Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
08 Oct 2024

         သီဟိုဠ်စေ့များသည် ဗီယက်နမ်အတွက် ကြီးမားသည့်ဈေးကွက်ကိုဖန်တီးပေးသည့် ပို့ကုန်များထဲမှ တစ်ခုဖြစ်သော်လည်း ယခုအခါ ထိုလုပ်ငန်းသည် ကုန်ကြမ်းပစ္စည်းဈေးနှုန်းများမြင့်တက်လာသောကြောင့် ကုန်သွယ်ရေးလိုငွေပြနိုင်ချေနှင့် ရင်ဆိုင်နေရကြောင်းသိရပါသည်။ ယခုနှစ် ပထမ ၈လတွင် သီဟိုဠ်စေ့တင်ပို့မှုမှာ လွန်ခဲ့သည့်နှစ်(၂၀၂၃၏ တူညီသည့်ကာလထက် ပမာဏ ၂၂.၉ ရာခိုင်နှုန်းနှင့် တန်ဖိုး ၂၁.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အကောက်ခွန်အထွေထွေဦးစီးဌာန၏ အဆိုအရသိရပါသည်။ သီဟိုဠ်စေ့များတင်ပို့ရာမှ ဝင်ငွေရရှိမှုသည် ဆက်လက်ကြီးထွားနေဆဲဖြစ်သော်လည်း တင်ပို့မှုတန်ဖိုးနှင့် ကုန်ကြမ်းပစ္စည်းများတင်သ

08 Oct 2024

        ကမ္ဘောဒီးယားအသင်းအဖွဲ့များသည် တရုတ်နိုင်ငံ Guangxi ပြည်နယ်သို့ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတင်ပို့ရာတွင် တတိယနိုင်ငံဖြတ်သန်းစရာမလိုဘဲ လွယ်ကူချောမွေ့စွာတင်ပို့နိုင်စေရန်အတွက် တရုတ်နိုင်ငံအကောက်ခွန်စီမံအုပ်ချုပ်မှုအဖွဲ့နှင့် နားလည်မှုသဘောတူစာချွန်လွှာ (MOU) ၃ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါသည်။  MOU များကို တရုတ်နိုင်ငံ Nanning မြို့တွင် ၂၆-၉-၂၀၂၄ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော 21st CAEXPO RCEP Agriculture and Food Products Trade and Industry Coorperation ဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ သီဟိုဠိစေ့အသင်း၏ ဥက္ကဋ္

07 Oct 2024

      ငါးစီဖောင်းခြောက်နှင့် ငါးအရေပြားမုန့်ပါဝင်သည့် တန်ဖိုးမြင့် pangasius ငါးထုတ်ကုန်များသည် နိုင်ငံတကာမှ စားသုံးသူများကြား လူကြိုက်များမှုမြင့်တက်လာကြောင်း ဗီယက်နမ်နိုင်ငံပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) ၏ အဆိုအရသိရပါသည်။ ၂၀၂၄ခုနှစ်၏ ဩဂုတ်လကုန်တွင် pangasius ငါးစီဖောင်းခြောက်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅၈သန်းဝင်ငွေရရှိခဲ့ပြီး တရုတ်နိုင်ငံက အကြီးမားဆုံးဝယ်ယူသူဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်၏ ပထမ ၈လတွင် တရုတ်နိုင်ငံသည် ထိုငါးစီဖောင်းခြောက် အမေရိကန်ဒေါ်လာ ၂၁သန်းတန်ဖိုး တင်သွင်းခဲ့ကြောင်းသိရပါသည်။ လက်တလောတွင် ဗီယက်နမ်ကုမ္ပဏီ ၁၂ခုသည် တရုတ်ဈေးကွက်သ

07 Oct 2024

    ရုရှားနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ပဲဝါဈေးကွက်ကို အချိန်ကာလကြာမြင့်စွာလွှမ်းမိုးထားသော ကနေဒါနိုင်ငံကိုကျော်ကာ အိန္ဒိယနိုင်ငံသို့ ပဲဝါအများဆုံးတင်ပို့သော နိုင်ငံဖြစ်လာခဲ့သည်။ ရုရှားနိုင်ငံ၏ မြို့တော် မော်စကိုမှ အိန္ဒိယနိုင်ငံသို့ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ပဲတန်ချိန် ၄.၄၁ သိန်းတင်ပို့ခဲ့သည်။ ထိုပမာဏသည် ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်တစ်ခုလုံးအတွင်း ရုရှားနိုင်ငံမှတင်ပို့ခဲ့သော ပဲဝါတန်ချိန် ၄.၀၁ သိန်းထက် များစွာတိုးတက်ခဲ့ကြောင်းသိရသည်။ ကနေဒါနိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ပဲဝါတန်ချိန် ၄.၄၁ သိန်းတင်ပို့ခဲ့သည်။ ထိုပမာဏသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ်တစ်ခုလုံး

07 Oct 2024

        Google သည် ထိုင်းနိုင်ငံတွင် ဒေတာစင်တာအသစ်အပါအဝင် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံတည်ဆောက်ရန် ဒေါ်လာ ၁ဘီလီယံရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း၊ ထိုရင်းနှီးမြှုပ်နှံမှုသည် ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင်ပေါင်း ၁၄၀၀၀ကိုထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း အမေရိကန်နည်းပညာကုမ္ပဏီကြီးမှ ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါလုပ်ဆောင်ချက်သည် အရှေ့တောင်အာရှရှိ  Cloud Computing  လိုအပ်ချက်ကိုဖြ့ဆည်းပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ကုမ္ပဏီမှ စက်တင်ဘာ ၃၀ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။  Cloud နှင့် ဉာဏ်ရည်တု အခြေခံအဆောက်အအုံကိုမြှင့်တင်ရန်အတွက် ထိုင်းနိုင်ငံ၏ ပထမဆုံးသော ဒေတာစင်တာဒေသရပ်ဝန်းကိုဖန်တီးမည်ဟု

07 Oct 2024

      ဗီယက်နမ်နိုင်ငံကွန်ူနစ်ပါတီအထွေထွေအတွင်းရေးမှုးနှင့် နိုင်ငံတော်သမ္မတဖြစ်သူ To Lam ၏ မွန်ဂိုလီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် အလည်အပတ်ခရီးစဉ်သည် နှစ်နိုင်ငံလုံးမှ စီးပွားရေးလုပ်ငန်းရှင်များအတွက် ၎င်းတို့၏မိတ်ဖက်ဖွဲ့မှုအား တိုးချဲ့ရန်အတွက် လမ်းကြောင်းသစ်များဖွင့်လှစ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းသစ်များရှာဖွေရန် မျှော်လင့်ရကြောင်းသိရပါသည်။ ဗီယက်နမ်သည် မွန်ဂိုလီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေးတည်ထောင်သ့ ပထမဆုံးအာဆီယံနိုင်ငံဖြစ်ကြောင်းသိရသည်။ ကျွမ်းကျွင်သူများကလည်း မွန်ဂိုလီယားသည် ဗီယက်နမ်၏ အခန်းကဏ္ဍနှင့် အဆင့်မြင့်တက်လာမှု၏အရေးပါမှုကို ယုံကြည်မှုရှိကြောင်းပြ

07 Oct 2024

       ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့သည် စက်တင်ဘာ ၃၀ ရက်နေ့(တနင်္လာနေ့) တွင် စတင်ဖွင့်လှစ်ခဲ့သော EV လျှပ်စစ်ကားဘတ်ထရီစက်ရုံအား သန့်ရှင်သောစွမ်းအင်၏ အနာဂတ်ဟုခေါ်ဆိုခဲ့သည်။

07 Oct 2024

       ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့သည် စက်တင်ဘာ ၃၀ ရက်နေ့(တနင်္လာနေ့) တွင် စတင်ဖွင့်လှစ်ခဲ့သော EV လျှပ်စစ်ကားဘတ်ထရီစက်ရုံအား သန့်ရှင်သောစွမ်းအင်၏ အနာဂတ်ဟုခေါ်ဆိုခဲ့သည်။

07 Oct 2024

        ၂၀၂၃ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ ကြက်ဥဈေးနှုန်းများမြင့်တက်လာခြင်းသည် ထောက်ပံ့ရေးကွင်းဆက်အပေါ်  ကြက်ငှက်တုပ်ကွေးသက်ရောက်မှုနှင့် ဆက်စပ်နေသောကြောင့်ဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သော ၁၂လအတွင်း ကြက်ဥဈေးနှုန်းသည် ၂၈.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဥကြီးတစ်ဒါဇင်လျှင် ပျမ်းမျှဈေးနှုန်းမှာ ၃.၂၀ ဒေါ်လာဖြစ်ကြောင်း ဗျူရိုမှထုတ်ပြန်သော စာရင်းဇယားများအရသိရသည်။

07 Oct 2024

      အီရန်အစိုးရသည် နိုင်ငံ၏ ဝင်ငွေရင်းမြစ်များကိုကွဲပြားစေရန် ကြိုးပမ်းနေချိန်တွင် ဧပြီမှအစပြု၍ ဩဂုတ်လအထိ ငါးလဆက်တိုက် ရေထွက်ကုန်ပစ္စည်းများတင်ပို့မှုတွင် ကြီးမားသော တိုးတက်မှုများကိုတွေ့မြင်ခဲ့ရသည်။

07 Oct 2024

     မလေးရှားနိုင်ငံသည် ပါကစ္စတန်မှ ဘာစမာတီဆန် တန်ချိန် ၁၀၀၀၀၀ ကို ဝယ်ယူမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိသော ဟာလာအသားများကိုလည်း နှစ်စဉ် ဝယ်ယူတင်သွင်းလိမ့်မည်ဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံပိုင်သတင်းအေဂျင်စီဖြစ်သော Associated Press of Pakistan (APP) က ဖော်ပြပါသည်။

07 Oct 2024

    အိန္ဒိယနိုင်ငံ၌ အခွံပါစပါးများ၊  အခွံချွတ်ပြီးဆန်လုံးညိုများနှင့် ပေါင်းဆန်များအား ပြည်ပသို့တင်ပို့ခြင်းအတွက် စည်းကြပ်သော အခွန်နှုန်းထားများကို ၂၀ ရာခိုင်နှုန်း ကောက်ခံလျက်ရှိရာမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပါသည်။

   အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သော  အမိန့်ကြော်ငြာစာ၌ အဆိုပါ အခွန်နှုန်းထားများ လျှော့ချမှုသည် ကြေငြာချက်ထုတ်ပြန်ချိန်မှ စတင်၍ ချက်ချင်းလက်ငင်း အကျိုးသက်ရောက်မှုရှိစေရမည်ဟု ဖော်ပြထားပါသည်။

Pages