ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင် ရောင်းချနေသော နာနတ်သီး ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  နာနတ်သီးများ ရောင်းချလျက် ရှိကြောင်း  သိရှိရပါသည်။နာနတ်သီးသည် ဈေးနှုန်းသက်သာပြီး အာဟာရဓာတ်များစွာပါဝင်သည့် အသီးတစ်မျိုးဖြစ်ပါသည်။ နာနတ်သီးများမှာ အများအားဖြင့် အခွံနွှာ၍ အသင့်စားသုံးနိုင်သည့် အသီးဖြစ်သည့်အပြင် နာနတ်သီးဖျော်ရည်၊ နာနတ်သီးယို စသည့်ဖြင့် နှစ်သက်သည့်အတိုင်း စားသုံးကြပါသည်။

     ယခုဩဂုတ်လဒုတိယပတ်အတွင်း ရောင်းချနေသော နာနတ်သီးဈေးနှုန်းမှာ နာနတ်သီး အသေး (၁)လုံး လျှင် (၁၈၀၀) ကျပ်နှင့် နာနတ်သီးအကြီး (၁)လုံးလျှင် (၃၀၀၀) ကျပ် အထိရောင်းချလျက်ကြောင်း နာနတ်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ထောပတ်သီး ဈေးနှုန်းဈေးကွက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ထောပတ်သီးများ ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

     ဈေးကွက်အတွင်းရောင်းချနေသော ထောပတ်သီးများကို ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း )  တောင်ကြီး၊ ဟိုပုံ၊ ညောင်‌ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်၊ လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့်ဒေသများမှ တင်သွင်းကြပါသည်။

    ယခုဩဂုတ်လ ဒုတိယပတ်အတွင်း ရောင်းချနေသော ထောပတ်သီးဈေးနှုန်းမှာ ထောပတ်သီးအသေး (၁)လုံး လျှင် (၅၀၀) ကျပ်၊ ထောပတ်သီးအလတ်(၁)လုံးလျှင် (၈၀၀) ကျပ်နှင့် ထောပတ်သီးအကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ် အထိရောင်းချလျက်ကြောင်း ထောပတ်သီး ရောင်းချသူ ထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ကြက်မောက်သီး ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ကြက်မောက်သီးများ ရောင်းချ လျက်ရှိကြောင်း  သိရှိရပါသည်။ ကြက်မောက်ပင်သည် အပူပိုင်းဒေသတွင် ကောင်းစွာဖြစ်ထွန်းပြီး စိုစွတ်သေရာသီဥတုကို ကြိုက်နှစ်သက်သည်။ အပင်မြင့်အမျိုးအစားမဟုတ်သော်လည်း အကိုင်းအခက်များဖြင့် ဘေးသို့ ဖြာထွက်ကာ အသီးထွက်နှုန်းအားကောင်းပြီး အခိုင်လိုက်အသီးသီး လေ့ ရှိသည်။

      ကြက်မောက်သီးတွင် သံဓာတ်ကြွယ်ဝခြင်း၊ ဘီတာမင် C ကြွယ်ဝစွာပါဝင်ခြင်း၊ အမျှင်နှင့် ရေဓာတ်ပြည့်ဝစွာပါဝင်ခြင်းတို့ကြောင့် အဆီကျစေခြင်း၊ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေ ခြင်းနှင့် ကင်ဆာရောဂါများမှ ကာကွယ်ပေးခြင်းစသည့် ကျန်းမာရေး အကျိုးအာနိသင်များစွာ ရရှိ ခြင်းကြောင့် လူကြိုက်များသည့် ရာသီစာသီးနှံတစ်မျိုးဖြစ်ကြောင်းသိရှိရသည်။

      ယခုဩဂုတ်လအတွင်း ဖြစ်ပေါ်နေသော ကြက်မောက်သီးဈေးနှုန်းမှာ တစ်လုံးလျှင် (၂၅၀) ကျပ် အထိ ရောင်းချလျက်ကြောင်း ကြက်မောက်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့တွင် ရောင်းချနေသော ကျွဲကောသီး ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ကျွဲကောသီးများ ရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။ မွန်ပြည်နယ်သည် ကျွဲကောသီးထွက်ရှိရာဒေသဖြစ်ပါသည်။ ကျွဲကောသီး (အဖြူရောင်)နှင့်ကျွဲကောသီး(ပန်းရောင်)ဟူ၍(၂)မျိုးရှိသည်။

     ယခုဩဂုတ်လ ဒုတိယပတ်အတွင်း ရောင်းချနေသော ကျွဲကောသီးဈေးနှုန်းမှာ အလုံးကြီး တစ်လုံးလျှင် (၆၅၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၄၅၀၀)ကျပ်တို့ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဩဇာသီး ဈေးနှုန်း

      ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင် စား သောက်ကြရာမှာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ နှင်းသီး(ခေါ်) လေချူသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်း စိုက်ပျိုးကြသလို မိမိတို့ တောင်ယာ များထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ဩဇာသီးများကို ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏  ဩဇာသီး ဈေးနှုန်း အနေဖြင့် ဩဇာသီး အကြီးတစ်လုံးလျှင်(၄၀၀)ကျပ် နှင့် အသေး တစ်လုံးလျှင်(၃၅၀/၃၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုး(၃)လုံး ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်ထက် ဩဇာသီးဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း   သစ်ရာမြိုင်ဈေး၌ သစ်သီးမျိုးစုံ  ရောင်းချနေ သော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော သနပ်ခါးတုံး ဈေးနှုန်း

      ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် ဈေးများတွင် ရှင်မတောင်သနပ်ခါးတုံးများကို ရွှေဘိုမြို့နှင့်မုံရွာမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့တွင် ရောင်းချနေသော မြန်မာ့ရိုးရာ သနပ်ခါးဈေးနှုန်းမှာ သနပ်ခါးတုံး အကြီးအသေးပေါ်မူတည်၍ အတုံးကြီး(၁)တုံးလျှင်(၅၀၀၀မှ ၅၅၀၀)ကျပ်၊ အလတ်(၁)တုံးလျှင်(၂၅၀၀ မှ ၃၀၀၀)ကျပ်ထိဈေးနှင့် အသေး (၁)တုံးလျှင်(၁၅၀၀ မှ ၂၀၀၀) ကျပ်ထိ နှင့် သနပ်ခါးတုံးအမြစ်တုံးကလေးများသည် (၇၀၀ မှ ၁၀၀၀)ကျပ်ထိ ‌ဈေးနှုန်း အသီး သီးတို့ဖြင့်  အရွက်အစား အမျိုးအစားပေါ်မူတည်၍ ရောင်းချလျက်ရှိကြောင်း  ကားလမ်းများ ခေတ္တ ပိတ်ထားသည့်အတွက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် သနပ်ခါးဈေးနှုန်း အနည်း ငယ်မြင့်တက်လာကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော သကြားခွေနှင့် ဇီးပြား ဈေးနှုန်း

     ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် သကြားခွေနှင့် ဇီးပြားများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂ ခုနှစ်၊ ဩဂုတ်လ ပထမပတ် ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ဇီးပြား ဈေးနှုန်းအနေဖြင့် ဇီးပြား တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ ဇီးပြား(၅၀)ကျပ်သားလျှင်(၀၀၀)ကျပ် ဈေးနှုန်းတို့အပြင် သကြားခွေ ဈေးနှုန်းအနေဖြင့် သကြားခွေ တစ်ပိဿာလျှင်(၇၈၀၀)ကျပ်၊ သကြားခွေ (၅၀)ကျပ်သားလျှင်(၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိခဲ့ပြီး ယခုဩဂုတ်လ ဒုတိယပတ် ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ဇီးပြား ဈေးနှုန်းအနေဖြင့် ဇီးပြား တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၀၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း သကြားခွေ ဈေးနှုန်းအနေဖြင့် သကြားခွေ တစ်ပိဿာ လျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်ထက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ဇီးပြား နှင့် သကြားခွေဈေး အနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

 

အနည်းငယ်မြင့်တက်သော မလိုင်လုံး နှင့် ကုလားပဲချောင်း ဈေးနှုန်း

    ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် မလိုင်လုံး၊ မလိုင်ချောင်းနှင့် ကုလားပဲချောင်းများကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက် ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် မလိုင်လုံး နှင့် ကုလားပဲချောင်းများကို ရောင်းချလျက်ရှိရာ မလိုင်လုံး ဈေးနှုန်းအနေဖြင့် မလိုင်လုံး မလိုင်လုံး တစ်ပိဿာလျှင်(၁၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် လည်းကောင်း ကုလားပဲချောင်း ဈေးနှုန်းအနေဖြင့် ကုလားပဲချောင်း တစ်ပိဿာလျှင်(၁၀၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အနည်းငယ် မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချလျက်ရှိသော ဒေသထွက် ဖရဲသီး ဈေးနှုန်း

       ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်းစိုက်ပျိုးကြသလို  မိမိတို့ တောင်ယာများ ထဲတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် ရာသီပေါ်သီးနှံဖြစ်သည့် ဖရဲသီးများကို မန်ကျည်းအင်းကျေးရွာ၊ သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဖရဲသီး ဈေးနှုန်းများ မှာ ဖရဲသီးအကြီး တစ်လုံးလျှင်(၆၀၀၀)ကျပ်၊  အသေး တစ်လုံးလျှင်(၃၀၀၀)ကျပ် နှင့် ဖရဲသီးစိတ် တစ်စိတ်လျှင်(၂၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၄)စိတ်တို့ဖြင့် ရောင်းချသောကြောင့် ဒေသထွက်ဖြစ်သည့် ဖရဲသီးများ ကားလမ်းအခက်အခဲများကြောင့် အပြင်မပို့ရသည့်အတွက် ယခင်အပတ်ထက် ဈေးအနည်းငယ်ကျဆင်းပြီး  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ သစ်သီးမျိုးစုံ  ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော နဂါးမောက်သီး နှင့် လိမ္မော်သီး ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင် စားသောက်ကြရာမှာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီး ပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး နဂါးမောက်သီးများကို မန်ကျည်းအင်းကျေးရွာ၊ အင်းကောင်းကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နဂါးမောက်သီး ဈေးနှုန်းများမှာ နဂါးမောက်သီး အကြီးတစ်လုံးလျှင်(၁၈၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၁၀၀၀/၁၂၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အလားတူပင် လိမ္မော်သီး ဈေးနှုန်းများမှာ လိမ္မော်သီး တစ် ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၆၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေး၌ သစ်သီးမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း