ပြည်ပကုန်သွယ်မှုသတင်းများ
ရုရှားနိုင်ငံထံမှ ဝယ်ယူမှု အားကောင်းခိုင်မာခြင်းနှင့်အတူ ဈေးနှုန်းများမြင့်မားမှုအရ အိန္ဒိယ နိုင်ငံ၏ ကော်ဖီတင်ပို့မှုတန်ဖိုးသည် ယခင်နှစ်ကထက် ၂၂ ရာခိုင်နှုန်း တိုးတက်လျက် ၂၀၂၅ ခုနှစ် တွင် ဒေါ်လာ ၂ ဘီလီယံ ကျော်လွန်သည်အထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

အိန္ဒိယနိုင်ငံ၏ နိုဝင်ဘာလအတွင်း စားအုန်းဆီတင်သွင်းမှုများသည် စားအုန်းဆီဈေးနှုန်းများကျဆင်းခြင်း၊ ပဲပိစပ်ဆီနှင့်နေကြာဆီတင်သွင်းမှုများလျော့ခြင်းတို့ကြောင့် မြင့်တက်လာကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုမြင့်တက်ခြင်းသည် စားအုန်းဆီထိပ် သီးထုတ်လုပ်သူများဖြစ်ကြသည့် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံများအား အထောက်အကူပြုလျက်ရှိကြောင်း သိ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှအောက်တိုဘာလအတွင်းတွင် ဂျပန်နိုင်ငံ၏ လက်ဖက်စိမ်းတင်ပို့မှုသည် မက်ချာမှုန့်တင်သွင်းမှုများမြင့်တက်ခြင်းကြောင့်နှင့် ဂျပန်ငွေကျဆင်းခြင်းကြောင့် နှစ် ၇၀ အတွင်း တင်ပို့မှုအမြင့်ဆုံးအဆင့်သို့ရောက်ရှိခဲ့ကြောင်း သိ

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများပြည့်နှက်နေသော အခြေနေတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုသည် ယခုနှစ်တွင် တည်ငြိမ်သောတိုးတက်မှုနှင့် ခိုင်မာသောအသက်ဝင်မှုကို ပြသခဲ့ကြောင်း စီးပွားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ စားသုံးသူကုန်ပစ္စည်း လက်လီရောင်းချမှုသည် ၂၀၂၅ ခုနှစ်၏ ပထမ ၁၁ လအတွင်း ယခင်နှစ် အလားတူကာလထက် ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စုစုပေါင်း ယွမ် ၄၅.၆၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆.၄၅ ထရီလီယံခန့်) ရှိကြောင်း အမျိုးသားစာရင်းအင်းဌာန (NBS) ၏ ဒီဇင်ဘာလ ၁၅ ရက်နေ့ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

အာဖဂန်နစ္စတန်အာဏာပိုင်များသည် မြောက်ပိုင်းဘောလ်ခ်ပြည်နယ်ရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရောင်းဝယ်သူများအတွက် အဓိကကုန်သွယ်ရေးစင်တာတစ်ခု တည် ဆောက်ရေးလုပ် ငန်းsများကို စတင်လိုက်ပြီဖြစ်ကြောင်း Bakhtar သတင်းဌာန၏ ဒီဇင်ဘာလ ၁၄ ရက်နေ့ သတင်းထုတ်ပြ

၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် ကာ့ခ်ျရေလက်ကြား၌ ဖြစ်ပွားခဲ့သော မတော်တဆမှုတစ်ခု တွင် ယိုဖိတ်ခဲ့သော လောင်စာဆီ ၉၀ ရာခိုင်နှုန်းကျော်ကို စုဆောင်းပြီးဖြစ်ကြောင်း ရုရှား ဒုတိယဝန်ကြီး ချုပ် ဗီတာလီဆာဗေးယက်ဗ်က ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့ သည်။

နယူးဇီလန်နိုင်ငံသည် ၎င်း၏ ၂၀၅၀ ခုနှစ် ဇီဝမျိုးကွဲ မီသိန်းဓာတ်ငွေ့ ပစ်မှတ်ကိုလျှော့ ချသည့် ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ပြီး၊ ယင်းသည် ထုတ်လွှတ်မှုလျှော့ချခြင်းနှင့် စိုက်ပျိုး ရေး ထုတ်လုပ်မှု မျှတစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်းသိရသည်။ ဒီဇင်ဘာလ ၁၂ ရက် နေ့တွင် ၎င်း၏ တတိယ အကြိမ်မြောက် ဖတ်ရှုမှုကို အတည်ပြုခဲ့သော ရာသီဥတုပြောင်းလဲမှု တုံ့ပ

ပါကစ္စတန်နိုင်ငံ၏ ခရီးသည်တင်ကားရောင်းအားသည် လက်ရှိဘဏ္ဍာရေးနှစ်၏ ပထမငါးလ အတွင်း တိုးတက်မှုအားကောင်းခဲ့ပြီး စီးပွားရေးစိတ်ဓာတ်တိုးတက်လာခြင်း၊ မော်ဒယ်အသစ်များ မိတ်ဆက်ခြင်းနှင့် ပိုမိုကောင်းမွန်သော ငွေကြေးထောက်ပံ့မှုအခြေအနေများကြောင့်ဖြစ်ကြောင်း စက်မှုလုပ်ငန်းဒေတာများက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြသခဲ့သည်။ ပါကစ္စတန် မော်တော်ကား ထုတ်လုပ်သူများအသင်း၏ အဆိုအရ ၂၀

ပြည်တွင်းထုတ် တစ်ပိုင်းလျှပ်ကူးပစ္စည်းများအတွက် မြင့်မားသော ဝယ်လိုအားကြောင့် တောင်ကိုရီးယား၏ ပို့ကုန်ပမာဏသည် ပြီးခဲ့သည့်လက ပြန်လည်ကောင်းမွန်လာကြောင်း ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပြသခဲ့သည့် ဗဟိုဘဏ်၏ အချက်အလက်များအရသိရသည်။ ကိုရီးယား ဘဏ် (

အာဖရိကဖွံ့ဖြိုးရေးဘဏ် (AfDB) သည် မော်ရိုကိုနိုင်ငံအတွက် အခြေခံအဆောက်အအုံ များ အဆင့်မြှင့်တင်ရန်နှင့် အများပြည်သူဝန်ဆောင်မှုများကို လက်လှမ်းမီမှု ပိုမိုကောင်းမွန်စေ ရန်အတွက် ယူရို ၁၅၀ သန်း (အမေရိကန်ဒေါ်လာ ၁၇၆ သန်

အိန္ဒိယနိုင်ငံရှိ ဝင်ငွေနည်းအုပ်စုများမှ အမျိုးသမီးငွေချေးသူများအတွက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ၏ စီးပွားရေးချေးငွေများ တိုးမြင့်ရရှိနိုင်စေရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် Five-Star Bus

