
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်အတွင်းရှိ တလုပ်လပ်အနောက်ရွာတွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်း အတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုး လျက်ရှိပြီး ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ စိုက်ပျိုးကြသည်။ ကွမ်း ခြံတစ်ခြံစိုက်ပျိုးပါက သက်တမ်း ၄နှစ်ထိ စိုက်ပျိုးနိုင်သည်။
ကွမ်းစိုက်ပျိုးရန်အတွက် ကွမ်းမျိုး(ကွမ်းအညွန့်)များကို တစ်ညွန့်လျှင် လက်ကားဈေး ငွေကျပ် ၃၀၀ ဖြင့် ဝယ်ယူကာ ကွမ်းခြံတစ်ခြံတွင် ကွမ်းအညွန့် ၁၀၀၀၀ ခန့် စိုက်ပျိုးရကြောင်း၊ ကွမ်းကို ၂၀၂၄ခုနှစ် ဝါခေါင်လတွင် စတင်စိုက်ပျိုး၍ တပေါင်းလတွင် ကွမ်းရွက်များ စတင်ခူးဆွတ်ရပြီး ကွမ်းညွန့် မျိုးကောင်းမျိုးသန့်အပေါ်မူတည်၍ အနည်ဆုံး နှစ်နှစ်မှ ငါးနှစ်ခန့်အထိ ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ၁ဧကလျှင် ငွေကျပ် ၅၀ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ကွမ်းရွက်ကို ၁၀ ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် ၁၀ ပိဿာခန့် ထွက်ရှိရာ တစ်လလျှင် ပိဿာချိန် ၆၀ ထွက်ရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ ဖြင့်ရောင်းချရပြီး အကျိးအမြတ် အနေဖြင့် ငွေကျပ် ၅၀၀၀၀၀/-ကျန်ရှိပြီး ကွမ်းကို မအူပင်မြို့ရှိ ကွမ်းအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း၊ ကွမ်းဒိုင်များမှတစ်ဆင့် ရန်ကုန်မြို့သို့ အများဆုံးတင်ပို့ရောင်းချကြောင်း သိရသည်။
DOCA (ဧရာဝတီ)