ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

         ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၉.၈.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၀၁၄ အိတ်နှင့် ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၆၂၀ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၂၃၀ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၄၂ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၃၆၂ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၂၃၆၂ အိတ်၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၅၄၂၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၀၂၅၊  ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၆၀ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၁၅၇ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၁၈၇၄၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၇၈၀၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၃၄၂၊ ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၅၇၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၄၀၂၀ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။

          ၉.၈.၂၀၂၅ ရက်နေ့နှင့် ၈.၈.၂၀၂၅ ရက်နေ့တို့အား နှိုင်းယှဉ်ရာတွင် ၉.၈.၂၀၂၅ ရက်နေ့တွင် ဆန်အိတ်ရေလျော့နည်း၍ ဝင်ရောက်ပြီး ဆန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

         

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

       ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၈.၈.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၁၉၂၀ အိတ်နှင့် ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၈၄၂ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၁၀၀ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၄၂ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၂၆၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၂၂၅၄ အိတ်၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၇၅၀၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၃၇၈၊  ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၂၀ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၀၂၃ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၂၅၆၀၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၉၆၅၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၂၅၀၊ ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၇၄၅၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၄၃၄၂ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။

          ၈.၈.၂၀၂၅ ရက်နေ့တွင် ကုန်စည်ဒိုင်သို့ ပဲခူး(အရှေ့)၊ (အနောက်)နှင့် ဧရာဝတီတိုင်းတို့မှ ရှယ်စ(၆၇၃၄) အိတ်၊ ဆန်ကြမ်းထိပ်စ(၅၅၅၇)အိတ်၊ လတ်စအိတ်(၃၇၂၈) အိတ်၊ ၂၅ မတ်ဆန် (၂၅၀၇) အိတ်၊ ဆန်ကွဲ(၁၂၆၂၅) အိတ် စုစုပေါင်းဆန်အိတ်(၃၁၁၅၁) အိတ်တို့ဝင်ရောက်ခဲ့ကြောင်းနှင့် ဆန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိကြောင်း  သိရှိရပါ သည်။     

DOCA(ရန်ကုန်)

 

 

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘော/ကားများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

        ၈.၈.၂၀၂၅ ရက်နေ့တွင် ဖျာပုံမြို့နယ်မှ ဝင်းစိန်သင်္ဘောဖြင့် ကြားပျံ(၉၃၀) အိတ်၊  ပေါ်ကျွဲ (၂၃၀) အိတ်၊ ဧည့်မထ(၂၂၆၇)အိတ်၊ ဆန်ကွဲ(၁၀၀၂) အိတ်၊ ဘိုကလေးမြို့နယ်မှ သုခဝတီ ရေယာဉ် ဖြင့်  ကြားပျံ (၂၉၆) အိတ်၊ ဧည့်မထ (၁၂၁၂) အိတ်၊ မော်ကျွန်းမြို့မှ သီရိဧရာသင်္ဘောဖြင့်  ပေါ်ဆန်း (၃၀၅၀) အိတ်၊ ပေါ်ကျွဲ (၂၅၀) အိတ်၊ ဧည့်မထ(၁၅၅၀) အိတ်၊ ဆန်ကွဲ (၈၀၀) အိတ်တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။

          ၈.၈.၂၀၂၅ ရက်နေ့တွင် ကြားပျံ(၁၂၂၆) အိတ်၊ ပေါ်ဆန်း(၃၀၅၀) အိတ်၊ ပေါ်ကျွဲ(၄၈၀) အိတ်၊ ဧည့်မထ(၅၀၂၉) အိတ်၊ ဆန်ကွဲ(၁၈၀၂) အိတ် စုစုပေါင်းအိတ်(၁၁၅၈၇) အိတ်တို့ဝင်ရောက်ခဲ့ရာ ၇.၈.၂၀၂၅  ရက်နေ့ဆန်ဝင်ရောက်မှုထက် ပိုမိုဝင်ရောက်မှုရှိကြောင်း သိရှိခဲ့ရပါသည်။

DOCA(ရန်ကုန်)

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘောများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

       ၇.၈.၂၀၂၅ ရက်နေ့ မြောင်းမြမြို့နယ်မှ ဧည့်မထ (၂၂၀)အိတ်၊ ဝါးခယ်မမြို့မှ ကားဖြင့် ပေါ်ဆန်း(၃၇၀) အိတ်၊ ဧည့်မထ(၁၀၀) အိတ်၊ ဘိုကလေးမြို့နယ်မှ အောင်ချမ်းသူရေယာဉ်ဖြင့် ဧည့်မထ (၁၂၃၃) အိတ်၊ ဆန်ကွဲ(၃၀၀) အိတ်၊ လပွတ္တာမြို့နယ်မှ ဇော်မြင့်မြတ်ရေယာဉ်ဖြင့် ပေါ်ဆန်း(၁၅၉၀) အိတ်၊  ပေါ်ကျွဲ(၃၅၈) အိတ်၊ ဆန်ကွဲ (၂၈၈) အိတ်၊ ကားဖြင့် ဧည့်မထ(၁၄၀၀) အိတ်၊ ဆန်ကွဲ(၂၅၀) တို့ဝင်ရာက်ခဲ့ကြောင်း သိရှိရပါသည်။

          သို့ဖြစ်ပါ၍ ၇.၈.၂၀၂၅ ဆန်ဝင်ရောက်မှုတွင် ပေါ်ဆန်း(၁၉၆၀) အိတ်၊ ပေါ်ကျွဲ(၃၅၈) အိတ်၊ ဧည့်မထ(၂၉၅၃) အိတ်နှင့် ဆန်ကွဲ(၈၃၈) အိတ် စုစုပေါင်း(၆၁၀၉) အိတ်တို့ဝင်ရောက်ခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ရန်ကုန်)

 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၁ ) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက် ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံနှင့် ရွှေဘိုဒေသတို့မှ ကြက်သွန်နီ (၄၂၆၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၁၇၀၄၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရ သိရှိရ သည်။ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၈၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၀၀ ၊ အကြီးမှာ ကျပ် ၁၄၀၀၊ ရှယ်မှာ ကျပ် ၁၆၀၀၊ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်)  အချော တစ်ပိဿာ ကျပ် ၈၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၃၀၀ ၊ အကြီးမှာ ကျပ် ၁၅၅၀၊ ရှယ်မှာ ကျပ် ၁၇၀၀၊ ရွှေဘို ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၁၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၄၅၀ ၊ အကြီးမှာ ကျပ် ၁၈၅၀၊ ရှယ်မှာ ကျပ် ၁၉၅၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရ ပါသည်။

          ၁၁.၈.၂၀၂၅ ရက်နေ့တွင် မြင်းခြံကြက်သွန်နီဈေးနှုန်းများမှာ ၇.၈.၂၀၂၅ ရက်နေ့ က ဈေးထက် ဈေးအနည်းငယ်ကျသွားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

ချောင်းဆုံမြို့နယ်တာဝန်ခံသည် အုန်းဆံကြိုးဖြင့်လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

      ၁၂.၈.၂၀၂၅ ရက်နေ့ နံနက် (၉း၃၀) နာရီအချိန်တွင် ချောင်းဆုံမြို့နယ်တာဝန်ခံသည် ချောင်းဆုံမြို့နယ်၊ မုနိုင်း‌ကျေးရွာရှိ အုန်းဆံကြိုးဖြင့်လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား တစ်ရက်ထုတ်လုပ်နိုင်မှု၊ တစ်လထုတ်လုပ်နိုင်မှု၊ ကုန်ကြမ်းရရှိမှု၊ ဈေးနှုန်းအခြေအနေများကို မေးမြန်းခဲ့ရာ လုပ်ငန်းရှင်က ကုန်ကြမ်းများကို ချောင်းဆုံမြို့နယ်အတွင်းသာဝယ်ယူပြီး အုန်းသီး ခွံ ၁ ပိဿာလျှင် (၉၀၀၀) ကျပ်ဖြင့် ဝယ်ယူရရှိကြောင်း၊ ထုတ်လုပ်သည့်ပစ္စည်းအနေဖြင့် ခြေသုတ်ခုံပြုလုပ်ကြောင်း၊ တစ်လလျှင် အခုရေ (၁၀၀) ခန့်ထုတ်လုပ်နိုင်ပြီး ခြေသုတ်ခုံ တစ်ခုလျှင် (၁၂၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း၊ ကုန်ချောကို ချောင်းဆုံမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်၊ ကရင်ပြည်နယ်များသို့ တင်ပို့ရောင်းချရကြောင်း သိရသည်။ လုပ်သမားဦးရေ (၅) ဦးဖြင့် လုပ်ကိုင်လျက်ရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ် နတ်စမ်းကျေးရွာ၌တစ်နိုင်တစ်ပိုင် ဘိုစားပဲသီးစိုက်ပျိုးသူများ မိသားစုအဆင်ပြေ

     ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာ၌ ခြံပိုင်ရှင်များအနေဖြင့် ဘိုစားပဲသီးများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိရာ အထွက်ကောင်းပြီး စျေးကောင်းလည်းရရှိသဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရပါသည်။

          အဆိုပါ ဘိုစားပဲသီးများကိုစိုက်ပျိုးရာ၌ ခြံရှင်များအနေဖြင့် ဘိုစားပဲသီးစေ့ကို အစေ့ လိုက်ချ၍ စိုက်ပျိုးပေးရပြီး အညွန့်လေးများတက်လာလျှင် တိုင်ထောင်ပေးရသည်။ မြေသြဇာအဖြစ် နွားချေးကိုအသုံးပြု၍ရကြောင်း၊ စိုက်ပြီး ၄၅ရက်ခန့်တွင် သန်မာကြီးထွားပြီး လတ်ဆတ်သည့် ဘိုစားပဲကို ဆွတ်ခူးကာ စျေးကွက်အတွင်း တင်ပို့ရောင်းချနိုင်ပြီဖြစ်ကြောင်း၊ ဘိုစားပဲကို မော်လမြိုင်မြို့ကြီးမှ ဖောက်သည်ဝယ်လက်များ၊ စားသောက်ဆိုင်ကြီးများမှ မှာယူမှု ပိုမို များပြားလာကြောင်း၊ ဘိုစားပဲတစ်ပိသာလျှင် ၅၀၀၀ကျပ်ထိ ဖောက်သည်ပေးရကြောင်း၊ တစ်ရက်ခြားခူးလျှင် ၂၅ ပိသာခန့်ရသဖြင့် တစ်ရက်ခြားဝင်ငွေ (၇၀၀၀၀)ခန့်ရကြောင်း နတ်စမ်း ကျေးရွာမှ ဘိုစားပဲသီးတစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသူ ‌ဒေါ်အေး၏ ပြောပြချက်အရ သိရသည်။

DOCA (မွန်)

ကျိုက်မရော၌ ခဝဲသီးစီးပွားဖြစ် စိုက်ပျိုးသူများစျေးကောင်းရ၍ အဆင်ပြေ

    ကျိုက်မရောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးဖြင့် အသက်မွေး ဝမ်းကျောင်းပြုသူများဖြစ်ရာ  မိုးရာသီတွင် ခဝဲသီးများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ယခုချိန်၌ ခဝဲသီး စျေးလည်းကောင်းရရှိသဖြင့် မိသားစု  အဆင်ပြေလျက်ရှိနေကြောင်း သိရသည်။

    ခဝဲသီးသည်  စားဖိုဆောင်သီးနှံတစ်ခုဖြစ်ပြီး အိမ်ရှင်မများအကြိုက်လည်း ဖြစ်ကာ စိုက်ပျိုးရလည်းလွယ်ကူသဖြင့် ခြံဝင်းကျယ်ရှိသူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည်။ ခဝဲသီးကို မိုးရာသီ  မိုးများသည့်.ဇူလိုင်လတွင်စတင်စိုက်ပျိုးကြပြီး  ရက်ပေါင်း  ငါးဆယ်အကြာတွင် ဖွံထွားသော ခဝဲတောင့်များ စင်အပြည့်သီးလာကြောင်း၊ ခဝဲသီးကိုအထွက်နှုန်းကောင်းစေရန် သဘာဝမြေသြဇာများဖြစ်သော နွားချေး၊ ကြက်ချေး၊ တီစူပါ စသည့်မြေသြဇာများကို  အပွင့်များ လှိုင်လှိုင်ပွင့်ချိန်၌ ကျွေးရပြီး အသီးများ ပိုးမကျစေရန် ပိုးသတ်ဆေး ဖြန်းပေးရကြောင်း၊ ပျားပိုး ကောင်လေးများ အန္တရာယ်မှကာကွယ်ရန် ပျားဆေးဖြန်းပေးရကြောင်း  ခဝဲသီး  တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသူ ဒေါ်ခင်မာချိုထံမှ သိရသည်။

    ခဝဲသီး  တစ်ဧက စိုက်ပျိုးလျှင် အပင် ၈၀၀၀ ခန့်စိုက်ပျိုးနိုင်ပြီးစင်ကောင်းကောင်း ဆောက်ပေးရပြီး ခဝဲသီး သီးချိန်တွင် စင်အပြည့်သီးကာ တစ်ပတ်လျှင်တစ်ကြိမ်ခူးရကြောင်း၊ ခဝဲသီးတစ်ထောင့်ကို (၈၀၀) ကျပ်မှ (၁၀၀၀) ကျပ်ထိရောင်းချရကြောင်း၊ ယခုချိန်၌ ရာသီစာ ခဝဲသီးများ လှိုင်လှိုင်ထွက်ရှိကာ စျေးကောင်းရသဖြင့် စိုက်ပျိုးသူများ မိသားစု အပိုဝင်ငွေ ရရှိကာ အဆင်ပြေကြကြောင်း သိရသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာ ရာသီဥတုကောင်းမွန်သဖြင့် သခွားသီးစိုက် တောင်သူများ မိသားစုဝင်ငွေတိုးတက်ရရှိ

      မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်ကျေးရွာတွင် ယခုနှစ်ရာသီဥတု ကောင်းမွန်ပြီး မိုးများသဖြင့် ယခင်နှစ်ထက် သခွားသီးအထွက်နှုန်းတိုးကာ ဈေးကောင်းရရှိခြင်းကြောင့် သခွားသီးစီးပွားဖြစ် စိုက်ပျိုးသူများ ဝင်ငွေတိုးတက်လျက်ရှိသည်။

          မိုးရာသီအစ နယုန်လတွင် သခွားစေ့များကို မြေကြီးတွင် အစေ့ချစိုက်ပျိုးကာ ရက်ပေါင်း ၂၀ ခန့်အကြာတွင် တိုင်ထောင်ပေးရကြောင်း၊ နောက်ထပ် ရက်‌ (၃၀) ခန့်တွင် သခွားသီးများ ရရှိပြီးဖြစ်ကြောင်း သခွားပွင့်ချိန်တွင် အပွင့်အားတိုးဆေးနှင့် အသီးသီးချိန်တွင် ပျားပိုးမထိုးနိုင်အောင် ပိုးသတ်ဆေးဖျန်းပေးရကြောင်း သိရသည်။

          သခွားသီးကို တစ်ရက်ခြားတစ်ကြိမ်ခူးဆွတ်နိုင်ပြီး တစ်ခါခူးလျှင် ပိဿာချိန် ၃၀၀ ခန့် ရရှိကြောင်း၊ ယခုကာလတွင် တစ်ပိဿာ ၂၀၀၀ ခန့်ရရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ စိုက်ပျိုးစရိတ်လည်းကာမိကြောင်း၊ သခွားသီးသည် ထမင်းဝိုင်းတွင် တို့စရာအဖြစ် လူအများ နှစ်သက်ကြသဖြင့် ဈေးကွက်အတွင်း အရောင်းသွက်သော သီးနှံတစ်မျိုးဖြစ်ကြောင်း စီးပွားဖြစ် သခွားစိုက်တောင်သူ ဦးကျော်ဦး၏ ပြောကြားချက်အရ သိရသည်။

DOCA (မွန်)

မိုးရာသီတွင် ပုဇွန်(ဘော့ချိတ်)များ လှိုင်လှိုင်ထွက်ရှိ၍ ဈေးကောင်းရလျက်ရှိ

      မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျေးရွာများတွင် ပုဇွန်(ဘော့ချိတ်) (ဒေသအခေါ် ဘော့ချိတ်) များလှိုင်လှိုင်ထွက်ရှိ၍ တစ်နိုင်တစ်ပိုင်ငါးဖမ်းသမားများ ဝင်ငွေကောင်း လျက်ရှိကြောင်း သိရသည်။ ချောင်းဆုံမြို့နယ် သံလွင်မြစ်နှင့် ချောင်းငယ်များမှ ရရှိသော ဘော့ချိတ်ပုဇွန်များကို ရပ်ကွက်၊ ကျေးရွာများနှင့် မော်လမြိုင်မြို့ပေါ်သို့ တင်ပို့ရောင်းချ ရကြောင်း သိရသည်။ ဘော့ချိတ်ပုဇွန်သည် အခြားပုဇွန်များထက် အရသာပိုချိုသောကြောင့် ဒေသခံလူမျိုးတိုင်းက ကြိုက်နှစ်သက်ကာ ယခုလို မိုးရာသီတွင် ဘော့ချိတ်ပုဇွန်များမှာ အခြားပုဇွန်များထက် ရောင်းအားကောင်းလျက်ရှိသည်။ ဘော့ချိတ်ပုဇွန်အကြီးများကို အကောင်လိုက်ဆီပြန်ချက်စားခြင်း၊ အလတ်များကို ငရုတ်သီးခွဲခြမ်းဖြင့် အစပ်ကြော်စားခြင်း၊ အသေးများကို အချဉ်ရည်ဟင်းများတွင် ဟင်းခတ်ချက် စားခြင်းဖြင့် ထမင်းမိန်စေသည့် ဟင်းလျာများဖြစ်သဖြင့် လူအများကြိုက်နှစ်သက်ကြသည်။ ဘော့ချိတ်ပုဇွန် တစ်ဆယ်သားလျှင် အကြီး (၅၀၀၀) ကျပ်၊ အလတ် (၄၀၀၀) ကျပ်၊ အသေး (၃၀၀၀) ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။

DOCA (မွန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း