
အိန္ဒိယနိုင်ငံဝါဂွမ်းလုပ်ငန်းကော်ပိုရေးရှင်း (Cotton Corporation of India- CCI) အနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ်ထွက်ရှိသည့် ဝါဂွမ်းများ၏ ရောင်းဈေးကို နောက်ထပ် တစ်ကြိမ် လျှော့ချခဲ့ကြောင်း ၂၃-၂-၂၀၂၆ ရက်နေ့တွင် ကြေညာခဲ့သည်။ အဆိုပါ ကော်ပိုရေးရှင်းသည် ရောင်း အားမြှင့်တင်နိုင်ရန်အတွက် ဝါဂွမ်းတစ်ကန်ဒီ (၃၅၆ ကီလိုဂရမ်) လျှင် ရူပီး ၇၀၀ မှ ၁၁၀၀ အထိ ဈေးနှုန်းလျှော့ချ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ဈေးနှုန်းလျှော့ချခြင်းသည် အစိုးရ၏ အခြေခံရည်ညွှန်းဈေးဖြင့် ဝါဂွမ်းဝယ်ယူမှုမှာ ယခုအပတ် တနင်္လာနေ့အထိ ၁၇၀ ကီလိုဂရမ်ရှိသော ဝါဂွမ်းအထုပ် ၉၈.၉ သိန်း သို့ရောက်ရှိလာခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။
၂၃-၂-၂၀၂၆ ရက်နေ့က ကြေညာခဲ့သည့် ဈေးလျှော့ချမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ဝယ် လက်များကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်၍ လွန်ခဲ့သည့် နှစ်ပတ်ကလည်း ဈေးလျှော့ချမှုကို ဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။ ယင်းမတိုင်မီ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်လည်း ဝါဂွမ်းတစ်ကန်ဒီ (၃၅၆ ကီလိုဂရမ်) လျှင် ရူပီး ၁၄၀၀ မှ ၁၇၀၀ အထိ ဈေးလျှော့ကြောင်း ကြေညာခဲ့သည်။ ကုန် သွယ်မှုနယ်ပယ်မှ သုံးသပ်ချက်အရ CCI ၏ ပထမအကြိမ် ဈေးနှုန်းလျှော့ချမှုအပေါ် စက်ရုံများ နှင့် ကုန်သည်များ၏ တုံ့ပြန်မှု လျော့နည်းခြင်းသည် အစိုးရပိုင်ကုမ္ပဏီအနေဖြင့် အချိန်တိုကာလ အတွင်း ၄င်း၏ဈေးနှုန်းအား ပြန်လည်ပြင်ဆင်ရန် အကြောင်းရင်းခံခဲ့သည်ဟု သိရှိရသည်။
လက်ရှိဈေးကွက်ပေါက်ဈေးမှာ CCI ၏ သတ်မှတ်ဈေးနှုန်းထက် နိမ့်ကျနေသောကြောင့် ဝယ်လက်များ၏ စိတ်ဝင်စားမှု မြင့်တက်နေကြောင်း ကုန်သည်များ၏ ပြောကြားချက်အရ သိရပါ သည်။ ကာနာတကာပြည်နယ်ကဲ့သို့ အချို့ဒေသများတွင် ဈေးကွက်သို့ ဝါဂွမ်းဝင်ရောက်မှု လျော့ နည်းသွားသော်လည်း လက်ကားရောင်းဝယ်ရေးဒေသများဖြစ်သည့် မဟာရဋ္ဌပြည်နယ်၊ ဂူဂျာရတ် ပြည်နယ်နှင့် တီလန်ဂါနာပြည်နယ်တို့တွင် ဈေးကွက်ဝင်ရောက်မှု ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရပါသည်။
CCI အနေဖြင့် မဟာရဋ္ဌပြည်နယ်နှင့် တီလန်ဂါနာပြည်နယ်ကဲ့သို့သော ဒေသများတွင် ဝါဂွမ်းများကို ဆက်လက်ဝယ်ယူနေဆဲဖြစ်ကြောင်း၊ CCI မှ အခြေခံရည်ညွှန်းဈေးဖြင့် ဝါဂွမ်းဝယ် ယူမှုမှာ လက်ရှိအချိန်ထိ ၁၇၀ ကီလိုဂရမ်ရှိသော ဝါဂွမ်းအထုပ် ၉၈.၉ သိန်း ရောက်ရှိကြောင်း၊ CCI ၏ ဈေးနှုန်းလျှော့ချမှုသည် နိုင်ငံတကာဈေးနှုန်းများနှင့်အညီ ဖြစ်ပြီး မတ်လနောက်ပိုင်းတွင်သာ အရောင်းအဝယ် မြင့်တက်လာမည်ဖြစ်ကြောင်း CCI ၏ ဥက္ကဋ္ဌနှင့် မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Lalit Kumar Gupta က အစောပိုင်းကာလများတွင် Business Line သို့ ပြောကြားခဲ့ကြောင်း သိရ ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်ထွက်ရှိသည့် ဝါဂွမ်းများကို စတင်ရောင်းချခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကုန်သည်များနှင့် စက်ရုံများထံမှ တုံ့ပြန်မှုလျော့နည်းခြင်းကြောင့် ဝါဂွမ်းအထုပ် ၅ သိန်းရောင်းချရန် မျှော်မှန်းထားပြီး ဈေးကွက်ရှိ ဝါဂွမ်းများနှင့် ပြည်ပမှတင်သွင်းလာသော ဝါဂွမ်း များကို စိတ်ဝင်စားမှု ရှိနေကြောင်း သိရပါသည်။
Raichur မြို့အခြေစိုက် အရင်းအမြစ်ရှာဖွေရေးကိုယ်စားလှယ် Ramanuja Das Boob က ဈေးကွက်အတွင်း ဝါဂွမ်းဝင်ရောက်မှုနှုန်းများလည်း ကျဆင်းနေသောကြောင့် လက်ရှိသတ် မှတ်ထားသော ပစ္စည်းပေးပို့ချိန် ရက်ပေါင်း ၃၀ ကို ရက်ပေါင်း ၆၀ သို့မဟုတ် ၉၀ အထိ တိုးမြှင့် ပေးပြီး တစ်ကန်ဒီလျှင် ရူပီး ၅၀၀ ထပ်မံလျှော့ချပေးပါက CCI အနေဖြင့် ၎င်း၏ရောင်းအား တိုးမြှင့် နိုင်ကြောင်း၊ လက်ရှိ စျေးကွက်ပေါက်ဈေးများသည် CCI ဈေးနှုန်းများထက် ရူပီး ၅၀၀ မှ ၁၀၀၀ ခန့် နိမ့်ကျနေကြောင်း၊ မဟာရဋ္ဌပြည်နယ်နှင့် ဂူဂျာရတ်ပြည်နယ်များတွင် ဝါဂွမ်းဈေးနှုန်းမှာ တစ် ကန်ဒီလျှင် ရူပီး ၇၆၀၀ မှ ၇၇၀၀ ဝန်းကျင်ရှိကြောင်း၊ အထူးသဖြင့် ဘရာဇီးနိုင်ငံမှ တင်သွင်းသော ဝါဂွမ်းသည် ဆိပ်ကမ်းအရောက်ပို့ဆောင်ခ အပါအဝင် ရူပီး ၅၂,၀၀၀မှ ၅၄,၀၀၀ ဝန်းကျင်တွင်ရှိပြီး ပြည်တွင်းဈေးနှုန်းများထက် နိမ့်ကျနေကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံဝါဂွမ်းလုပ်ငန်းရှင်များအသင်း (CAI) က ၂၀၂၅-၂၀၂၆ခုနှစ်အတွက် ဝါဂွမ်း အထွက်နှုန်းမှာ ၁၇၀ ကီလိုဂရမ်ရှိ ဝါဂွမ်းအထုပ် ၃၁၇ သိန်းနှင့် ယခုနှစ်အတွက် သုံးစွဲမှုပမာဏမှာ ဝါဂွမ်းအထုပ် ၃၀၅ သိန်းရှိပြီး ဇန်နဝါရီလကုန်အထိ ဝါဂွမ်းသုံးစွဲမှုပမာဏသည် ဝါဂွမ်းအထုပ် ၁၀၄ သိန်းရှိသည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။
CAI သည် ၂၀၂၅-၂၀၂၆ရာသီအတွက် ရာသီကုန်ပိုလျှံမှု ဝါဂွမ်းထုပ် (၁၇၀ ကီလိုဂရမ်) ၁၂၂.၅၉ သိန်း ရှိမည်ဟု ခန့်မှန်းထားရာ ယင်းပမာဏသည် ယခုနှစ်အတွင်း စံချိန်တင် တင်သွင်းမှု ဖြစ်သည့် ဝါဂွမ်းထုပ် ၅၀ သိန်းထက် ၅၆ ရာခိုင်နှုန်း ပိုများကြောင်း၊ ဇန်နဝါရီလကုန်အထိ ပြည်ပမှ တင်သွင်းမှုမှာ ဝါဂွမ်းထုပ် (၁၇၀ ကီလိုဂရမ်) ၃၅ သိန်းကျော် ရှိပြီး ပြည်ပသို့ တင်ပို့မှုမှာ ဝါဂွမ်း ထုပ် ၆ သိန်းကျော်ရှိကြောင်း သိရှိရပါသည်။
Source: Smart info india, 24 Feb 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
