ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးမြို့၊ မကြီးကန်ကျေးရွာ၌ မိုးမြေပဲများအထွက်နှုန်းကောင်း၍ တောင်သူများ အဆင်ပြေလျက်ရှိ

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ရှိ မကြီးကန်ကျေးရွာ၊ ဆားတိုင်ကန်၊ နွားကူး၊ စမ်းကန်ကျေးရွာများသည် စိုက်ပျိုးရေးအဓိကထားလုပ်ကိုင်ပြီး ပဲ၊ နှမ်း၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

   မကြီးကန်ရွာနေ ပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ မိုးမြေပဲများ စိုက်ပျိုးရာတွင် စွန်တာနီ(လုံးဆံနီ)နှင့် ဗီယက်နမ်ရေဆင်း(လုံးဆံဖြူ)မျိုးများကိုသာ အဓိကထားစိုက်ပျိုးကြကြောင်း၊ ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ ၂၀၂၅ခုနှစ်၊ မေလဆန်းတွင် စတင်စိုက်ပျိုး ပြီး ဇူလိုင်လ(တတိယပတ်)တွင် တူးဖော်ရိတ်သိမ်းကြောင်း၊ (၁)ဧကလျှင် မျိုးပဲဆံ(၂)တင်းခန့် ကုန် ကျကြောင်း၊ မျိုးအနေဖြင့် ယခင်နှစ်က မိမိယာခင်းမှထွက်ရှိသော မြေပဲများကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် စက်မောင်းခ၊ လုပ်အားခ၊ ဆေးဖြန်းခ၊ ရိတ်သိမ်း ခူးဆွတ်ခနှင့် အခြားစရိတ်များအပါအဝင် စုစုပေါင်း ကျပ်(၁၁)သိန်းကျော်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် မြေပဲတောင့် တင်း(၁၀၀)အထိ ထွက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (စတုတ္ထပတ်)တွင် မြေပဲတောင့်တစ်တင်းလျှင် ကျပ်(၂၂၀၀၀)ဖြင့် ရောင်းချ၍ အကျိုးအမြတ်အနေ ဖြင့် (၁)ဧကလျှင် ကျပ်(၁၁)သိန်းခန့်ရရှိကြောင်း စျေးကွက်အနေဖြင့် ယာခင်းထဲသို့ ပွဲစားကိုယ်တိုင် တိုက်ရိုက်လာရောက်ဝယ်ယူကြောင်း သိရှိရသည်။

DOCA(မကွေး)

 

မကွေးမြို့နယ်၊ ရွှေကျင်ကျေးရွာ၏ နှမ်းနက်(ရိုးရိုး)ထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ရှိ မကြီးကန်ကျေးရွာ၊ နွားကူးကျေးရွာ၊ ပုထိုးစမ်းကျေးရွာ၊ ဇီးကျွန်းကျေးရွာ၊ ရွှေကျင်ကျေးရွာများသည် စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်လျက်ရှိပြီး မြေပဲ၊ နှမ်း၊ ပဲစင်းငုံ၊ ကြက်သွန်နီစသည်သီးနှံများကို ရာသီအလိုက်စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

          မကွေးမြို့နယ်၊ ရွှေကျင်ကျေးရွာနေ နှမ်းစိုက်တောင်သူတစ်ဦး၏ပြောကြားချက်အရ ၎င်း အနေဖြင့် နှမ်းနက်()ဧကခန့်ကို ၂၀၂၅ခုနှစ်၊ မေလ(ပထမပတ်)တွင် စတင်စိုက်ပျိုးပြီး ဇူလိုင်လ (တတိယပတ်)တွင် ရိတ်သိမ်းကြောင်း၊ ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထားပြီး ()ဧက လျှင် မျိုး()ပြည်ခန့် ကုန်ကျကြောင်း၊ မျိုးအနေဖြင့် ယခင်နှစ်က မိမိစိုက်ခင်းမှထွက်ရှိသည့် နှမ်း နက်များကို မျိုးအဖြစ် ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ထွန်ယက်ခ၊ လုပ်အားခ၊ ရိတ်သိမ်းခနှင့် အခြားသွင်းအားစုစရိတ် အပါအဝင် စုစုပေါင်း ကျပ်(၆၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် ()ဧကလျှင် ()တင်းထိ ထွက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် ()တင်းလျှင် ကျပ်(၂၃၀၀၀၀)ဖြင့် ရောင်းချရ၍ အကျိုးအမြတ်အနေဖြင့် ()ဧကလျှင် ကျပ်(၇၈၀၀၀၀)ခန့် ရရှိ ကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ရှိ သီးနှံပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း သိရှိ ရသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ သံပုရာသီး၊ ရှောက်သီးဈေးနှုန်းကျဆင်း

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ သံပုရာသီးနှင့် ရှောက်သီးများကို မြို့ပေါ်ရပ်ကွက်များနှင့် မြို့ပတ်ဝန်းကျင်ရှိကျေးရွာများမှ တနိုင်တပိုင်စိုက်ပျိုး ရောင်းချကြသည့်အပြင် သရက်၊ တောင်တွင်းကြီး၊ မင်းဘူး၊ မကွေးမြို့တို့မှလည်း မှာယူရောင်းချ ကြကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် သံပုရာသီး(၁)လုံးလျှင် (အလုံး အကြီး၊ အသေး)ပေါ် မူတည်၍ ကျပ်(၅၀-၁၀၀)၊ ရှောက်သီး(၁)လုံးလျှင် ကျပ်(၁၅၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇွန်လ(ပထမပတ်)တွင် သံပုရာသီး(၁)လုံးလျှင် ကျပ်(၂၀၀)၊ ရှောက်သီး(၁)လုံးလျှင် ကျပ် (၃၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် သံပုရာသီး ကျပ်(၅၀- ၁၀၀)၊ ရှောက်သီး ကျပ်(၁၅၀)ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ယခုအချိန်တွင် မင်းလှ မြို့ပေါ် ရပ်ကွက်များနှင့် မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် သံပုရာသီး၊ ရှောက်သီးများ လှိုင်လှိုင် ထွက်ရှိချိန်ဖြစ်၍ ဈေးနှုန်းမှာ ကျဆင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

သရက်မြို့၊ မြို့မဈေး၌ ကြက်သွန်ဖြူဈေးနှုန်းမြင့်တက်

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ မြို့မဈေး၌ ကြက်သွန်ဖြူ(ရှမ်း/ဗမာ)မျိုးကို အောက်လံမြို့ရှိ ပွဲရုံများနှင့် အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် ကြက်သွန်ဖြူရှမ်းဥ()ပိဿာလျှင် ကျပ်(၁၁၅၀၀)၊  ကြက်သွန်ဖြူဗမာအကြီးအသေး()ပိဿာလျှင် ကျပ်(၇၅၀၀)ဖြင့် ရောင်းချလျက်ရှိပြီး (တတိယ ပတ်)တွင် ကြက်သွန်ဖြူရှမ်းဥ()ပိဿာလျှင် ကျပ်(၁၀၅၀၀)၊ ကြက်သွန်ဖြူဗမာ(အကြီး၊ အသေး) ()ပိဿာလျှင် ကျပ်(၇၀၀၀)ဖြစ်၍ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၅၀၀-၁၀၀၀)ခန့် ဈေးနှုန်းအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ကြက်သွန်ဖြူ ထွက်ပေါ်ချိန်ရာသီမဟုတ်သည့်အပြင် မိုးရာသီဖြစ်၍ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် သယ်ယူစရိတ်မြင့်မား၍ ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

မကွေးမြို့၏ ရုံးပတီသီးဈေးနှုန်းအခြေအနေ

  မကွေးတိုင်ဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိ ဈေးများတွင် ရာသီမရွေးစိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်သည့် ရုံးပတီသီးများ နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ရုံးပတီသီး လက်ကားဈေး တစ်ပိဿာလျှင် ကျပ်(၂၃၀၀)၊ လက်လီဈေး ကျပ်(၂၈၀၀)ဖြင့် အရောင်းအဝယ် ဖြစ် လျက်ရှိပြီး ယခင်(ပထမပတ်)တွင် လက်ကားဈေး ကျပ်(၂၅၀၀)၊ လက်လီဈေး ကျပ်(၃၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀)ဈေးနှုူန်းကျဆင်း လာကြောင်း သိရသည်။ ယခုအချိန်တွင် မကွေး၊ တောင်တွင်း၊ မင်းဘူးမြို့နှင့် နီးစပ်ရာကျေးရွာတို့မှ ရုံးပတီသီးအထွက်နှုန်းများလာသောကြောင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း သိရသည်။

DOCA(မကွေး)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော အုန်းသီး ဈေးနှုန်း

      ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံ ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ အုန်းသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုး များနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး အုန်းသီးပင်ကိုလည်း စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော အုန်းသီးစိမ်း တစ်လုံးလျှင်(၃၅၀၀)ကျပ်၊ အုန်းသီးအရင့် အလုံး အကြီး အသေးပေါ် မူတည်၍ တစ်လုံးလျှင်(၃၅၀၀ မှ ၅၀၀၀)အထိ ဈေးနှုန်းအသီးသီတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ‌ရွှေဖရုံသီး နှင့် ဘူးသီး ဈေးနှုန်း

      ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးကြသော ရွှေဖရုံသီးများကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချရကြောင်း သိရှိရပါ သည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်တွင် ရွှေဖရုံသီး ဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင် (၁၅၀၀)ကျပ် နှင့် တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ဘူးသီး ဈေးနှုန်း အနေဖြင့် ဘူးသီး အလုံး(အကြီး) တစ်လုံးလျှင် (၃၀၀၀) ကျပ်၊ ဘူးသီး(အသေး)တစ်လုံးလျှင်(၂၀၀၀)ကျပ် နှင့် ဘူးသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ အရန်ဟင်းဖြစ်သည့် မုန်ညင်းချဉ် ဈေးနှုန်း

     ကျွန်းလှမြို့တွင် ဒေသထွက် ရာသီစာဖြစ်သည့် မုန်ညင်းချဉ်လုပ်ငန်းကို လုပ်ကိုင် ရောင်းချလျက်ရှိ ကြောင်း သိရပါသည်။

       ၂၀၂၅ ခုနှစ်၊  ဇူလိုင်လ နောက်ဆုံးပတ်တွင်  မုန်ညင်းချဉ် ဈေးနှုန်းအနေဖြင့် မုန်ညင်းချဉ် လက်လီ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် လက်ဖက်ရည် သောက်ပန်းကန် တစ်ပန်းကန်လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ မလိုင်လုံး နှင့် ကုလားပဲချောင်း ဈေးနှုန်း

    ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် မလိုင်လုံး၊ မလိုင်ချောင်းနှင့် ကုလားပဲချောင်းများကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ရောင်းချနေသော မလိုင်လုံး ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် လည်းကောင်း၊ ကုလားပဲချောင်း တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သား လျှင်(၂၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော မျှစ်ချို/မျှစ်ချဉ် ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ရှားပါးသော ရာသီ၌ ရောင်းချရန်အတွက် ဒေသအတွင်းထွက်ရှိသည့် မျှစ်များကို မျှစ်ချို/မျှစ်ချဉ်သိပ်၍ သိုလှောင်ထားကြပြီး ဈေးကွက်အတွင်းသို့  ရှားပါးသည့်ရာသီတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော မျှစ်ချို/မျှစ်ချဉ် ဈေးနှုန်းမှာ မျှစ်ချို တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် မျှစ်ချဉ် တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိပြီး မျှစ်အသစ်ပေါ်သည့်အတွက် မျှစ်ချိုဈေး အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း