ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့၏ ဘိလပ်‌မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၌ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် ဘိလပ်မြေဈေးနှုန်းများမှာ ယခင်အပတ်ထက် အနည်းငယ်ကျဆင်းပြီး ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၉၅၀၀) အပါချီ ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၉၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဆိုင်များတွင် လက်ကျန်အိတ်ရေ (၅၀၀၀)ကျော် ရှိပြီး နေ့စဉ် လုံလောက်စွာ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

          ယခုအပတ်တွင်  အသုံးများသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ  ရွှေနဂါး ယူရီးယား တစ်အိတ်လျှင် ကျပ်(၁၀၄၀၀၀) တရုတ်တီစူပါ သံကွင်း (50)kgပါ တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀) မြန်မာဩဘာ ရွှေကောမက် (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀) ဩဘာကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၇၅၀၀၀) ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀) တရုတ်အာမို ၁၆း၁၆း၁၆ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၇၀၀၀၀) အာမို ကွန်ပေါင်း(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)ဈေးဖြင့် အာမိုမှ ထုတ်လုပ်သော ဓာတ်မြေ ဩဇာများမှာ ပို၍အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်ထက် ဈေးနှုန်း အနည်းငယ်ကျဆင်း သွားကြောင်း၊ တောင်သူများ လုံလောက်စွာ ဝယ်ယူရရှိကြောင်း သိရှိရပါသည်။

          ယခု နိုဝင်ဘာလ(တတိယပတ်)တွင် ဖြစ်ပေါ်နေသော ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမို မက်နီဖော့(500)cc တစ်ဘူးလျှင် ကျပ်(၆၃၀၀၀) အာမိုမက်နီဖော့()လီတာတစ်ဘူးလျှင် ကျပ် (၁၁၄၀၀၀) မိုစတား()လီတာတစ်ဘူးလျှင်ကျပ်(၆၅၀၀၀)၊အာမိုအီမာ(၂၅၀)ccတစ်ဘူးလျှင် ကျပ် (၁၅၀၀၀) (၅၀၀)cc တစ်ဘူးလျှင် ကျပ်(၃၂၀၀၀) ()လီတာ တစ်ဘူးလျှင် ကျပ်(၅၈၀၀၀) ဂျက် ကက်မင်းမဟော် (၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၅၀၀၀) ဩဘာအဆီဖိတ် (500)gပါ တစ်ထုပ်လျှင် ကျပ်(၃၀၀၀၀) ဩဘာငှက်ကြီးတောင်(၁၀၀)cc တစ်ဘူးလျှင် ကျပ်(၃၄၀၀၀) ဩဘာငှက်ကြီး တောင်(၂၅၀)cc တစ်ဘူးလျှင် ကျပ်(၅၉၅၀၀)၊မင်းမဟော်ဖော်ယူဘိုး (500)cc တစ်ဘူးလျှင် ကျပ်(၄၄၀၀၀) (250)cc တစ်ဘူးလျှင် ကျပ်(၂၄၀၀၀) မင်းမဟော် ဂုတ်မက်ပ် (၂၅၀)cc တစ်ဘူးလျှင် ကျပ်(၃၆၀၀၀)(၅၀၀)cc တစ်ဘူးလျှင် ကျပ်(၆၀၀၀၀) ဈေးနှုန်းအသီးသီးဖြင့် ယခင် (ဒုတိယပတ်) ထက်  ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

   ယခု အချိန်သည် တောင်သူများ စိုက်ပျိုးချိန်ဖြစ်၍ ပိုးသတ်ဆေးများထက်  ဓာတ်မြေဩဇာများမှာ ပို၍ အရောင်းအဝယ်ဖြစ်နေပြီး လုံလောက်စွာဝင်ရောက်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၌ အရောင်းအဝယ်ဖြစ်နေသော ဆန်ဈေးနှုန်းများ

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသဖြစ်သောကြောင့် အခြားတိုင်းဒေသများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရသောမြို့ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသများဖြစ်သော ပုသိမ်၊ မြောင်းမြမြို့များမှလည်းကောင်း၊ ရွှေဘိုခရိုင်မှ လည်း ကောင်း၊  ဆင်ဖြူကျွန်း၊ စလင်းဒေသများမှလည်းကောင်း နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။

          ပခုက္ကူမြို့တွင် အများစားသုံးသောဆန်အမျိုးအစားများမှာ မြောင်းမြဧရာပဒေသာ၊ မနောသုခ၊ ဖန်သီးသုခ၊ ဧည့်မထဆန်မျိုးစုံ၊ ရက်(၉၀)ဆန်များဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် မြောင်းမြဧရာပဒေသာ တစ်အိတ်လျှင် ကျပ်(၁၀၈၀၀၀ - ၁၀၉၀၀၀) မနောသုခ တစ်အိတ်လျှင် ကျပ်(၇၈၀၀၀) ရက်(၉၀)ဆန် တစ်အိတ်လျှင် ကျပ်(၇၃၀၀၀) ဇီယာ တစ်အိတ်လျှင် ကျပ်(၆၈၀၀၀) ဖန်သီးသုခ တစ်အိတ်လျှင် ကျပ်(၈၅၀၀၀) သီးထပ် တစ်အိတ်လျှင် ကျပ်(၇၀၀၀၀) ဧည့်မထမျိုးစုံ တစ်အိတ်လျှင် ကျပ်(၇၅၀၀၀ - ၈၀၀၀၀) စလင်းမြို့နယ်၊ ရှောက်တောမှလာသော ဧရာပဒေသာ (ရှယ်)တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀) ဧရာမင်း ဆန်တစ်အိတ်လျှင် ကျပ်(၇၈၀၀၀) ဝန်ကြီးပဒေသာ ဆန်တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)ဈေးနှုန်းဖြင့် အသီးသီးအရောင်း အဝယ်ဖြစ်လျက်ရှိပြီး သိသာစွာ ဈေးနှုန်းတက်ခြင်း/ကျခြင်းမရှိဘဲ အနည်းငယ်သာ ဈေးနှုန်းပြောင်းလဲသည်ကို သိရသည်။

          ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံး စားသုံးသော ဆန်ဖြစ်ပြီး မြောင်းမြဒေသမှ ဝင်ရောက်သလို ရွှေဘိုဒေသမှလည်း အများဆုံးဝင်ရောက်ပါသည်။ ရွှေဘိုပေါ်ဆန်းမွှေးမှာ ပိုမိုအရည်အသွေးကောင်းမွန်ပြီး နောက်ဆုံးပတ်တွင် တစ်အိတ် လျှင် ကျပ်(၁၅၅၀၀၀) မြောင်းမြပေါ်ဆန်းတစ်အိတ်လျှင် ကျပ်(၁၃၅၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း ဆန်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

          ဆန်စီးဝင်မှုအနေဖြင့် နိုဝင်ဘာလ(ဒုတိယပတ်)ထိ ရေကြောင်းလမ်းမှ ဆန်မျိုးစုံ အိတ်ရေ (၁၈၀၀၀)ကျော်၊ စစ်ကိုင်း၊ ရွှေဘိုကုန်းကြောင်းလမ်းဘက်မှ အိတ်ရေ(၆၀၀၀)ကျော်၊ စလင်း၊ ဆင်ဖြူ ကျွန်းဘက်မှ အိတ်ရေ(‌၅၀၀)ခန့် ဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တောင်သာမြို့နယ်၏၂၀၂၅-၂၀၂၆ခုနှစ်၊မိုးစပါးစိုက်ပျိုးထားရှိမှု

          တောင်သာမြို့နယ်သည် ဆည်ရေသောက်အသင့်တင့်ရှိပြီး မိုးကောင်းသောက် ဧရိယာများတွင် မိုးစပါးများကိုလည်း ဒေသတွင်းဝမ်းစာဖူလုံစေရန် စိုက်ပျိုးထားကြောင်း သိရှိရသည်။ မိုးစပါးများကို ဇူလိုင်လ၊ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် စတင်ရိတ်သိမ်းကြောင်း သိရှိရသည်။ ၂၀၂၅/၂၀၂၆ခုနှစ်တွင် တောင်သာမြို့နယ်၌ မိုးစပါးစိုက်ပျိုးပြီးဧက (၃၈၇၃) စိုက်ပျိုးထားကြောင်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ စီမံကိန်းလျာထားချက်နှင့် အညီရာနှုန်း ပြည့်မီအောင် စိုက်ပျိုးထားကြောင်း၊ သက်လတ်စပါးမျိုးဖြစ်သော မနောသုခ စပါးမျိုးများကို လှည်းကူးမကျေးရွာ၊ ဘုရားလှရွာ၊ ဖက်တောရွာ၊ ညောင်ဒိုရွာနှင့် ကြာပို့ကန်တော်ရွာစသည်တို့တွင် စိုက်ပျိုးထားကြောင်း၊ မိုးစပါးများကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလတွင်  စတင်ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ ယခင်နှစ်မိုးစပါး အထွက်နှုန်းအနေဖြင့် (၈၃)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊  ယခင်နှစ်မနောသုခစပါး ထွက်ပေါ်ချိန်၌ တစ်တင်းခွဲ တစ်အိတ်လျှင် (၃၀၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ဒေသအတွင်း၌သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ စိုက်နည်းစနစ်၊ သွင်းအားစုနှင့် ရာသီဥတုကောင်းမွန်ပါက ယခင်နှစ်ထက် အထွက်နှုန်းကောင်းနိုင်ကြောင်း မိုးစပါးစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်၏၂၀၂၅/၂၀၂၆ခုနှစ်၊ ကြံစိုက်ပျိုးထားရှိမှု

         မြင်းခြံမြို့နယ်သည် နှစ်ရှည်ပင်တစ်မျိုးဖြစ်သော စားကြံသီးနှံပင်ကိုလည်း စိုက်ပျိုးထားကြောင်း၊ ၂၀၂၅/၂၀၂၆ခုနှစ်တွင်စားကြံစိုက်ဧက (၇၈)ဧကစိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ကြံသည် ပူနွေးစိုစွတ်သော‌ ဒေသနှင့် သမနွေးပိုင်း ဒေသများတွင်ဖြစ်ထွန်းကြောင်း၊ အပင်မြင့်မှာ (၉)ပေနှင့် (၁၅)ပေကြား၊ ပင်စည်လုံးပတ်မှာ အချင်း ၂ လက်မခန့်ရှိပြီး အပင်ခြေတွင် ပင်စည်ပွားများစွာရှိကြောင်း၊ သွင်းရေရရှိပါက တစ်နှစ်ပတ်လုံးစိုက်ပျိုး ဖြစ်ထွန်းနိုင်သော သီးနှံဖြစ်ကြောင်း၊ မြေကြီးအစိုဓာတ် လုံလောက်စွာ ထိန်းသိမ်းနိုင်သော မည်သည့်မြေအမျိုးအစားကိုမဆို ကြံများစိုက်ပျိုး ဖြစ်ထွန်းနိုင်ကြောင်း၊ ရေကြိုက်သောသီးနှံဖြစ်သော်လည်း ရေဝပ်ခြင်းကို မနှစ်သက်ကြောင်း၊ ထယ်ထိုးထွန်မွှေ နှစ်ကြိမ်မှ သုံးကြိမ်ပြုလုပ်ပြီး ထယ်ရေးညက် အောင်ပြုလုပ်ကြောင်း၊ စိုက်ပျိုးရန်အတွက် မြေကိုညှိ၍ စိုက်ပျိုးပေးရကြောင်း၊ ရင့်မာသော ကြံဆစ်ပိုင်းများကို ဖြတ်တောက်၍ ကိုင်းဖြတ်မျိုးပွားပြီး ထယ်ကြောင်းပေး၍  အနက်(၆-၁၂)လက်မတွင် မြောင်းအတွင်း၌ အလျားလိုက်ချ၍ စိုက်ပျိုးကြောင်း၊ ယခင်နှစ် တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၇) တန်ခန့်ထွက်ရှိခဲ့ကြောင်း၊ ကြံအထွက်နှုန်းသည် ရေရရှိမှု၊ မြေဩဇာထည့်သွင်းခြင်းနှင့် မြေအမျိုးအစားပေါ်တွင် အခြေခံပြီး အထွက်နှုန်းကောင်းနိုင်ကြောင်း သစ်ပင်ရှည်ကျေးရွာမှ ကြံစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်၏၂၀၂၅/၂၀၂၆ခုနှစ်စွန်တာနီ(မိုး)သီးနှံစိုက်ပျိုးထားရှိမှု

       မြင်းခြံမြို့နယ်တွင် ပဲမျိုးစုံ၊ နှမ်း၊ မြေပဲနှင့် ပြောင်းစသည်တို့ စိုက်ပျိုးလျက်ရှိရာ စွန်တာနီ(မိုး)သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း စွန်တာနီမိုးကို  ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း၊ ၂၀၂၅/၂၀၂၆ခုနှစ်တွင် စွန်တာနီ(မိုး)စိုက်ပျိုးထားရှိမှုမှာ (၃၀၇)ဧက စိုက်ပျိုးထားရှိပြီး၊ လျားထားချက်ထက်(၁၅) ဧကကျော် ပိုမိုစိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီး ဌာန၏ စာရင်းများအရသိရှိရသည်။ ယခင်နှစ်အထွက်နှုန်းအနေဖြင့် (၈)တင်းခန့်ထွက်ရှိကြောင်း၊ စွန်တာနီသီးနှံကို မြေနုကျွန်းပေါ်ဒေသဖြစ်သော ဒါးကျွန်းရွာ၊ ဖိုးတုတ်ဖြူရွာ၊ သဲဖြူဝရွာနှင့် ပတ္တာကျေးရွာများတွင်စိုက်ပျိုးထားကြောင်း၊ ရာသီဥတုနှင့် မြေအမျိုးအစား၊ စိုက်နည်းစနစ်၊ သွင်းအားစုနှင့် အပင်ပြုစုမှုကောင်းမွန်ပါက အထွက်နှုန်းများ ကောင်းနိုင်မည်ဖြစ်ကြောင်း ဓါးကျွန်းကျေးရွာမှ ပဲစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

မြို့မဈေးတွင် ရောင်းချလျက်ရှိသော ဘိုစားပဲသီး၊ ပန်းငရုတ်ပွသီးနှင့် ခါကြက်ဥဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ဘိုစားပဲသီး၊ ခရမ်းချဉ်သီး ပြောင်း ဖူး၊ ခါကြက်ဥ၊ ပန်းငရုတ်ပွသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ဘိုစားပဲသီး၊ ပန်းငရုတ်ပွသီးနှင့် ခါကြက်ဥများကို  ကန့်ဘလူမြို့မဈေးတွင်ရောင်းချလျက်ရှိပါသည်။ ဘိုစားပဲသီး၊ ပန်းငရုတ်ပွသီးနှင့် ခါကြက်ဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ‌ရောင်းချနေသော ဘိုစားပဲသီး()ပိဿာ လျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ ပန်းငရုတ် ပွသီး()လုံးလျှင် (၁၀၀၀)ကျပ်၊ ခါကြက်ဥ (ဗမာ)()ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်)()ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် နိုဝင်ဘာလ ဒုတိယပတ် တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ပန်းသီးတစ်လုံးလျှင် (၁၀၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ဆားတောင်မြို့ နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင်(၁၅၀၀)ကျပ်မှ (၂၅၀၀)ကျပ်၊သီးမွှေး ငှက်ပြောသီး တစ်ဖီးလျှင် (၂၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်ထိ၊ ဖရဲသီး(ကျောက်စိမ်း) တစ်လုံးလျင် (၃၀၀၀)ကျပ်မှ (၅၅၀၀)ကျပ်ထိ၊ဂျပန် သခွားသီးတစ်လုံးလျှင် (၅၀၀၀)ကျပ်မှ (၇၀၀၀)ကျပ်၊  မာလကာသီး တစ်လုံးလျှင်(၃၀၀)ကျပ်မှ (၅၀၀)ကျပ်ထိ၊ နဂါးမောက်သီး တစ်လုံးလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ ထောပတ်သီး တစ်လုံးလျှင် (၈၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ ၊ထောပတ်သီး (Hass) (1kg)လျှင် (၆၀၀၀)ကျပ်မှ (၈၀၀၀)ကျပ်ထိ၊ စပျစ်သီး အစေ့လွတ် တစ်ပိဿာလျှင် (၃၆၀၀၀)ကျပ်၊တည်သီး တစ်လုံးလျှင် (၇၀၀)ကျပ်မှ (၁၀၀၀)ကျပ်ထိ၊သစ်ကြားသီး တစ်လုံးလျှင် (၂၀၀)ကျပ်၊ ကျွဲကောသီး တစ်လုံးလျင် (၄၀၀၀)ကျပ်မှ (၅၀၀၀)ကျပ်ထိ အသီးသီး အရောင်းအဝယ် ဖြစ်နေကြောင်း ကုန်းဘောင် ဈေးအတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုပေါ်ဆန်း ဆန်စီးထွက်မှုအခြေအနေနှင့် စပါး/ဆန်ဈေးနှုန်းများ

      ရွှေဘိုခရိုင်အတွင်း နိုဝင်ဘာလ ဒုတိယပတ်တွင် ရွှေဘိုပေါ်ဆန်း စပါး/ဆန် ဈေးနှုန်းများ မြင့်တက်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ နိုဝင်ဘာလ ဒုတိယပတ် အတွင်း ရွှေဘိုပေါ်ဆန်းဆန်စီးထွက်မှုမှာ ရန်ကုန်သို့ (၃၇၄၄၆)အိတ်၊ မန္တလေးသို့ (၁၀၂၄၅) အိတ်၊ကျောက်ပန်းတောင်းမြို့သို့ (၃၆၀)အိတ်၊ မိတ္ထီလာမြို့သို့ (၂၃၅)အိတ်၊ ရှမ်းပြည်နယ် တောင်ပိုင်းသို့ (၃၆၀၀)အိတ်၊မူဆယ်သို့(၂၇၀)အိတ်၊ နေပြည်တော်သို့ (၁၃၄၅)အိတ်၊ပဲခူးသို့ (၁၈၄၅)အိတ်၊ ပြည်မြို့သို့ (၅၄၅)အိတ်၊ တောင်ငူသို့ (၉၂၀)အိတ်၊ ကရင်ပြည်နယ် ဘားအံသို့(၂၆၆၀)အိတ်၊ ကချင် ပြည်နယ်သို့ (၃၂၉၅)အိတ်၊ မွန်ပြည်နယ်သို့ (၅၃၈၅)အိတ်၊ မကွေးတိုင်းသို့ (၅၄၀)အိတ်၊ စုစုပေါင်းအိတ်ရေ(၆၈၆၉၁)၊တန်အားဖြင့် (၃၄၃၄)တန် စီးထွက်ခဲ့ပါသည်။

      ရွှေဘိုမြို့၏ နိုဝင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၅၀၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၇5၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်တွင် ပဲ၊နှမ်းကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ရွှေဘိုခရိုင် ဦးစီး မှူးရုံးအနေဖြင့် ရွှေဘိုမြို့ရှိ ပဲပွဲစားများကထိန်တော်အသင်း ပဲ၊နှမ်းကုန်စည်ဒိုင်၏ သီးနှံ အမျိုး အစားအလိုက် အရောင်းအဝယ်ဖြစ်မှုနှင့်ဈေးနှုန်းဈေးကွက် အခြေအနေများအား ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများဖြင့် ဆက်သွယ်မေးမြန်း၍  အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

   ပဲ၊နှမ်းကုန်စည်ဒိုင်အနေဖြင့် ၂၀၂၅ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် ပဲစဉ်းငုံနီ တစ်တင်းလျှင် (၇၆၅၀၀)ကျပ် ပေါက်ဈေးဖြင့် (၄၅၀)တင်း၊တန်အားဖြင့် (၁၅)တန်၊ ၊မြေပဲလုံးဆံဖြူ တစ်တင်းလျှင် (၁၄၀၈၀၀)ကျပ် ပေါက်ဈေးဖြင့် (၉၀၀)တင်း၊တန်အားဖြင့် (၂၁)တန်၊ နှမ်းနက် တစ်တင်းလျှင် (၂၅၃၀၀၀)ကျပ် ပေါက်ဈေးဖြင့် (၉၀၀)တင်း၊တန်အားဖြင့် (၂၂)တန် အရောင်း အဝယ် ဖြစ်ခဲ့ကြောင်း  ပဲပွဲစားများ ကထိန်တော်အသင်း ပဲနှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူ တစ်ဦးထံမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်ရှိ ဆန်စီးထွက်မှုအခြေအနေနှင့် စပါး/ဆန်ဈေးနှုန်းများ

      ရွှေဘိုခရိုင်အတွင်းတွင် နိုဝင်ဘာလ ဒုတိယပတ်တွင် စပါး/ဆန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ နိုဝင်ဘာလ ပထမပတ် တွင် ရန်ကုန်သို့ (၄၂၉၉၉)အိတ်၊ မန္တလေးသို့ (၂၇၆၈၂) အိတ်၊ နေပြည်တော်သို့ (၁၁၃၁)အိတ်၊ပဲခူးတိုင်းသို့ (၄၀၄၀)အိတ်၊ မကွေးတိုင်းသို့ (၈၅၀)အိတ်၊ ရှမ်း(တောင်)သို့ (1၀၆၃၃)အိတ်၊ ကချင်ပြည်နယ်သို့ (၃၀၀၅)အိတ်၊ မွန်ပြည်နယ်သို့ (၃၂၈၉)အိတ်၊ ကရင်ပြည်နယ်သို့ (၃၃၅၅)အိတ် ၊မူဆယ်သို့ (4၈၀)အိတ်၊ဧရာဝတီသို့ (၇၀၀)အိတ် စုစုပေါင်း အိတ်ရေ ၉၈၁၆၄ တန်အားဖြင့် ၄၉၀၈တန် စီးထွက်ခဲ့ပါသည်။

    နိုဝင်ဘာလ ဒုတိယပတ်တွင် ရန်ကုန်သို့ (၅၉၈၈၆)အိတ်၊ မန္တလေးသို့ (၃၇၄၀၆) အိတ်၊ နေပြည်တော်သို့ (1၉၃၅)အိတ်၊ပဲခူးတိုင်းသို့ (၆၃၃၅)အိတ်၊ မကွေးတိုင်းသို့ (၁၁၂၀)အိတ်၊ ရှမ်း(တောင်)သို့ (၁၁၆၃၇)အိတ်၊ ကချင်ပြည်နယ်သို့ (၃၅၄၈)အိတ်၊ မွန်ပြည်နယ်သို့ (၅၅၈၅)အိတ်၊ ကရင်ပြည်နယ်သို့ (၂၆၆၀)အိတ် ၊မူဆယ်သို့ (၃၆၀)အိတ်၊ စုစုပေါင်း အိတ်ရေ ၁၃၀၄၇၂ တန်အားဖြင့် ၆၅၂၄တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခု အပတ်အတွင်း အိတ်ရေ ၃၂၃၀၈၊ တန်အားဖြင့် ၁၆၁၅တန် ပို၍ စီးထွက် ခဲ့ပါသည်။

   ရွှေဘိုမြို့၏ နိုဝင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၅၀၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၇5၀၀၀ ၊  ဧရာမင်းစပါး တင်း 100လျှင် ကျပ် 2၅00000၊ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၂5၀၀၀၊ ရွှေဝါထွန်းစပါး တင်း100လျှင် ကျပ်1၃00000၊ရွှေဝါထွန်း ဆန် 24ပြည်ပါတစ်အိတ်လျှင် ကျပ် 6၀000ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း