သတင်းနှင့် လှုပ်ရှားမှုများ
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများကိုဝယ်ယူစားသုံးရာ၌ အစားအစာဘေးကင်းလုံခြုံစေရန်နှင့် စနစ်တကျဝယ်ယူစားသုံးတတ်စေရန်ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဧပြီလ(၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေး၊ ပြင်ပရပ်ကွက်များ၌ ရောင်းချလျက်ရှိသော အအေးနှင့် မုန့်မျိုးစုံဆိုင်များသို့သွားရောက်၍ အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်ရှိ ဒေသခံပြည်သူများအနေဖြင့် စားသုံးဆီအမျိုးမျိုးဝယ်ယူစားသုံးရာ၌ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဧပြီလ(၅)ရက်နေ့၊ နံနက် (၁၀း၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်များသို့သွားရောက်ကာ စားသုံးဆီအမျိုးမျိုးရောင်းချနေမှုအခြအနေအား သိရှိနိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် ဆောင်းသီးနှံ သီးထပ်နွေစပါးလျာထားဧကအတိုင်း ရာနှုန်းပြည့် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ပြီး သီးနှံများရင့်မှည့်လာသည်ဖြစ်ရာ ဆန်ကွက်ရိတ်သိမ်းခြွေလှေ့နိုင်မည့်အခြေအနေအားသိရှိနိုင်ရန် ၂၀၂၄ခုနှစ်၊ ဧပြီလ(၃)ရက်နေ့၊ နေ့လယ် (၁၆:၃၀) အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

စားသုံသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ Super Cool သောက်ရေသန့်စက်ရုံအား ၂၀၂၄ခုနှစ်၊ ဧပြီလ(၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များအနေဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများကို အထက်ဌာန၏ ချပြသတင်းများအရသော်လည်းကောင်း၊ ရှောင်တခင်စစ်ဆေးခြင်းလုပ်ငန်းများအရသော်လည်းကောင်း၊ တရားမဝင်ကုန်သွယ်မှုဖြစ်ပေါ်နိုင်သည့် ရေလမ်း၊ ကုန်းလမ်းဆုံရာနေရာများ၊ မြို့နယ်များရှိ ကုန်ပစ္စည်းသိုလှောင်ရုံများကို လစဉ်ဖွဲ့စည်းထားသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
