ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသည့် ဆီတို့ဟူး

     ကန့်ဘလူမြို့မဈေးတွင်  ရောင်းချလျှက်ရှိသော ဆီတို့ဟူးများကို ဟိုပင်မြို့နှင့် မိုးညှင်းမြို့ တို့မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဆီတို့ဟူး(၁)သေတ္တာ လျှင် (၄၃၀၀)ကျပ်၊ လက္ကား(၁)သေတ္တာလျှင် (၄၂၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၁၁၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ဆီတို့ဟူးပြုလုပ်ရန် အချဉ်ဖောက်တဲ့အခါမှာလည်း ကောင်းသောဘက်တီးရီ ယားများ ပေါက်ပွားလာလို့ ဆီတို့ဟူးစားသုံးခြင်းက အစာချေစနစ်ကို ကောင်းမွန်စေကြောင်း၊ ဆီတို့ဟူကို ကျေးလက်နေပြည်သူများက ဝယ်ယူစားသုံးကြသည့်အတွက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် ဂျင်း(ချင်း)တက်ဈေးငြိမ်ပြီး ဂျင်းပေါက်ဈေးနှုန်းကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက် ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှ လည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်း မွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့်  ဂျင်း (ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင်(၅၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၅၃၀၀) ကျပ်နှင့် ဂျင်းပေါက်(၁)ပိဿာလျှင် (၄၀၀၀)ကျပ်နှင့် ဂျင်းပေါက်လက္ကားဈေး တစ်ပိဿာလျှင် (၃၈၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဂျင်းပေါက်ကို  ဂျင်းသုပ်၊ လဖက်နှင့်ရော၍လည်ကောင်း အခြား အစားအသောက်များနှင့် တွဲဖက်၍လည်းကောင်း အသုံးပြုကြကြောင်း၊ ဂျင်းတက်/ဂျင်းပေါက် ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ ခရမ်းချဉ်သီးဈေးနှုန်း ပြန်လည်ကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့နယ်တွင် ရောင်းချလျက်ရှိသည့် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ ဝယ်ယူရ ကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ထိုင်ဝမ်အလုံးကြီး(၁)ပိဿာလျှင် (၄၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၄၅၀)ကျပ်နှင့် အလုံးသေးတစ်ပိဿာလျှင် (၃၇၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ခရမ်းချဉ်သီးကို အိမ်ရှင်မများ၊ စားသောက်ဆိုင်များ နှင့်ထမင်းဆိုင်များမှ ဝယ်ယူအသုံးပြုကြကြောင်း၊ ခရမ်းချဉ်သီး ရောင်းချသူထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်သည့် ကြက်ဥ၊ ဘဲဥဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများကို ကန့်ဘလူမြို့ရှိ လက်လီ /လက္ကားဒိုင်များနှင့် မန္တလေးမြို့မှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ် အတွင်း ကန့်ဘလူမြို့မဈေးတွင် ကြက်ဥအလုံးကြီး(၁)လုံးလျှင် (၅၀၀)ကျပ်၊ အလုံးသေး(၁)လုံး လျှင် (၄၇၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဇူလိုင်လ တတိယပတ်အတွင်း ဘဲဥ(၁)လုံးလျှင် (၇၀၀)ကျပ် ဖြင့်ရောင်းချကြောင်း၊ ကြက်ဥကို မုန့်လုပ်ငန်းများ၊ လဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် အိမ်ရှင်မများက ဝယ်ယူအသုံးပြုလျက်ရှိကြောင်း လက်လီ/လက္ကားရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

                                               

ကန့်ဘလူမြို့မဈေး၌ ရောင်းချလျက်ရှိသော ကြက်သားဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်သားများကို ကန့်ဘလူမြို့ရှိ လက်လီ/လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း  ကန့်ဘလူမြို့မဈေး၌ ရောင်းချနေသော ကြက်သားဈေးနှုန်းများမှာ ဒေသကြက်(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ CPကြက်သား(၁)ပိဿာလျှင် (၂၃၀၀၀)ကျပ်၊ ကြက်ရင် ပုံသားသန့်(၅၀)ကျပ်သားလျှင် (၁၂၀၀၀)ကျပ်နှင့် ပေါင်သား(၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကြက်သားများကို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အကင်ဆိုင် များမှဝယ်ယူကြောင်း၊  ကြက်သားရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲနှင့်ပဲတီစိမ်းသီးနှံများ

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ စိုက်ပျိုးတောင်သူများသည် မတ်ပဲသီးနှံနှင့် ပဲတီစိမ်းသီးနှံတို့ကိုလည်း စိုက်ပျိုးကြောင်း၊ ထွက်ရှိသည့် မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများကို ကန့်ဘလူ မြို့ရှိ ပွဲရုံများ၊ မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၈၁၀၀၀) ကျပ်၊ မတ်ပဲမျက်ကွင်းဖြူတစ်တင်းလျှင် (၈၅၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိသောကြောင့် ယခုပတ်အတွင်း မတ်ပဲဈေးနှုန်းများမြင့်တက်လာကြောင်း၊ ဇူလိုင်လ တတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၁၀၉၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုးတစ်တင်းလျှင် (၁၁၇၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သတင်းရရှိ သည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးကွက်

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ၊ ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲမျိုးစုံစိုက်ပျိုးကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ပဲနီ(၁)တင်းလျှင် (၉၈၀၀၀)ကျပ်၊ အကွဲအနာပါ (၁)တင်းလျှင် (၉၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၊ ဇူလိုင်လ တတိယပတ် အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၂၁၀၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၁၂၀၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ထောပတ်ပဲသီးနှံဈေးနှုန်း အနည်းငယ်မြင့် တက်လာကြောင်း၊ ပဲနီနှင့်ထောပတ်ပဲများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချ ကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကော့သောင်းမြို့ ပဲတောင့်ရှည်စျေးနှုန်း

    ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရာသီအလိုက် သီးနှံများ စိုက်ပျိုးသည့် လုပ်ငန်းကို လုပ်ကိုင်စားသောက်ရာတွင် ပဲတောင့်ရှည်ကို တစ်နိုင်တစ်ပိုင် စီး ပွားဖြစ်စိုက်ပျိုးကြပါသည်။ လူတိုင်းကြိုက်ကြသည့် အသီးတစ်မျိူးလည်းဖြစ်ပြီး အကြော်၊ အတို့၊ အမြုပ်၊ သီးစုံပဲဟင်း စသည်တို့ဖြင့် အမျိုးမျိုး စားသုံးကြသည်။

          စိုက်ပျိုးပြီး ထွက်ရှိလာသည့် ပဲတောင့်ရှည်များအား လေဟာပြင်စျေးတွင် ကုန်စိမ်းရောင်း ချသူများ၊ ရပ်ကွက်စျေးငယ်များတွင် ရောင်းချလေ့ရှိကြောင်း စိုက်ပျိုးသူထံမှ သိရှိရပါသည်။ စျေး ကွက်ထဲတွင် ဇူလိုင်လ ပထမပတ်တွင် ဖြစ်ပေါ်နေသော ပဲတောင့်ရှည်စျေးနှုန်းမှာ တစ်ပိဿလျှင် ၂၅၀၀- ၃၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကျွန်းလှမြို့နယ်၌ ပဲဇီးကွက်သီးနှံဈေးနှုန်း အနည်းငယ်ကျဆင်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက် သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲဇီးကွက်သီးနှံများကို ကျွန်းလှမြို့နယ် ကျီကုန်း ကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းများမှာ ပဲဇီးကွက်တစ်တင်းလျှင် (၉၀၅၀၀)ကျပ်၊ အကွဲအနာပါလျှင်(၉၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၅၀၀၀)ကျပ်ကျဆင်းသွားကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့နယ်မှထွက်ရှိသော ပဲဇီးကွက်သီးနှံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

     စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက သောကြာနေ့ တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျှက်ရှိရာ ယခုတစ်ပတ်(၁၁.၇.၂၀၂၅) ရက်နေ့တွင် ဒီဇယ်၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်)တို့၏ ဈေးနှုန်း ပြောင်းလဲမှုမှာ 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၁၁၀ ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၁၆၅ ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၇၈၅ ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၄၂၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များတွင် 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၃၁၅ ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၃၇၀ ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၉၅၀ ကျပ်၊ ဒီဇယ် (အဆင့်မြင့်)ဈေးနှုန်း တစ်လီတာမှာ ၃၆၅၅ ကျပ်ဖြင့် ရောင်းချလျှက်ရှိရာ  ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း