သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ( ၂ ) ရက်နေ့တွင် ကလေးခရိုင်ဦးစီးမှူးရုံး နယ်မြေအတွင်းရှိ ကလေးဝမြို့ရှိ စည်ပင်သာယာဈေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
စစ်ကိုင်းခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ခုနှစ်တွင်ဂျုံစိုက်ဧက(၄၇၅၇၆)စိုက်ပျိုးခဲ့ပြီး၊ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း(၁၉)တင်းခန့် ထွက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ခုနှစ်တွင် စိုက်ပျိုးရန် လျာထားဧက (၄၇၆၀၁)ဖြစ်ပြီး တိုးချဲ့စိုက်ပျိုးရန် ဧက(၁၇၅၀)လျာထား ထားကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မကွေးတိုင်း ဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၄/ ၂၀၂၂) ကြိမ်မြောက် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ရာ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း (၁၄)ဦး တက်ရောက်ခဲ့ကြပါသည်။
မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်များ ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို (၃၁.၁၀.၂၀၂၂)ရက်နေ့ နံနက်(၀၇:၀၀)နာရီအချိန်တွင် မကွေးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် ဦးတင့်လွင့်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြပွဲသို့ လာရောက်ကြည့်ရှုကြ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်း(၂)ဦးတို့သည် (၁.၁၁.၂၀၂၂) ရက်နေ့ မနက်(၉:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ ပြည်သူများသို့ “တင်ဝင်း” စားအုန်းဆီရောင်းဝယ်ရေးမှ ဈေးကားဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် (၅၂၀၀)ကျပ်နှုန်း ဖြင့် ရောင်းချပေးမှုကို ကွင်းဆင်းစိစစ် ကြပ်မတ်ခဲ့ပါသည်။