့် MSMEs လုပ်ငန်းများ၊ ၎င်းတို့၏ ဖန်တီးမှုနှင့် နည်းပညာဆိုင်ရာ ပိုင်ဆိုင်မှုများကို ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်များသို့ ချဲ့ထွင်နိုင်ရန် ကူညီပေးရန် ရည်ရွယ်ထားကြောင်း Prachea က ထပ်လောင်းပြောကြားခဲ့သည်။
Source: Khmer Times
DOCA (ရန်ကုန်)