
ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများဖြင့် အကျိုးအမြတ် များစွာ ရရှိလျက်ရှိကြောင်း ရုရှားနိုင်ငံမှ စီနီယာအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။ ရုရှားနိုင်ငံသမ္မတရုံးမှ အမှုဆောင်အရာရှိချုပ်ဆိုသူ Maxim Oreshkin သည် Sochi တွင် စက်တင် ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော Valdi International Discussion Club ၏ နှစ်ပတ်လည်အစည်းအဝေးပွဲတွင် အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ Oreshkin က တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မည်သည့်တိုင်းပြည်မဆို ကြီးမား သော အခွင့်အလမ်းပေါင်းများစွာရရှိလျက်ရှိကြောင်းနှင့် ၎င်းတို့ အနေဖြင့် တရုတ်နိုင်ငံသည် BRICS နိုင်ငံများနှင့် ချွင်းချက်မရှိ ပူးပေါင်းဆောင်ရွက် ခြင်းများကို လုပ်ကိုင်လျက်ရှိကြောင်း ပြောကြားခဲ့ ပါသည်။ ရုရှား-တရုတ်နိုင်ငံ ဆက်ဆံရေးနှင့်ပတ်သက်၍ Oreshkin က နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်ရေးသည် ၅ နှစ်မှ ၁၀ နှစ်အတွင်းတွင် တိုးတက် ကောင်းမွန်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုများသည်လည်း ဆက်လက်ကောင်းမွန်လျက်ရှိကြောင်း မှတ်ချက်ပြုခဲ့ပါသည်။
Source: Xinhua
DOCA (ရန်ကုန်)
