
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး(ဌာနခွဲစာ ရေး)နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့ နှင့်ပူးပေါင်း၍(၂၃.၉.၂၀၂၅)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ ဆောင်ရွက်ခဲ့ကြရာတွင် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ အရောင်းဆိုင်များ ရုံ(ဃ)၊ ဆိုင်အမှတ် (၁၇)၊ (ဌ)ရက်ကွက်၊ (ဌ) ဈေးသို့ ဝင်ရောက်စစ်ဆေးခဲ့ရာ မိမိတို့ရောင်းချနေသောဆိုင်များတွင်လည်း ဒေသရောက်ဈေးနှုန်းများအပေါ် ၂% အမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချစေရေး၊ ခွဲတမ်းရရှိသောစား အုန်းဆီများ အား သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချကြရန်၊ ဗွီနိုင်းချိတ်ဆွဲထားရှိကြရန်၊ အလေးချိန် ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ မိမိရရှိသောခွဲတမ်းများကို ရပ်ကွက်နေစားသုံးသူပြည်သူများ လက်ဝယ်သို့ အမှန်တကယ်ရောက်ရှိစားသုံးနိုင်စေရန် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)