
တောင်သာမြို့နယ်သည် ဆည်ရေသောက်အသင့်အတင့်ရှိပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် ကြက်သွန်နီများကို အဓိကစိုက်ပျိုးလျက်ရှိရာ မိုးဦးပဲစဉ်းငုံကိုလည်း စိုက်ပျိုးလျက် ရှိကြောင်း သိရှိရသည်။ မိုးဦးပဲစဉ်းငုံကို (မေလ-ဇွန်လ-ဇူလိုင်လ) များတွင် စတင်စိုက်ပျိုးပြီး ရိတ်သိမ်းထွက်ပေါ်ချိန်မှာ (ဖေဖော်ဝါရီလ-မတ်လ) တို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်း ချိန်အထိ (၇)လခန့်ကြာမြင့်ကြောင်းသိရှိရသည်။
၂၀၂၅-၂၀၂၆ ခုနှစ်၊ ဇူလိုင်လစတုတ္ထပတ်တွင် တောင်သာမြို့နယ်၌ ပဲစဉ်းငုံစိုက်ပျိုး ဧက(၁၄၅၅၂) ဧကစိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ စိုက်ပျိုးမှုအနေဖြင့် သက်ကြီး ရွှေဒင်္ဂါးမျိုးကို တန်းကြား ၄ပေခွဲထား၍ စိုက်ကြောင်း များစွဲပြီး အစေ့ချ စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ တောင်သာမြို့နယ် ပဲစဉ်းငုံစိုက်ရာ၌ တန်းကြားတွင် မြေပဲ၊ နှမ်း၊ ပဲတို့နှင့် သီးညှပ်စိုက်ပျိုးထားကြောင်းသိရသည်။ ယခင်နှစ် ပဲစဉ်းငုံတစ်ဧက အထွက် နှုန်းမှာ (၁၁) တင်း ခန့်ထွက် ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မိုးအသင့်အတင့်ရွာသွန်းသဖြင့် အပင်များ ဖြစ်ထွန်းသောကြောင့် ယခင် နှစ်ထက် အထွက်နှုန်း များပိုမိုထွက်ရှိ်နိုင်မည်ဟုခန့်မှန်းရကြောင်း၊ ပဲစဉ်းငုံသီးနှံသည် အကျိုးအမြတ် များစွာရရှိပြီး သီးထပ်သီးညှပ်အနေဖြင့်လည်း စိုက်ပျိုး၍ ဝင်ငွေ တိုးသော သီးနှံဖြစ်ကြောင်း ပဲစဉ်းငုံစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ တောင် သာ မြို့နယ်၌ ယခုဇူလိုင်စတုတ္ထပတ် တွင် ပဲစဉ်းငုံနီ တစ်တင်းလျှင် (၈၈၀၀၀) ကျပ်ခန့် ပေါက်ဈေး များဖြင့် ဒေသတွင်းပွဲရုံများတွင် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ထိုပွဲရုံများမှတဆင့် မန္တလေး မြို့၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံများသို့ တင်ပို့ရောင်း ချ ကြောင်းသိရှိရသည်။
DOCA(မန္တလေး)