Main menu

တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကျိုးအမြတ်များစွာရရှိခဲ့သည့် ရုရှားနိုင်ငံ

Powered by Drupal

     ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများဖြင့် အကျိုးအမြတ် များစွာ ရရှိလျက်ရှိကြောင်း ရုရှားနိုင်ငံမှ စီနီယာအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။ ရုရှားနိုင်ငံသမ္မတရုံးမှ အမှုဆောင်အရာရှိချုပ်ဆိုသူ Maxim Oreshkin သည် Sochi တွင် စက်တင် ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော Valdi International Discussion Club ၏ နှစ်ပတ်လည်အစည်းအဝေးပွဲတွင် အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ Oreshkin က တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မည်သည့်တိုင်းပြည်မဆို ကြီးမား သော အခွင့်အလမ်းပေါင်းများစွာရရှိလျက်ရှိကြောင်းနှင့် ၎င်းတို့ အနေဖြင့် တရုတ်နိုင်ငံသည် BRICS နိုင်ငံများနှင့် ချွင်းချက်မရှိ ပူးပေါင်းဆောင်ရွက် ခြင်းများကို လုပ်ကိုင်လျက်ရှိကြောင်း ပြောကြားခဲ့ ပါသည်။ ရုရှား-တရုတ်နိုင်ငံ ဆက်ဆံ‌ရေးနှင့်ပတ်သက်၍ Oreshkin က နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်ရေးသည် ၅ နှစ်မှ ၁၀ နှစ်အတွင်းတွင် တိုးတက် ကောင်းမွန်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုများသည်လည်း ဆက်လက်ကောင်းမွန်လျက်ရှိကြောင်း မှတ်ချက်ပြုခဲ့ပါသည်။

Source: Xinhua                                                                         

DOCA (ရန်ကုန်)