Main menu

ဟာလာဈေးကွက်အတွက်ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုထုတ်ကုန်များ Lam Dong ပြည်နယ်မိတ်ဆက်

Powered by Drupal

   ဗီယက်နမ်နိုင်ငံ Lam Dong ပြည်နယ်သည် ဟာလာဈေးကွက်အတွက် သင့်လျှော်သော ဒေသတွင်းခရီးသွားနှင့်ဝန်ဆောင်မှုထုတ်ကုန်များအတွက်ကိုရှာဖွေရန် ၄ ရက်ခရီး လာရောက် သော ကျွမ်းကျင်သူများ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့် မလေးရှားခရီးသွားအေးဂျင့်များ အသင်းမှခေါင်းဆောင်များပါဝင်သည့် အဖွဲ့ဝင် ၂၀ ဦးပါဝင်သောကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုခဲ့ ကြောင်း သိရပါသည်။ ခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် ဟာလာစံနှုန်းများနှင့်ကိုက်ညီ သည့် ခရီးသွားထုတ်ကုန်များကိုခွဲခြားရန် Da Lat နှင့် Phan Thiet တွင် စစ်တမ်းကောက်ယူ သွားမည်ဟု သိရပါသည်။ ထိုပရိုဂရမ်သည် Lam Dong ၏ ယဉ်ကျေးမှုနှင့် သင်္ကေတခရီးသွား ဝန်ဆောင်မှုများကို မြှင့်တင်ရန်ဖြစ်ကြောင်း သိရပါသည်။ ထိုကနဦးဆောင်ရွက်မှုသည် Lam Dong ၏ခရီးသွားစီးပွားရေးလုပ်ငန်းများအား မလေးရှားလုပ်ငန်းရှင်များနှင့်တွေ့ဆုံရန်၊ ခရီးသွားလုပ်ငန်း ချင်းမိတ်ဆက်ရန်နှင့် ခရီးသွား၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးတို့တွင် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ရန် အခွင့်အလမ်းကိုပံ့ပိုးပေးကြောင်း သိရပါသည်။ ပရိုဂရမ်အတွင်း Lam Dong နှင့် မလေးရှားတာဝန်ရှိသူများသည် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ အလားအလာရှိသောရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းများနှင့် နှစ်ဖက်စလုံးမှဝန်ဆောင်မှုလုပ်ငန်း ရှင်များကြား ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်များကို ဆွေးနွေးရန်အတွက် အလုပ်ရုံ ဆွေးနွေးပွဲများကြီးမှူး ကျင်းပသွားမည်ဟု သိရပါသည်။ မူစလင်စားသုံးသူများထံသို့ ဖြည့်စည်းပေးသည့် ဟာလာ ဈေးကွက်တွင် အစားအစာ၊ အလှကုန်ပစ္စည်းများ၊ ဆေးဝါးများနှင့် ခရီးသွားကဏ္ဍတို့ပါဝင်သည့် အစ္စလာမ်စည်းမျဉ်းများနှင့် ကိုက်ညီသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများပါဝင်ကြောင်း သိရ ပါသည်။ ၎င်းတို့သည် အရင်းအမြစ်ကုန်ကြမ်းရယူခြင်း၊ ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်းနှင့် သယ်ယူ ပို့ဆောင်ခြင်းတို့တွင် တင်းကျပ်သည့် ဟာလာစံနှုန်းများနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း သိရပါ သည်။ Lam Dong ပြည်နယ် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေး ဦးစီးဌာန၏အဆိုအရ ၂၀၂၅ ခုနှစ်စမှစ၍ ပြည်နယ်ကိုမလေးရှားလည်ပတ်သူ ၃၅၀၀၀ လာရောက်လည်ပတ်ခဲ့ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)