
(၂၃.၉.၂၀၂၅)ရက်နေ့ ၊နံနက်(၁၁:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး(ဒုဦးစီးမှူး) နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်များ အမှတ်(၁၅/၁၆)၊ (ဌ)ရပ်ကွက်၊ (ဌ)ဈေးအား ဝင်ရောက်စစ်ဆေးခဲ့ရာ မိမိရရှိ သောခွဲတမ်းများကိုရပ်ကွက်နေ စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက် ရှိစားသုံးနိုင်ရန် ရောင်းချပေးပါကြောင်း၊ သတ်မှတ်ဈေးနှုန်းရေးဆွဲထားသည့် လက်လီ/လက် ကားဈေးနှုန်းများရေးသားထားသည့် Board / ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချခြင်း ရှိ/ မရှိ၊ စျေးနှုန်းမှန်ကန်မှု ရှိ/ မရှိ၊ အရေအတွက်မှန်ကန်မှု ရှိ/မရှိ၊ အလေးချိန်လည်းမှန်ကန်စွာချိန်တွယ် ပေးပါကြောင်း လက်ကျန်များမထားရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။
DOCA (ရန်ကုန်)