Main menu

ရမည်းသင်းမြို့နယ် ငွေလှမြိုင်သောက်ရေသန့်စက်ရုံအား ကွင်းဆင်းစစ်ဆေး’

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ရမည်းသင်း မြို့နယ်တာဝန်ခံ၊(ဒု-ဦးစီးမှူး)ဦးစန်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်ပူးပေါင်း၍  စျေးကွက် အတွင်း တရားမဝင်သောက်ရေသန့်များ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး မြို့နယ်အလိုက်သောက်ရေသန့် လုပ်ငန်း များအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ရမည်းသင်းမြို့နယ်အတွင်းရှိ ငွေလှမြိုင်ရေသန့်လုပ်ငန်းအား ၂၀၂ခုနှစ်၊စက်တင်ဘာလ(၁၀) ရက်နေ့တွင်ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

    ရေသည်လူတို့၏နေ့စဉ်ဘဝတွင်မရှိမဖြစ်အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသော သောက်ရေသန့်စက်ရုံများသည် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင် ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြရန်ဆွေးနွေးခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များပါ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိခဲ့ရပါသည်။

DOCA(မန္တလေး)