Main menu

အိန္ဒိယအစိုးရက အရန်သိုလှောင်ထားသည့် ကြက်သွန်နီများ စတင်ရောင်းချ

Powered by Drupal

    အိန္ဒိယအစိုးရသည် ရာသီအလိုက် ကြက်သွန်နီဈေးနှုန်းမြင့်တက်မှုကို လျှော့ချထိန်းညှိရန် နှင့် ပွဲတော်ရာသီအတွင်း ကြက်သွန်နီလုံလောက်စွာ ရရှိနိုင်စေရန်အတွက် အစိုးရ၏ အရန်သို လှောင်ထားရှိသည့် ကြက်သွန်နီများကို စတင်ရောင်းချနေပြီဖြစ်သည်။ အရန်သိုလှောင်လက်ကျန် မှ ထုတ်ရောင်းမည့် ကြက်သွန်နီများကို တစ်ကီလိုလျှင် အိန္ဒိယရူပီး ၃၅ ဖြင့် ရောင်းချမည်ဖြစ်ပြီး၊ ယင်းဈေးနှုန်းမှာ အိန္ဒိယနိုင်ငံ တစ်နိုင်ငံလုံး၏ ပျမ်းမျှ လက်လီဈေးနှုန်းဖြစ်သော တစ်ကီလိုလျှင် ရူပီး ၃၇.၈၇ ထက် လျော့နည်းနေကြောင်း အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာနက ဩဂုတ်လ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

   အစိုးရသည် ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်အတွက် ဆောင်းသီးနှံကြက်သွန်နီ တန်ချိန် ၂၀၀,၀၀၀ ဝယ်ယူရန် မျှော်မှန်းထားသော်လည်း လက်ရှိတွင် တန်ချိန် ၁၂၁,၀၀၀ ကို ဝယ်ယူထားပြီး ဖြစ် ကြောင်း ယင်းဝန်ကြီးဌာနက ထပ်မံပြောကြားခဲ့သည်။ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် ကြက်သွန်နီထုတ် လုပ်မှုမှာ တန်ချိန် ၃၀.၃၇ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်ထုတ်လုပ်မှု တန်ချိန် ၃၀.၆၇ သန်းနှင့် နှိုင်းယှဉ်ပါက အနည်းငယ်သာ ပြောင်းလဲမှုရှိကြောင်း သိရသည်။ ထို့အပြင် လက်ရှိ အခြေအနေမှာ စားသုံးသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လုံလောက်သည့် အခြေ အနေတွင်ရှိကြောင်း ဝန်ကြီးဌာနက ထပ်မံပြောကြားခဲ့သည်။

   ပထမဆုံးအသုတ် ကြက်သွန်နီတင်ပို့မှုကို သယ်ဆောင်သည့် Kanda Express ရထားသည် Nashik မြို့မှ ထွက်ခွာခဲ့ပြီး နယူးဒေလီမြို့သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ တစ်ချိန်တည်း တွင် ကြက်သွန်နီများကို Chennai၊ Kolkata၊ Ernakulam၊ Guwahati၊ Varanasi၊ Lucknow၊ Patna၊ Chandigarh၊ Jammu နှင့် Amritsar အပါအဝင် မြို့များသို့လည်း ကုန်တင်ယာဉ်များဖြင့် တစ်ဆင့် ပို့ဆောင်ပေးနေကြောင်း သိရသည်။

    အစိုးရအနေဖြင့် ကြက်သွန်နီများကို အမျိုးသားစားသုံးသူများသမဝါယမအသင်းချုပ် (NCCF)အပါအဝင် သမဝါယမ အဖွဲ့အစည်းအမျိုးမျိုး၏ လက်လီအရောင်းဆိုင်များမှ တစ်ဆင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဓိကပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းများ မှာ တည်ငြိမ်နေပြီး သတ်မှတ်ဘောင်အတွင်းသာ အတက်အကျရှိနေကြောင်း ယင်းဝန်ကြီးဌာန က ပြောကြားခဲ့သည်။ ထို့အပြင် ခရမ်းချဉ်သီး၊ အာလူးနှင့် ကုလားပဲခွဲခြမ်းဈေးနှုန်းများမှာ ယခင် နှစ်ထက် ပိုမိုဈေးလျော့နည်းနေကြောင်း သိရှိရသည်။

Source: Informist, 27 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)