မုန့်ညှင်းရွက်နှင့် မုန့်ညှင်းချဉ်ဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိ ရာစားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက် စိုက်ပျိုးကြကြောင်း၊ မုန့်ညှင်းရွက်ကို မြို့ပေါ်ရပ် ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မိမိတို့နေအိမ်ခြံဝင်းများ၊ ယာကွက်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် မုန့်ညှင်းချဉ် (၁)ပုဂံလျှင် (၃၀၀)ကျပ်၊ (၂)ပုဂံလျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဩဂုတ်လ ဒုတိယပတ်အတွင်း မုန့်ညှင်း ရွက်လက်လီ(၁)စီးလျှင် (၄၀၀)ကျပ်၊  လက္ကား(၄)စီးလျှင် (၁၅၀၀)ကျပ်၊ (၁၀)စီးလျှင် (၃၇၀၀)ကျပ် ဖြင့်လည်းကောင်း ရောင်းချကြောင်း၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များစသည့်တို့မှ နေ့စဉ်ဝယ် ယူသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကာ မိသားစုအပိုဝင်ငွေရရှိကြောင်း ဟင်းသီးဟင်းရွက် ရောင်းချသူထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)