သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တိုက်ကြီးမြို့နယ်တာဝန်ခံသည် (၂၄-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်၊ မြသီတာ (၆) လမ်း၌ စားအုန်းဆီထုတ်ယူသူများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ City Mart သို့သွားရောက်၍ စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

တိုက်ကြီးမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာအရောင်းဆိုင်သို့ (၂၅-၉-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာအရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရပါသည်။

တိုက်ကြီးမြို့နယ်အတွင်းရှိ တာဂွကျေးရွာအုပ်စုမှ မင်းမဟာ၊ ငွေရောင်အထွဋ်အထိပ်၊ ရတနာတိုက်ကြီး၊ ဂျိုးဖြူကျေးရွာအုပ်စု မြတ်မင်္ဂလာဆီဆိုင်နှင့် ရင်းတိုက်ကွင်းကျေးရွာအုပ်စု Terminal 204 ဆိုင်တို့အား (၂၄-၉-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်မှ နံနက်(၁၀:၃၀)နာရီအချိန်ထိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူပြည်သူများအား မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ စားသုံးသူရေးရာဦးစီးဌာနသို့ ခေါ်ယူကာ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာနှင့် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့်အကြောင်းအရာများအား အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြပါသည်။
