ပေါင်းတည်မြို့၌သီးထပ်စွမ်းအား တိုးမြှင့် စိုက်ပျိုးသည့် ပြောင်းစိုက်တောင်သူများ အကျိုးဖြစ်ထွန်းလျက်ရှိ

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ရာသီအလိုက်    ဖူးစားပြောင်းများကို တောင်သူများ စိုက်ပျိုးလျက်ရှိရာ ယခုမိုးရာသီ၌ ၃၂၁၄ ဧကစိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ သိရှိရပါသည်။

          ပေါင်းတည်မြို့နယ်၌ ဖူးစားပြောင်းကို သီးထပ်စိုက်ပျိုးကာ နှစ်ပတ်လည် စဉ်ဆက်မပြတ် စိုက်ပျိုးလျှက်ရှိကြောင်း ထိုဒေသထွက်ပြောင်းများကို ဝယ်လိုအားကောင်းမွန်သည့် ဒေသဈေးကွက်  နှင့် အနယ်နယ်အရပ်ရပ်ရှိ ပြောင်းဈေးကွက်များသို့ တစ်နှစ်ပတ်လုံး ရောင်းချနိုင်၍ ပြောင်းစိုက်    တောင်သူများ အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှသိရှိရပါသည်။ ပြောင်းစိုက်တောင်သူများသည်ယခင်က ဒေသတွင်း စားသုံးရန်သာ စိုက်ပျိုးခဲ့ကြပြီး ယခုအခါ ပြည်တွင်း ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းလာကြပြီး အထွက်ကောင်းသော မျိုးကောင်း မျိုးသန့်ပြောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးလျက်ရှိပါသည်။

          ပေါင်းတည်မြို့နယ် ပြောင်ဈေးကွက်၌ ယခု ဒုတိယပတ်တွက် ပြောင်းဖူးစိမ်း တစ်ဖူးလျှင် (၅၀၀-၄၀၀)ကျပ်နှုန်း၊ ပြောင်းဖူးမီးဖုတ် တစ်ဖူးလျှင် (၆၀၀)ကျပ် တို့ဖြင့် ရောင်းချနေပြီး ဈေးကောင်းရရှိလျက်ရှိရာ ပြောင်းစိုက်တောင်သူများသာမက ဝယ်ယူရောင်းချသူဒေသခံပြည်သူများလည်း အကျိုးအမြတ်ခံစားရပြီး မိသားစုဝင်ငွေတိုးလျက်ရှိကြောင်း သိရှိရပါသည်။

 

DOCA(ပဲခူး)