
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင် ငှက်ပျောစိုက်ပျိုးသူများရှိ၍။ မအူပင်ချောင်းကလေးကျေးရွာမှ ထွက်ရှိသော ငှက်ပျောသီးများကို မအူပင် မင်္ဂလာဈေးအတွင်း ရာသီမရွေူ တင်ပို့ ရောင်းချနေကြောင်း သိရသည်။ မအူပင်ခရိုင်တွင် ငှက်ပျောစိုက်ဧက ၃၇၅၀ ဧက စိုက်ပျိုးပြီး နှစ်စဉ် စိုက်ပျိုး၍ မြို့နယ်တွင်းနှင့် ရန်ကုန်သို့ ငှက်ပျော ထွက်ရှိချိန် တင်ပို့ရောင်းချကြောင်း သိရသည်။ ဖီကြမ်း ငှက်ပျောစိမ်းကို အဓိကစိုက်ပျိုးသည်။
ငှက်ပျောဖီကြမ်းမျိုးကို ၁ဧက စိုက်ပျိုးပြီး အပင်ရေ ၁၀၀၀ စိုက်ပျိုးခဲ့ကြောင်း သိရသည်။ ။ ငှက်ပျော်စိုက်ပျိုးမှု ကုန်ကျစရိတ် ၁ဧက တွင် ငွေကျပ် ၅၀၀၀၀၀၀ ကုန်ကျကြောင်း၊ ငှက်ပျော စတင်စိုက်ပျိုးလာသည်မှာ ၅နှစ်ရှိပြီဖြစ်သည်။ ငှက်ပျောကို ၄လ တစ်ကြိမ် အခိုင် ၅၀ခန့် ခုတ်ရ၍၊ တစ်နှစ်တွင် အခိုင် ၁၅၀ခန့် ထွက်ရှိပြီး ဈေးကွက်တင်ပို့ကြောင်း စိုက်ပျိုးသူထံမှ သိရသည်။ ငှက်ပျောဖီး ထွက်ရှိမှု အနေဖြင့် စိုက်ပျိုးဧကပေါ်တွင် အခိုင် ၇၀၀-၈၀၀ ခန့် ထွက်ရှိသည်၊ ဖီးကြမ်း တစ်ခိုင်လျှင် ၆ဖီးမှ ၁၂ဖီး အထိ ထွက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ် ဇူလိုင်လ ငှက်ပျော ဈေးနှုန်းအနေဖြင့် ငှက်ပျော တစ်ဖီးကို ငွေကျပ် ၂၅၀၀ဖြင့် လက်ကား ဖြန့်ဖြူးရောင်းချရပြီး ငှက်ပျောဖီး တစ်ခိုင်ကို ငွေကျပ် ပျမ်းမျှ ၃၀၀၀၀ နှုန်းရရှိသည်။ မိုးတွင်းကာလ ရောက်ရှိပါက အပင်ဟောင်းနှင့် ငှက်ပျောပင်အကြမ်းများကို ရှင်းလင်းပြီး ငှက်ပျောပင် တစ်ပင်စီသာ ချန်ထား၍ အပင်ပြန်လည်ပျိုးရသည်၊ စိုက်ပျိုးမှု အကျိုးအမြတ်အနေဖြင့် တစ်နှစ်အတွင်း ငွေကျပ် ၅၄၀၀၀၀၀ ခန့် အကျိုးအမြတ်ကျန်ရှိကြောင်း စိုက်ပျိုးသူထံမှ သိရသည်။
DOCA (ဧရာဝတီ)