ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့ ဈေးအနည်းငယ်ကျဆင်းလျက်ရှိနေသော ကြောင်လျှာသီး

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်ပင် ဖြစ်သည့် ကြောင်လျှာသီးပင်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့ သစ်ရာမြိုင်ဈေး၏ ကြောင်လျှာသီး ဈေးနှုန်းအနေဖြင့် ကြောင်လျှာသီး လက္ကားဈေး အကြီး တစ်တောင့်လျှင်(၁၅၀၀)ကျပ်၊ လက်လီဈေး အကြီး တစ်တောင့်လျှင်(၁၈၀၀)ကျပ်၊ ကြောင်လျှာသီး လက္ကားဈေး အသေး တစ်တောင့်လျှင်(၁၀၀၀)ကျပ်၊ အသေး တစ်တောင့် လျှင်(၁၃၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ယခင်အပတ်များထက် ဈေးနှုန်းအနည်း ငယ်ကျဆင်းလျက်ရှိပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ဈေးနှုန်းမြင့်တက်သော တောကြက်ဟင်းခါးသီး နှင့် ခဆော့သီး ဈေးနှုန်း

     ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံ နှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုးရောင်းချကြရာ တောကြက်ဟင်းခါးသီးနှင့် ခဆော့သီးကိုလည်း ကျွန်းလှမြို့ ပေါ်ရပ်ကွက်များနှင့် ကျွန်းလှမြို့နယ် အတွင်းရှိကျေးရွာများ ဖြစ်သော ရှမ်းစုကျေးရွာ၊ မန်ကျီးအင်း ကျေးရွာနှင့် တင်းတိန်ရံကျေးရွာတို့တွင် တောကြက်ဟင်းခါးသီးကို စင်ထိုး စိုက်ပျိုးကြကြောင်း သိရပါ သည်။       

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး အတွင်း ရောင်းချလျက်ရှိသည့် တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး တစ်ပြည် လျှင်(၁၂၀၀၀)ကျပ်၊ တောကြက် ဟင်းခါးသီး နို့ဆီ တစ်ဘူးလျှင်(၈၀၀)ကျပ် နှင့် နို့ဆီ(၂)ဘူးလျှင်(၁၅၀၀) ကျပ်၊ ကြက်ဟင်းခါးသီး အလုံးကြီး လက္ကား တစ်ပိဿာလျှင်(၃၇၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ခဆော့သီး လက္ကား တစ်ပြည်လျှင်(၃၀၀၀)ကျပ်၊ လက်လီ တစ်ပြည် လျှင်(၃၂၀၀)ကျပ်၊ နို့ဆီတစ်ဘူး လျှင်(၄၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

၁၄.၇.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင်  ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

          ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးအတွင်းသို့ အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၁၄.၇.၂၀၂၅ ရက်နေ့တွင် ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၇၂၅၅၀၀) ကား (၈၉) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မှော်ဘီ၊ တိုက်ကြီး၊ မန္တလေး ၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံတေး၊ ထားဝယ်၊ ကြံခင်း၊ ခရမ်းတို့မှ သစ်သီးများ ကုန်ချိန်ပိဿာချိန်ပေါင်း (၁၅၉၅၀၀) ကား (၂၂) စီးဝင်ရောက်ပြီး  ကလော၊ ဟဲဟိုး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံတေး၊ ကော့မှူး၊ ညောင်တုန်းတို့မှ ပန်းများ ကုန်ချိန်ပိဿာပေါင်း (၅၁၁၀၀)  ကား (၄၂) စီး ဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၁၄.၇.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီ နှင့် အာလူးဈေးနှုန်းများ

          ၁၄.၇.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ အမြင့်ဆုံးဈေး ကျပ် ၁၀၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၀၀၀၀၊ အောင်ပန်းထူး-၂ ကျပ် ၄၃၀၀၊  အောင်ပန်းထူး-၃ ကျပ် ၅၇၀၀အောင်ပန်းထူး-၄ ကျပ် ၆၃၀၀အောင်ပန်းထူး-၅ ကျပ် ၆၅၀၀၊ ကြက်သွန်နီ ဈေးနှုန်းများမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၁၆၀၀၊ ဆိပ်ဖြူ(သစ်)လတ်ကြီး ကျပ်  ၁၅၀၀၊  ဆိပ်ဖြူ(သစ်)လတ်သန့် ကျပ် ၁၄၀၀၊ ဆိပ်ဖြူ(သစ်) လတ် ချော ကျပ် ၈၀၀၊ မုံရွာ(သစ်) ရှယ် ကျပ် ၁၅၀၀/၁၅၅၀၊ မုံရွာ(သစ်) လတ်ကြီး ကျပ် ၁၄၀၀/၁၄၅၀၊ မုံရွာ လတ်သန့် ကျပ် ၁၃၀/၁၃၅၀၀၊  မုံရွာ လတ်ချော ကျပ် ၈၀၀/၉၀၀ အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။ အာလူးတစ်ပိဿာဈေးနှုန်းများမှာ ဟဲဟိုး အိုကေ ကျပ် ၄၈၀၀၊ ဟဲဟိုး အက်စ်ဝမ်း ကျပ် ၄၈၀၀၊ ဟဲဟိုး အက်စ်တူး ကျပ် ၄၂၀၀၊ တရုတ်အာလူး ကျပ် ၅၀၀၀ ရှိကြောင်းသိရှိရပါသည်။ အာလူးဈေးနှုန်းမှာ မြင့်တက်လျှက်ရှိပြီး ကြက်သွန်ဖြူ ကြူကုတ် တစ်ပိဿာလျှင် အမြင့်ဆုံးဈေး ၂၀၀၀ နှင့် အနိမ့်ဆုံးဈေး ၁၇၀၀ မြင့်တက်လျက်ရှိပါသည်။ ကြက်သွန်နီ မုံရွာဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၅၀ မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၁၄.၇.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

            ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ ငြုပ်သီးများဝင်ရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဝင်ရောက်ပြီး ငြုပ်သီးဈေးနှုန်းများမှာ ၁၄.၇.၂၀၂၅ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီး တစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ(သစ်) အမြင့်ဆုံးဈေး ကျပ် ၇၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၆၅၀၀၊ မြှားနီ(သစ်) အမြင့်ဆုံးဈေး ကျပ် ၉၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၈၀၀၀၊ ပန်းရဲ/မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ် ၈၀၀၀ မှ အနိမ့်ဆုံး ကျပ် ၇၀၀၀၊ မိုးထောင် မြစ်ဝ အမြင့်ဆုံးဈေး ကျပ် ၁၀၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၈၅၀၀၊ ဆင်ဖြူကျွန်း(ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၇၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၆၀၀၀၊ မြစ်ဝ (ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၅၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၄၀၀၀ တို့အသီး သီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။ ငြုပ်သီးဈေးနှုန်းမှာ ယခင်ရက်သတ္တပတ်နှင့် ယခုရက်သတ္တပတ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

              ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၁၀.၇.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၃၆၀ အိတ်နှင့် ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၁၂၀ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၃၆၀ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၉၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၂၀ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၅၈၀ နှင့် ဈေးနှုန်းများမှာ ၄၆၅၀၀ မှ ၄၉၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၄၅၆ အိတ်၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၂၅၄ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၄၀၀၊  ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၉၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၂၀၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၆၀၀ နှင့် ဈေးနှုန်းများမှာ ၄၆၅၀၀ မှ ၄၉၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၀၂၅၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၃၉၇၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၁၄၇၊ ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၉၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၆၅၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၄၃၅၀ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၉၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။

          ၁၀.၇.၂၀၂၅ ရက်နေ့တွင် ဆန်အိတ်ရေစုစုပေါင်း (၄၂၉၅၄) အိတ်ဝင်ရောက်ခဲ့ရာတွင် ဆန်ဈေးနှုန်းများမှာ အနည်းငယ်အေးကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

ပခုက္ကူမြို့၏ မန်ကျည်းသီးမှည့်ဈေးနှုန်းဈေးကွက်

 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်များ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှ ထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။  ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် မန်ကျည်းသီးများ ဈေးငြိမ်ပြီး အရောင်းအဝယ် ဖြစ် လျက်ရှိသည်။ မန်ကျည်းသီးမှည့် အစေ့ပါလက်ကားတစ်ပိဿာလျှင် ကျပ်(၃၆၀၀-၃၅၀၀)၊ အစေ့လွတ် တစ်ပိဿာလျှင် လက်ကားဈေး ကျပ်(၇၀၀၀-၆၅၀၀)၊ လက်လီဈေး ကျပ်(၉၀၀၀-၈၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်ဇွန်လ(ဒုတိယပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးငြိမ်ပြီး အရောင်း အဝယ်ဖြစ်ကြောင်း ဈေးကွက်မှ သိရှိရသည်။ 

    မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းရှင် လှောင်လက်သမား များမှ ကုန်ဝင်မှုရှိသော်လည်း ဝယ်ယူထားရှိပြီး ပြန်လည်ရောင်းချကြကြောင်း၊ အကြော်ဆိုင်၊ အကင် ဆိုင်များမှ မန်ကျည်းသီး အချဉ်ရည်များ ပြုလုပ်ရန်အတွက် ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည် လုပ်ငန်းများနှင့် မန်ကျည်းတော်ဖီ လုပ်ငန်းရှင်များမှလည်း အများအပြား ဝယ်ယူသည့်အပြင် ရန်ကုန် မြို့နှင့် မန္တလေးမြို့များသို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၏ သံပုရာသီးဈေးနှုန်းဈေးကွက်

     လူတို့သည် သံပုရာသီးကို နေ့စဉ်အမျိုးမျိုးပြုလုပ်၍ စားသုံးကြပါသည်။ သံပုရာသီးကို ကျန်းမာရေးအရ အသုံးပြုသလို အသုပ်မျိုးစုံပြုလုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ သံပုရာ သီးကို ပခုက္ကူမြို့အနီးတစ်ဝိုက်ရှိ ကျွန်းဦး၊ ကျွန်းညို၊ ကံလှကျေးရွာများနှင့် မြစ်ခြေ၊ ကမ္မမြို့ ဥယျာဉ်ခြံမြေများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ သံပုရာပင်သည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်ခါစိုက်ပျိုးပြီးလျှင်ပင် နှစ်ရှည်ထိုင်စား၍ရသော သီးနှံပင် ဖြစ်ပါသည်။ သံပုရာပင်ကို တစ်ချို့မှာ အိမ်ခြံဝန်းထဲတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသလို စီးပွားဖြစ်လည်းစိုက်ပျိုးကြပါသည်။ သံပုရာပင် တစ်ပင်လျှင်ထွက်ရှိသော ပျမ်းမျှအသီးနှုန်းမှာ (၇၀-၉၀)အထိ ထွက်ရှိကြောင်း သိရပါသည်။ ပခုက္ကူ ဈေးကွက်သို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ လာရောက်ရောင်းချကြောင်းသိရပါသည်။ ပခုက္ကူ ဈေးကွက်တွင်ရောင်းချလျက်ရှိသော သံပုရာသီးဈေးနှုန်းများအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (ဒုတိယပတ်)တွင် ဆယ်လုံးလျှင် ကျပ်(၈၀၀)၊ တစ်လုံးလျှင် ကျပ်(၁၀၀)ဈေးဖြင့် ရောင်းချလျက် ရှိပါသည်။ သံပုရာသီးများကို ပခုက္ကူဈေးကွက်မှတစ်ဆင့် မြို့ပေါ်ရှိ စားသောက်ဆိုင်များနှင့် ကုန်စိမ်းဈေးကွက်များသို့လည်း တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်သည်ဝါတွင်းကာလဖြစ်၍ ဖျော်ရည်အဖြစ် သောက်သုံးမှုများခြင်းကြောင့် ပိုမိုအရောင်းအဝယ်သွက်ကြောင်း၊ သံပုရာပင် စိုက်ပျိုးသော တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင်လွယ်ကူပြီး စိုက်ပျိုးစရိတ်လည်းသက်သာ၍ နှစ်ပတ်လည်ဝင်ငွေများရရှိလာသဖြင့် အပိုဝင်ငွေများလည်း ရရှိလာကြောင်း သိရှိရသည်။

DOCA(မကွေး)

ပခုက္ကူမြို့ဈေးကွက်၌ ပတ္တမြားငမောက်သရက်သီးများအရောင်းအဝယ်သွက်

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြပြီး နှစ်ရှည်ပင်ဖြစ်သော သရက်သီးနှံကိုလည်း ဥယျာဉ်ခြံမြေများ၊ အိမ်ဝန်းအတွင်း ရှိ စည်းရိုးတန်းများ၊ လယ်ယာမြေကွက်များတွင် အများဆုံးစိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် အစေ့မှ တစ်ဆင့် ရရှိသောပျိုးပင်နှင့် ခေတ်မီနည်းစနစ်ဖြင့် ကိုင်းကူး၍ရရှိသောပျိုးပင်ကို စိုက်ပျိုးကြသည်။ ဒေသတွင်းဝယ်ယူစားသုံးမှုများသော စိန်တလုံးနှင့်မီးချိတ်သရက်သီးမျိုးကို အများဆုံးစိုက်ပျိုး ကြောင်း၊ စိန်တလုံးသရက်သီးများမှာ ဧပြီလဆန်းမှ လှိုင်လှိုင်ထွက်ပေါ်ပြီး မေလဆန်းတွင် အထွက် နှုန်းလျော့နည်းသွားပြီး ဈေးကွက်သို့ သရက်သီးဝင်ရောက်မှု လျော့နည်းလာကြောင်း၊ ယခုအချိန် တွင် မန္တလေးတိုင်းဒေသကြီးမှ ထွက်ရှိသောပတ္တမြားငမောက်သရက်သီးများ ဈေးကွက်သို့ ဝင်ရောက်လာကြောင်း သိရှိရသည်။
 ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် ဈေးနှုန်းအနေဖြင့် ပတ္တမြားငမောက်သရက်သီး တစ်လုံးလျှင် အရည်အသွေးနှင့် အကြီးအသေးလိုက်၍ ဈေးအမျိုးမျိုးရှိပြီး အလုံးလှတစ်လုံးလျှင် ကျပ်(၂၀၀၀-၁၅၀၀)၊ ပုံမှန်တစ်လုံးလျှင် ကျပ်(၈၀၀-၇၀၀)ဈေးဖြင့် ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်ကြောင်း၊ ပတ္တမြားငမောက်သရက်သီးမှာ အချိုဓါတ်လျော့နည်းခြင်းကြောင့် စားသုံးမှုများ ကြောင်း သိရှိရသည်။

DOCA(မကွေး)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

              ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၈.၇.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၁၂၀ အိတ်နှင့် ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၅၈၀ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၂၀၀ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၇၅ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၂၃၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၅၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၂၈၀ အိတ်၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၁၄၅၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၀၅၃၊  ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၂၅၀၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၆၃၂ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၅၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၄၅၁၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၀၄၀၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၆၈၀၊ ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၅၄၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၄၈၇၀ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၅၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိ ရပါသည်။

          ၈.၇.၂၀၂၅ ရက်နေ့တွင် ဆန်အိတ်ရေပေါင်း (၄၄၄၆၀) အိတ်ဝင်ရောက်ခဲ့ရာတွင် ဆန်သစ်များ ဝင်ရောက်လာပါသဖြင့်  ဆန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိကြောင်း  သိရှိရပါသည်။      

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း