Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 Mar 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ၂၀၂၂ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့ တွင် လွိုင်ကော်မြို့ ထေးသမရပ်ကွက်ရှိ ထေးသမ ဆီစက်နှင့် မိုင်းလုံးရပ်ကွက်ရှိရွှေမင်းဆီစက်လုပ်ငန်းများထံသို့ သွားရောက်၍ ပြည်တွင်းကုန်သွယ်မှုနှင့် စပ်လျဉ်း၍ ဆီထွက်သီးနှံထွက်ရှိမှု၊ ဆီလိုအပ်မှုအခြေအနေများ၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များသိရှိလိုက်နာနိုင်စေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ 

25 Mar 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ဝန်ထမ်းများ သတင်းအချက် အလက်နည်းပညာဖြင့် စားသုံးသူအခွင့်အရေးများသိရှိစေရန်၊ ဘေးအန္တရာယ်ရှိသော ထုတ်ကုန်ပစ္စည်းများအား သိရှိရှောင်ကြဉ်နိုင်ရန်နှင့် သတင်းပေးပို့နိုင်ရန် ရည်ရွယ်၍ ၂၂-၃-၂၀၂၂ ရက်နေ့၊ နေ့လည် ၀၂:၀၀ နာရီအချိန်တွင် သတင်းနှင့် ဆောင်းပါးရေးသားခြင်းဆိုင်ရာ အရည်အသွေးမြှင့်တင်မှုသင်တန်း ကျင်းပခဲ့ပါသည်။

25 Mar 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူများ ဘေးအန္တရာယ်ကင်းသော ထုတ်ကုန်များကိုရွေးချယ်ဝယ်ယူနိုင်သည့် အခွင့်အရေးများပိုမိုရရှိလာစေရေး၊  မိမိတို့အခွင့်အရေးကိုသိရှိပြီး မိမိကိုယ်မိမိကာကွယ်နိုင်ရန်နှင့် လုပ်ငန်းရှင်များအနေဖြင့် ဘေးကင်း လုံခြုံသည့် ကုန်စည်များထုတ်လုပ်လာစေရန် ရည်ရွယ်၍  တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်သောအဖွဲ့သည် ၂၀၂၂ ခုနှစ်၊ မတ်လ(၁၇)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန် တွင် ပခ

25 Mar 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်မှ ဝန်ထမ်းများသည် သံတွဲခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊  သံတွဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ထွေအုပ်မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည်  (၂၁-၃-၂၀၂၂)နေ့  နံနက်(၁၀:၀၀)နာရီအချိန်တွင် ရခိုင်ပြည်နယ် သံတွဲမြို့၊ ဒွါရာဝတီဈေးကြီးအတွင်းသို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်စွာသုံးစွဲနိုင်ရေးနှင့် ကုန်အညွှန်အမှတ်အသားများ ပြည့်စုံစွာဖော်ပြမှု ရှိ/မရှိ ဈေးအတွင်း ရောင်းချနေသော အလှကုန်ပစ္စည

25 Mar 2022

             မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံဦးစိုးဝင်းသည် (2၁.၃.၂၀၂၂)ရက်နေ့နံနက်(၉:၃၀)နာရီချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုဒုံဦးစီးမှူးရုံး၌ “စားသုံးသူကာကွယ်ရေးအသိပညာပေး” (Talk Show) ကျင်းပခဲ့ကြောင်း သိရ ပါသည်။

Pages