Main menu

မိတ္ထီလာမြို့နယ်၊ မယ်ဇလီပင်ကျေးရွာတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ၊ ခရိုင်ဦီးစီးမှူး၏ လမ်းညွှန်မှု ဖြင့် စားသုံးသူ ရေးရားဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ အဖွဲ့ သည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၅)ရက်နေ့ နံနက် (၁၀:၃၀) နာရီ အချိန် တွင် မိတ္ထီလာမြို့နယ်၊ ကျွဲတလင်းအုပ်စု၊ မယ်ဇလီပင် ကျေးရွာ၌ စားသုံးသူ ပြည်သူများအား စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟော ပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မူမူသန်း (ဦီးစီးမှူး) မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊တာဝန်များ၊ ကုန်စည်(သို့) ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍အာမခံချက်များအပေါ် စားသုံးသူမှတောင်းဆိုနိုင်သည့် အချက်များ၊ စားသုံး သူပြည်သူများ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာရွေးချယ် ဝယ်ယူတက် စေရန် ကုန်အညွှန်း အမှတ်အသား နှင့်စပ်လျဉ်းသည့်အချက်များ ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်၍ တိုင်ကြားမှုများကို ဖြေရှင်းဆွေးနွေးပေးခဲ့သည့် ဖြစ်စဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူနစ်နာ ဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ (CICC)နှင့် Consumer Call Center (1535) သို့  ဆက်သွယ်နိုင် တိုင်ကြား နိုင်ကြောင်းနှင့် Consumer Call Center (1535)သို့ နမူနာ ခေါ်ဆိုဆွေးနွေးခဲ့ပြီးတက်ရောက်လာသူများမှလည်းသိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူ များမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရပါသည်။ အဆိုပါဆွေးနွေးပွဲ တွင် ကျေးရွာမှ လူဦးရေ  (၉၅)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)