ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

                 ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၂.၇.၂၀၂၅) မှ (၁၁.၇.၂၀၂၅) နေ့ထိ ဆန်ဝင်ရောက်မှု စာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ကြားပျံ (၁၉၈၇၈) အိတ်၊ ပေါ်ဆန်းမွှေး (၃၉၈၉၇) အိတ်၊ ပေါ်ကျွဲ (၁၅၃၈၇) အိတ်၊ ဧည့်မထ (၁၅၂၇၅၇) အိတ်၊ ဆန်ကွဲ (၂၉၁၉၉) အိတ် ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း (အရှေ့) ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၁၆၀၈၄) အိတ် နှင့် ပဲခူးတိုင်း (အနောက်) မြို့နယ်များဖြစ်သော သာယာဝတီ၊ သုံးဆယ်၊ လက်ပံတန်း၊ ကြို့ပင်ကောက်မြို့နယ်များမှ ဧည့်မထ (၉၀၁၀၀) အိတ်၊ ငစိန် (၂၂၃၀) အိတ်နှင့် ရန်ကုန်တိုင်း ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ်ကုန်း၊ ပျော်ဘွယ်၊ တိုက်ကြီး၊ ခရမ်း၊ သုံးခွ၊ ဥက္ကံ မြို့နယ်များမှ ဧည့်မထ (၂၇၁၁၀) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

ထားဝယ်မြို့အတွင်းရှိ အုန်းသီးနု ဈေးနှုန်း/ဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီးတွင် အုန်းပင်သည် အလွန်ပင်များပြားသောအပင်တစ်မျိုးဖြစ် သည်။ အုန်းပင်ကို မြန်မာနိုင်ငံအနှံ့အပြားနှင့်ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ အများအ ပြားပေါက်လေ့ရှိသည်။ ထားဝယ်မြို့အတွင်းရှိ အုန်းသီးနုရည်ကို စျေးကြီးများနှင့် အချိုရည်  ဆိုင်များတွင်ပါ ရောင်းချကြောင်းသိရှိရပါသည်။ အုန်းသီးနုရောင်းချရန်အတွက် အုန်းသီးများ မှာဒေသတွင် စားသုံးသူများသောကြောင့် စျေးကွက်ချဲ့ထွင်သူများလည်း အလွန်ပင်များပြား လှပါသည်။ အုန်းသီးနုများကို အုန်းချိုမွှေးနှင့် အုန်းဂျယ်လီများလည်း ပြုလုပ်ရောင်းချကြပါ သည်။
  အုန်းသီးနုသည် ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်သောကြောင့် အားအင်များကိုလည်း ပြန်လည်ပြည့်တင်းပေးပါသည်။ အချို့က သက်သက်အရသာခံသောက်၍လည်ကောင်း၊ သကြားနှင့်ဖျော်၍လည်းကောင်း ၊ သဘာဝသစ်သီးအနေဖြင့်လည်း သောက်သုံးကြပါသည်။ ယခုအခါ အုန်းသီးနု အကြီးတစ်လုံးလျှင် (၃၅၀၀မှ၄၀၀၀) ကျပ်ခန့်ဖြစ်ပေါ်လျက်ရှိကြောင်း သိရ ပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့အတွင်းရှိ မန်ကျည်းသီးဈေးနှုန်း/ဈေးကွက်

   မန်ကျည်းပင်သည် သစ်မာပင်အမျိုးအစားဖြစ်ပြီး အပူပိုင်းဒေသဖြစ်သည့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင်လည်း ပိုမိုပေါက်လျက်ရှိသည်။ စားသုံးသူများအတွက် တစ်ပင်လုံးအသုံးဝင်သော ဆေးဖက်ဝင်တန်ဖိုးရှိသည့် အပင်တစ်မျိုးဖြစ်သည်။ အိမ်ရှင်မတို့၏ မီးဖိုချောင်၌ အမြဲနေရာယူထား သောအသီးဖြစ်ပြီး အစိမ်းပေါ်ချိန်၌ အစိမ်းစားကြသကဲ့သို့ မှည့်သည့်အချိန်တွင်လည်း အစေ့ထုတ် ကာ နှစ်ရှည်ခံအောင် သိမ်းထား၍ရသော အသီးဖြစ်သည်။ ယခုကာလသည် မန်ကျည်းသီးအသစ် ထွက်ရှိနေသည့် ကာလဖြစ်သည့်အတွက် ထားဝယ်ဈေးကွက်၌ အမှည့်တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်ဒေသထွက် ကြက်ဟင်းခါးသီးဈေးနှုန်းအခြေအနေ

   ထားဝယ်မြို့ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းနှင့် လယ်မြေများတွင် သီးပင်၊စားပင်းများစိုက်ပျိုးထားလျက်ရှိရာ ကြက်ဟင်းခါးပင်များကိုလည်း စိုက် ပျိုးထားပါသည်။  ကြက်ဟင်းခါးကို မြေဆီလွှာအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီး အချိန်မှ စ၍ (၇၅)ရက်ခန့်တွင် စတင်ဆွတ်ခူးနိုင်ပါသည်။ ဆွတ်ခူးပြီးသောအသီးများကို စည်ပင်သာယာဈေးကြီးအတွင်း ရောင်းချကြပါ သည်။

   ကြက်ဟင်းခါးသီးတစ်လုံးလျှင် (၇၀၀ မှ ၁၀၀၀)ကျပ်ရှိပြီး ယခင်နှစ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက်လျက်ရှိပြီး တောင်သူများတွက်ချေကိုက်လျက်ရှိကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိရွှေဖရုံသီးစျေးနှုန်း/စျေးကွက်

      ရွှေဖရုံသီး၏အ‌ရောင်သည် ရွှေရောင်ကဲ့သို့ ဝင်းဝါနေပြီး အရာသာ အနည်းငယ်ချို သည်။ ရွှေဖရုံသီး၏အသားသည် မချက်ပြုတ်မီ အလွန်မာကျောသော်လည်း  အပူပေးချက်ပြုတ် ပြီးနောက် အင်မတန်နူးညံ့သည်။ အသီးသာမက အပင်၏အရွက်၊ အညွန့်၊ အပွင့်နှင့်အစေ့တို့ကို လည်း စားသုံးနိုင်သည်။ ထားဝယ်မြို့ပတ်ဝန်းကျင်ကျေးရွာများရှိ လယ်ကွင်း စိုက်ပျိုးခြံများတွင် စိုက်ပျိုး၍ထွက်ရှိလာသောအသီးများကို ကုန်စိမ်းသည်များသို့ ဖောက်သည်ပေးကာ ထိုမှတဆင့် အနီးအနားရှိဈေးများတွင် ပြန်လည်ရောင်းချကြပါသည်။ ရွှေဖရုံသီးတစ်စိတ်လျှင်(၂၀၀၀)ကျပ် ရှိပြီး တစ်လုံးလျှင်(၈၀၀၀)ကျပ်ရှိကြောင်း ကုန်စိမ်းသည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ ခဝဲသီးစျေးနှုန်း/စျေးကွက်

   ခဝဲပင်သည် ဘူး၊ဖရုံ စသောအပင်မျိုး၌ ပါဝင်၍ နှစ်စဉ်စိုက်ပျိုးရသော အပင်တစ်မျိုး ဖြစ်ပါသည်။နွယ်ပင်ကဲ့သို့ လိမ်ယှက်၍ ပေါက်တက်သော အပင်မျိုးလည်ဖြစ်ပါသည်။ ထားဝယ်မြို့ ကမ်းနား ပျံကျစျေးတွင် ဝဲသီးများ ရောင်းချလက်ရှိပါသည်။ ကမ်းနားပျံကျစျေးတွင် ထားဝယ်မြို့ အနီးနား ပတ်ဝန်း ကျင်ကျေးရွာများမှ ကိုယ်တိုင်စိုက်ပျိုးသူများနှင့် တစ်ဆင့်ပြန်လည် ဝယ်ယူရောင်းချလာရောက် ရောင်းချနေ ကြပါသည်။ ခဝဲသီးတစ်လုံးလျှင်ကျပ်(၈၀၀)မှကျပ်(၁၀၀၀) ရရှိနေကြောင်းကုန်စိမ်းရောင်းချ နေသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ ဆေးဖက်ဝင်ကြောင်လျှာသီးဈေးကွက်/ဈေးနှုန်း

        တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ စည်ပင်သာယာစျေးကြီးတွင် ကြောင်လျှာသီးများ ရောင်းချလျှက်ရှိပါသည်။ ကြောင်လျှာသီးသည် အစိမ်းသီးနှင့် အညိုသီးဟူ၍ နှစ်မျိုးရှိသည်။ ကြောင်လျှာသီး သည် လူအများကြိုက်နှစ်သက်သော ဆေးဖက်ဝင်အသီးတစ်မျိုးဖြစ်သည်။ ကြောင်လျှာသီးကို ကြိုက်နှစ်သက် သောပုံစံဖြင့်စားသုံးနိုင်သည်။ ချဉ်ဖက်ထည့်၍လည်းစားနိုင်သည်။ ကြောင်လျှာသီးသည့် အသီးသာမက အပွင့်ပါစားသုံးနိုင်သည်။ ကြောင်လျှာသီး တစ်တောင့်လျှင် ကျပ် (၂၅၀၀)မှ ကျပ်(၃၀၀၀) ထိစျေးကောင်းရရှိ နေကြောင်း ကုန်စိမ်းရောင်းချနေသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အခြေခံစားကုန်စျေးနှုန်းအခြေအနေ

   တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမအပတ်အတွင်း အခြေခံစားကုန်စျေးနှုန်းအများစုမှာ စျေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ ယခင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ အတွင်း အခြေခံစားကုန်စျေးနှုန်းများနှင့်နှိုင်းယှဥ်ပါက စားအုန်းဆီတစ်ပိဿာလျှင် (၇၅၀၀)ကျပ်မှ (၇၁၇၅) ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်မှ (၁၂၀၀၀)ကျပ် ၊ သကြားတစ်ပိဿာ လျှင် (၅၆၀၀)ကျပ်မှ (၅၆၀၀)ကျပ်အထိ စျေးနှုန်းအနည်းငယ်တည်ငြိမ်လျက်ရှိပြီး ကြက်သွန်နီ တစ်ပိဿာလျှင် (၂၄၀၀) ကျပ်မှ (၂၄၀၀)ကျပ်၊ ကြက်သား(cp)တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်မှ (၂၀၀၀၀)ကျပ်သို့ စျေးနှုန်းအနည်းငယ်ခန့်ကျဆင်းနေပြီး အခြားသော အခြေခံစားကုန်စျေးနှုန်းများ မှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ အသား စျေးနှုန်းများအခြေအနေ

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ စည်ပင်သာယာစျေးများတွင် ရောင်းချလျက်ရှိ သော အသားစျေးနှုန်းများမှ ဇူလိုင်လ တတိယအပတ်အတွင်း ကြက်သားစျေးနှုန်းမှာ တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ဝက်သားစျေးနှုန်းမှာတစ်ပိဿာ ၃၄၀၀၀ ကျပ်၊ ဆိတ်သားစျေးနှုန်းမှာ တစ်ပိဿာလျှင် ၃၅၀၀၀ ကျပ်၊ အမဲသားစျေးနှုန်းမှာ တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်ဖြင့် အသီးသီးရောင်းချလျက်ရှိပြီး ရောင်းဝယ်မှုအခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း ထားဝယ်မြို့၊ ကမ်းနားစျေးရှိ အသားရောင်းချ သည့် စျေးသည်များထံသိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ ဒညင်းသီးဆားရေစိမ် (သို့) ဒညင်းသီးချဥ်ဖတ်

   ဒညင်းသီးကို မြိတ်ခရိုင်အတွင်းရှိ ကျွန်းစုမြို့နှင့် တနင်္သာရီမြို့တို့မှ အများဆုံး ထွက်ရှိ၍ မြိတ်မြို့ပေါ်ရှိ ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒညင်းသီးသည် မေလမှ စက်တင်ဘာ လလောက်ထိ ထွက်ရှိသောရာသီပေါ်သီးနှံ တစ်မျိုးဖြစ်သည်။ ကုန်စိမ်းရောင်းချသူ များသည် ဒညင်း သီးအားဝယ်ယူ၍ ပြုတ်၍သော်‌လည်းကောင်း၊ ဆားရေစိမ်(သို့)ချဥ်ဖတ် ပြုလုပ်၍သော်လည်းကောင်း ရောင်းချကြပြီး မြိတ်ဒေသတွင်အများအားဖြင့် ဒညင်းသီးချဥ်ဖတ် ဟုခေါ်ကြသည်။ ဒညင်းသီးချဥ်ဖတ် ပြုလုပ်ရာတွင် ဒညင်းသီး၏အခွံမာအား ခွဲထုတ်ပြီး ထွက်ရှိ လာသော ဒညင်းသီးပေါ်ရှိ အခွံ‌ပျော့အား အနည်းငယ်ခွာ၍ ရေတစ်ရက်စိမ်ပေးကာ အခွံပျော့အား ခွဲထုတ်ရပါသည်။ သုံးရက်/လေးရက် လောက်ရေလောင်း၍ (နေပူမထိရပါ) ဒညင်းသီးအစိမ်း ‌ရောင်ဖြစ်လာပါက ဒညင်းသီးအလုံးခြောက် သွားသည်ထိ သုံးရက်/လေးရက်လောက် နေပူလှန်းရ ပါသည်။ ခြောက်သွားသော ဒညင်းသီးများကို တစ်ရေပြန်ဆေးပြီး စဥ့်အိုးထဲထည့်ကာ ဆားရေတို့ ဖြင့် စိမ်လိုက်ပါက အလုံးသေးပါလျှင် (၇)ရက် အလုံးကြီးလျှင် (၁၀)ရက်အတွင်း ဒညင်းသီးချဥ် ဖတ်ရရှိပါသည်။
    မြိတ်ဒေသတွင် ၂၀၂၄ခုနှစ်ဇူလိုင်လတွင် ဒညင်းသီးချဥ်ဖတ်(၁၀)လုံးလျှင် (၇၀၀)ကျပ်ဖြစ် ၍ ၂၀၂၅ခုနှစ် ဇူလိုင်လတတိယပတ်တွင် ဒညင်းသီးချဥ်ဖတ် (၁၀)လုံးလျှင် (၁၂၀၀)ကျပ်ရှိ ကြောင်း ဒညင်းသီးချဥ်ဖတ်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း