ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပုသိမ်မြို့ဈေးအတွင်းရှိ ကြက်သွန်နီနှင့် အာလူး ဈေးကွက်အခြေအနေ

   ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ပုသိမ်မြို့ဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန် နီ လက်လီဈေးနှုန်းများမှာ ဇွန်လတတိယပတ်မှ ဇွန်လနောက်ဆုံးပတ်ထိ ကြက်သွန်နီ အကြီး တစ်ပိဿာလျှင် ၂၀၀၀/ကျပ်၊ အသေး တစ်ပိဿာလျှင် ၁၅၀၀/ကျပ် ဈေးနှုန်းဖြင့် လက်လီ ရောင်းချခဲ့ပါသည်။ လက်ကားဈေးနှုန်းအနေဖြင့် အချိန်(၁၀)ပိဿာမှ စတင်၍ အိတ်လုံးဈေး ကြက်သွန်နီ အကြီး တစ်ပိဿာလျှင် ၁၉၀၀/ကျပ်၊ ကြက်သွန်နီအလတ် တစ်ပိဿာ လက်ကားဈေးနှုန်းမှာ ၁၆၀၀/ကျပ် ကြက်သွန်နီ အသေး လက်ကားဈေးနှုန်း တစ်ပိဿာလျှင် ၁၃၀၀/ကျပ် ဈေးနှုန်းဖြင့် ဈေးငြိမ်နေပြီး ဇူလိုင်လဆန်းတွင် ကြက်သွန်နီ ဈေးနှုန်းများ ကျဆင်းသွားပြီး ကြက်သွန်နီ(အကြီး) ၁၆၀၀/ကျပ်ဈေး သို့ ကျဆင်းသွားခဲ့ပြီး ဇူလိုင်လတတိယပတ်တွင် ကြက်သွန်နီ ဈေးနှုန်းများ ၁၈၀၀/၂၀၀၀ ကျပ် ဈေး နှုန်းသို့ မြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။

          အာလူးဈေးကွက် ရောင်းချမှုအနေဖြင့် အာလူးတစ်ပိဿာလျှင် ဇွန်လတတိယပတ်တွင် ၄၀၀၀/ကျပ်ဈေးရှိခဲ့သော်လည်း ယခု ဇူလိုင်လ စတုတ္တပတ်တွင်လည်း အာလူးဈေးနှုန်းများမှာ ၅၅၀၀/ကျပ် ဈေးဖြင့် ရောင်းချမှုရှိပြီး ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဈေးငြိမ်နေတဲ့ပုသိမ်မြို့ ဂျင်းနှင့်ကြက်သွန်ဖြူ ဈေးကွက်အခြေအနေ

   ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ပုသိမ်မြို့စည်ပင်သာယာဈေးတွင်ရှိသော ဂျင်းဈေးနှုန်း များမှာ ဇူလိုင်လပထမပတ်တွင် ဂျင်း ၁၀ ကျပ်သားလျှင် ၇၀၀/ကျပ်ရှိခဲ့ပြီး ယခုဇူလိုင်လ စတုတ္တပတ် တွင်လည်း ၇၀၀/ကျပ် ရှိနေပါသည်။ ဂျင်းဈေးနှုန်းများ အတက်/အကျမရှိ ယခင်လဈေးနှုန်းအတိုင်း ဈေးငြိမ်နေပါသည်။

     ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ဇူလိုင်လပထမပတ်တွင် ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ကျပ်သားလျှင် ၁၀၀၀/ကျပ်၊ ယခုဇူလိုင်လ စတုတ္တပတ်တွင် ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ကျပ်သားလျှင် ၁၀၀၀/ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။

    ကြက်သွန်ဖြူ(ရှမ်း) ဈေးနှုန်းအနေဖြင့် ဇူလိုင်လပထမပတ်တွင် ၁၀ကျပ်သားလျှင် ၉၀၀/ကျပ် ပေါက်ဈေးရှိနေပြီး ယခုဇူလိုင်လ စတုတ္တပတ်တွင်လည်း ဈေးနှုန်းအပြောင်းအလဲမရှိ၊ ဈေးငြိမ်နေပါသည်။ ဂျင်း၊ ကြက်သွန်ဖြူ ဈေးကွက်တို့မှာ ဈေးနှုန်းတည်ငြိမ်နေပြီး ပုံမှန်ရောင်းဝယ်လျက်ရှိ ပါသည်။

DOCA(ဧရာဝတီ)

ငရုတ်သီးဈေးကွက်

     ငရုတ်သီးကို နေရာဒေသအနံ့အပြား ပေါက်ရောက်နိုင်သည်၊ နှုံးတင်မြေနုမြေတွင်ပိုမိုဖြစ်ထွန်းပါသည်။ပြည်တွင်း ဒေသအသီးသီးမှ မှငရုတ်သီးစိမ်းများ မတ်လတွင် ထွက်ရှိပါသည်၊ ယခင်ဈေးကွက်တွင် တစ်ပိသာ ၂၀၀၀ဝိ/ မှ ၂၂၀၀ဝိ၊ ယခုဈေးကွက်တွင် တစ်ပိသာ ၅၀၀ဝိ/မှ ၆၀၀ဝိ/ဈေးရှိပါသည်။ ငရုတ်သီးအခြောက်ယခင်ဈေးကွက်တွင် တစ်ပိသာ ၁၈၀၀ဝိ/မှ၂၀၀၀ဝိ၊ ယခုဈေးကွက်တွင် တစ်ပိသာ ၅၀၀ဝိ/မှ ၆၀၀ဝိ/ဈေးရှိပါသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်တို့မှ အများဆုံးထွက်ရှိပါသည်။

( DOCA ဧရာဝတီ)

ပေါက်ပန်းဖြူဈေးကွက် နှင့် ကျန်းမာရေးအကျိုးကျေးဇူး

     ပေါက်ပန်းဖြူသည် နေရာဒေသအနံ့အပြား ပေါက်ရောက်နိုင်သည်၊ တနှစ်ပတ်လုံးပွင့်သော အပင်အမျိုးအစား ဖြစ်သည်၊သဘာဝအလျှောက်ပေါက်ရောက်နိုင်သလို စိုက်ပျိုး၍လည်းရသည် ပေါက်ပန်းဖြူအရွက်တစ်စီး(၃၀ဝိ/) အပွင့် (၁၀)ပွင့်(၃၀ဝိ/)ဈေးရရှိပါသည်။ဝါခေါင်လနှင့် တော်သလင်းလ တို့တွင်ပို၍ ပွင့်သည် ပေါက်ပန်းဖြူ အရွက် ကိုပြုတ်၍သုတ်ခြင်း၊ဟင်းချိုချက်ခြင်း၊အတို့အမြှုပ်လုပ်၍ စားသုံးနိုင်သည်။ ပေါက်ပန်းဖြူပွင့်ကိုကြော်စားခြင်း၊ ဟင်းချိုချက်သောက်ခြင်း၊အတို့အမြှုပ်လုပ်၍စားသုံးနိုင်သည်။စားသုံးခြင်းဖြင့်ကျန်းမာရေးအကျိုးကျေးဇူး (၁၅) မျိုးရရှိနိုင်ပါသည်။အရိုးကျီးပေါင်းရောဂါကိုကာကွယ်ပေးခြင်း၊အရေပြားအတွက်အကျိုးပြုစေခြင်း (သံဓာတ်) ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေခြင်း၊ အယ်ဆိုင်းမားရောဂါဖြစ်ပွားခြင်းမှကာကွယ်ခြင်း၊ သွေးဖိအားကို လျော့ကျစေခြင်း၊ အင်အားကုန်ခမ်းခြင်းကာကွယ်ပေးနိုင်ခြင်း၊ မျက်စိမှုံခြင်းကိုသက်သာစေခြင်း၊ သန္ဓေသား ပုံမှန်ဖွင့်ဖြိုးမှုအတွက်အထောက်အကူဖြစ်ခြင်း၊ အတက်ရောဂါကိုသက်သာစေခြင်း၊ ဖျားနာခြင်းကို သက်သာစေခြင်း၊ စိတ်ပြန်လွင့်ခြင်းရောဂါကိုသက်သာစေခြင်း၊ ဆီးနှင့်ပတ်သတ်သည့် ရောဂါများကိုသက်သာ စေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ အပူလောင်ခြင်းကိုသက်သာစေခြင်း၊ သွေးသားကိုသန့်စင်စေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။

DOCA(ဧရာဝတီ)

 

ကျန်းမာရေးအတွက် ဟင်းတစ်ခွက်ဖြစ်တဲ့ ဂေါ်ရခါးညွှန့်

    ဂေါ်ရခါးညွှန့်သည် ကယ်လိုရီနည်းသော၊ အမျှင်ဓာတ်ကြွယ်ဝပြီး ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝသော ဟင်းသီးဟင်းရွက်ဖြစ်ပါသည်။ ဂေါ်ရခါးညွှန့်တွင် သံဓာတ်နှင့် သွပ်ဓာတ်မြင့်မားစွာ ပါဝင်သည်။ သံဓာတ်နှင့် ဇင့်တို့သည် လူ့ခန္ဓာကိုယ်အတွက် အရေးကြီးသော သတ္တုဓာတ်များ ဖြစ်သည်။ ဂေါ်ရခါးညွှန့်သည် အမျှင်ဓာတ်လည်းကြွယ်ဝသည်။ ဂေါ်ရခါးညွှန့်ဟာ နှလုံးအတွက် အထောက်အကူဖြစ်ပြီး ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။ ဂေါ်ရခါးညွှန့်မှာပါဝင်တဲ့ အာဟာရဓာတ်တွေက ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးအများကြီးရနိုင်ကြောင်း သိရပါသည်။

     အဆိုပါ မိုးရာသီအချိန်တွင် ဂေါ်ရခါးပင်၌ ဂေါ်ရခါးသီးများသာမက ဂေါ်ရခါးညွှန့်လေးများလည်း အညွှန့်တလူလူနှင့် လတ်ဆတ်စွာ ရရှိသည့်အပြင် ကျန်းမာရေးအတွက် အလွန်အကျိုးရှိပြီး ဈေးသက်သာတဲ့ ဟင်းတစ်ခွက်ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် မိုးအေးအေးနှင့် လိုက်ဖက်သည့်အပြင် ကျန်းမာရေးကို အထောက်အကူရစေသည့် ဂေါ်ရခါးညွှန့်များအား သောက်ဆမ်းချက်စားလို့လဲရသလို ကြော်ချက်ကလေး ချက်စားလို့လဲရပါတယ်။ အခုအခါ ဟော့ပေါ့ထဲတွင်လည်း ကျန်းမာရေးအမယ်တစ်ခုအဖြစ် ထည့်ပြုတ်စားနေကြပြီဖြစ်ပါတယ်။ ဈေးကွက်ထဲတွင် တစ်စီးလျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ရာသီစာကလေးဖြစ်သည့်အတွက် အရောင်းသွက်လျက်ရှိကြောင်းနှင့် စားသုံးရန်အထူးသင့်တော်ပါကြောင်း သိရပါသည်။

( DOCA ဧရာဝတီ)

Orange လိမ္မော်သီးအကြောင်း

  Orangeလိမ္မော်သီး၏အရောင်သည် လိမ္မော်ရောင်ရင့်ရင့်နှင့် အနီဘက်သန်းသည့် အနေအထားတွင် ရှိပါသည်။ အရသာသည် ခံတွင်းရှင်းပြီး အချိုဓာတ်ပိုကဲ၍ အရည်အလွန်ရွှမ်းပါသည် ဗီတာမင်Cဓာတ်တိုးဆန့်ကျင်ပါဝင်သောကြောင့် ခန္ဓာကိုယ်အတွက် အကျိုးပြုသော အသီးအနှံတစ်မျိုးဖြစ်ပါသည်။ လိမ္မော်သီး တစ်လုံးတွင် ကယ်လိုရီ ၈၀၊ ပိုတက်ဆီယမ် ၂၅၀ မီလီဂရမ်၊ ကာဟိုက်ဒရိတ် ၁၉ဂရမ် ပါဝင်သည်ဟုသိရှိရပါသည်။ ဗီတာမင်C များစွာပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပါသည်။

          ယခုဇူလိုင်လတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ သစ်သီးဆိုင်များတွင် orangeလိမ္မော်ကို ၁ပိသာ ၁၅၀၀၀ကျပ်ဖြင့် ရောင်းချပြီး onlineဈေးကွက်တွင် 1kg၁၀၀၀၀ကျပ်ဖြင့် ရောင်းချနေသည်ဟုသိရပါသည်။     Orangeလိမ္မော်သီးများကို ရှမ်းပြည်/တောင်ကြီးရှိ လိမ္မော်ခြံများနှင့် ကုန်သည်များဆီမှတဆင့်ကုန်သွယ်ဝယ်ယူ၍ ပြန်လည်ရောင်းချလျက်ရှိပါသည်။

( DOCA ဧရာဝတီ)

Hass ထောပတ်‌ဈေးကွက်

    ထောပတ်မျိုးစိတ်များစွာထဲမှာမှ Hassထောပတ်သီးသည် နိုင်ငံခြားကိုင်းဆက်သီးဖြစ်ပြီး ထောပတ်ဘုရင်ဆိုပြီး တင်စားလောက်အောင် အရသာမှာဆိမ့်ပြီး နူးညံ့အိစက်စားကောင်းပါသည်။အလုံးအ ရွယ်အစားမှာ ပုံမှန်ဒေသထောပတ်သီးထပ်သေးပါသည်။ အစေ့သေးပြီး အသားပြည့်ပါသည်။အ  မျှင်မပါပဲစားလို့ အဆင်ပြေကြ၍ ယခုဈေးကွက်ထဲတွင် ရောင်းအားကောင်းလျက်ရှိပါသည်။ကိုင်း ဆက်သီးမို့kgဖြင့် ရောင်းချလျက်ရှိပါသည်။ဈေးနူန်းသည်အရွယ်အစားပေါ်မူတည်ပြီး ဈေးအမျိုးမျိုး ရှိပါသည်။

    ယခုဧရာဝတီတိုင်းပုသိမ်မြို့ရှိဈေးထဲနှင့် သစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိသော ဈေးနှုန်းများမှာ Babyhassဆိုသည့် အသေးလေးတွေကို 1kg ၄၀၀၀ကျပ်/ ၁၄လုံးဝန်ရပြီး Premium size 1kg ၇၀၀၀ကျပ် /၁၀လုံးဝန်ကျင်ရပါသည်။ Grade A size1kg ၁၀၀၀၀ကျပ်ထိ ရောင်းလျက်ရှိပါသည်/ ၆လုံးဝန်ကျင်ရပါသည်။ယခုအချိန်တွင် hassထောပတ်များကို onlineဈေးကွက်တွင် တွင်ကျယ်စွာ ရောင်းချလျက်ရှိနေပါသည်။1k တွင် အလေးချိန်ကျပ်သား ၆၀ကျပ်သားဝန်းကျင်ဖြစ်ပါသည်။  ထောပတ်သီးသည် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိပါသည်။hassထောပတ်များကို ရှမ်းပြည်နယ်ရှိ ထောပတ်ခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချသည်ဟု သိရပါသည်။

 

( DOCA ဧရာဝတီ)

 

 

ပုသိမ်မြို့သီဟိုစေ့ ဈေးကွက်

       ဧရာဝတီတိုင်းမှာ သီဟိုဠ်စေ့တွေကို ဧကသိန်းချီ စိုက်ပျိုးထုတ်လုပ်ကြပြီး မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်၊ လပွတ္တာခရိုင်၊ ပုသိမ်ခရိုင်တွေထဲက ပင်လယ်ကမ်းစပ်ဒေသတွေမှာရှိတဲ့ ကျေးရွာတွေ က ဒေသခံတောင်သူတွေ အများဆုံး စိုက်ပျိုးကြပါတယ်။ သီဟိုဠ်ကို နွေကာလမှာ အဓိကထား လုပ်ကိုင်ကြပြီး စိုက်ပျိုးထုတ်လုပ်လို့ ဖြစ်ထွန်းအောင်မြင်တဲ့ သီးနှံဖြစ်ပါတယ်။ သီဟိုဠ်စေ့ကို ကလေး လူကြီးမရွေး ကြိုက်နှစ်သက်ကြပါတယ်။ သီဟိုဠ်စေ့မှာ အာဟာရဓါတ်ပြည့်ဝတဲ့အပြင် ကော့ပါး၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ပိုတက်စီယမ်နဲ့ ဇင့်အပါအဝင် သတ္တုဓာတ်တွေနဲ့ ပရိုတင်းတွေပါဝင်ပါတယ်။ ဗီလာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်အီး ၊ ဗီတာမင်ဘီ6 နှင့် အဟာရ များစွာပါဝင်တဲ့အပြင် သင့်တင်စွာစားသုံးလျှင် အကျိုးပြုကိုလက်စထရောတွေကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ကြောင်း သိရပါသည်။

      သီဟိုဠ်စေ့ဈေးမှာ တစ်ပိဿာလျှင် (၃၇၀၀၀/-၃၈၀၀၀/-)အထိ ရှိပြီး အစေ့အရွယ်အစားအလိုက် ဈေးနှုန်းကွာခြားမှုရှိကြောင်း သီဟိုဠ်စေ့ စိုက်ပျိုး ရောင်းချသူတစ်ဦးထံမှ သိရပါတယ်။  ဧရာဝတီတိုင်း အပါအဝင် မြန်မာနိုင်ငံကထွက်ရှိတဲ့ သီဟိုဠ်စေ့တွေကို အရင်က တရုတ်၊ စင်ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ မလေးရှား၊ အာဖရိက၊ ဂျပန်နှင့် အိန္ဒိယစတဲ့ နိုင်ငံတွေကို အဓိက တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

(Doca ဧရာဝတီ)

ကန်ကြီးထောင့်မြို့ရှိ ပဲတောင့်ရှည်ဈေးနှုန်း/ဈေးကွက်

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့်မြို့ပေါ်ရပ်ကွက်များ  တွင်စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီးကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ပုသိမ်မြို့၊ဘူတာဈေးတွင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

    ယခုအခါ ပုသိမ်မြို့ရှိ ဘူတာဈေးတွင် ပဲတောင့်ရှည်သီး ဈေးနှုန်းများမှာ ပဲတောင့် ရှည်သီး ငါးတောင့်ပါတစ်စီးလျှင် (၃၀၀) ကျပ်ရှိပြီး ဆယ်တောင့်ပါတစ်စီးလျှင်(၆၀၀)ကျပ်ရှိကြောင်း ရောင်းချသူများထံမှ သိရပါသည်။

(Doca ဧရာဝတီ)

ပုသိမ်မြို့ရှိ ကြက်ဥ/ဘဲဥဈေးနှုန်း

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်း ဇူလိုင်လစတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော ဘူတာဈေးအတွင်း နေ့စဉ်လက်လီ ရောင်းဝယ်နေသော ကြက်ဥ/ဘဲဥအရောင်းဈေးနှုန်းများမှာ ကြက်ဥ (အကြီး) တစ်လုံးလျှင် (၅၀၀) ကျပ်၊ (အသေး) တစ်လုံးလျှင် (၄၅၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ဘဲဥဈေးနှုန်းများမှာ (အကြီး) တစ်လုံးလျှင် (၆၀၀) ကျပ်၊ (အသေး) တစ်လုံးလျှင် (၅၅၀) ကျပ်တို့ဖြင့်ရောင်းချလျက်ရှိပါသည်။

(Doca ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း