Main menu

မလေးရှားနိုင်ငံ၏ စက်မှုလုပ်ငန်းထွက်ရှိမှုချဲ့ထွင်မှုများ စက်တင်ဘာလတွင် ခန့်မှန်းချက်ထက် ပိုမိုမြန်ဆန်လျက်ရှိ

Powered by Drupal

 ကုန်ထုတ်လုပ်မှုအရှိန်အဟုန်မြှင့်တင်မှုနှင့် လျှပ်စစ်ထုတ်လုပ်မှုများ မြင့်တင်မှုများကြောင့် မလေးရှားနိုင်ငံ၏ စက်မှုလုပ်ငန်းထွက်ရှိမှုသည် စက်တင်ဘာလတွင် ခန့်မှန်းမှုထက် ပိုမို မြန်ဆန် ခဲ့ကြောင်း တရားဝင်ထုတ်ပြန်သော အချက်အလက်များအရ သိရပါသည်။

          စက်ရုံများ၊ မိုင်းများနှင့် စွမ်းအင်စက်ရုံများမှ ထွက်ရှိသောပမာဏကို တိုင်းတာပေးသည့် စက်မှုလုပ်ငန်းထုတ်လုပ်မှုရည်ညွှန်းချက်သည် ယခင်နှစ်၏ အလားတူကာလနှင့် နှိုင်းယှဥ်လျှင် ၅.၇ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း သိရပါသည်။ ၎င်းရည်ညွှန်းကိန်းသည် Bloomberg စစ် တမ်းမှ ၅.၄ ရာခိုင်နှုန်းနှင့် နှိုင်းယှဥ်ခြင်းဖြစ်ပြီး သြဂုတ်လတွင် ထွက်ရှိခဲ့သော ထုတ်လုပ်မှုနှုန်းသည် လည်း တစ်နှစ်ထက်တစ်နှစ် ၄.၈ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။

          မလေးရှားနိုင်ငံရှိစက်ရုံများ၏ လအလိုက်ကုန်ထုတ်လုပ်မှုနှုန်းသည် သြဂုတ်လတွင် တိုးတက်ခဲ့သော ၂.၄ ရာခိုင်နှုန်းနှင့် နှိုင်းယှဥ်လျှင် အနည်းငယ်နှိမ့်ဆင်းနေကြောင်း မလေးရှားနိုင်ငံ စာရင်းအင်းဌာန၏ ထုတ်ပြန်ကြေညာချက်များအရ သိရပါသည်။

DOCA (ရန်ကုန်)