ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရေစကြိုုမြို့ပွဲရုံများ၏ ပဲမျိုးစုံရောင်းဝယ်မှုအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင်နယ်မြေအခြေအနေရ ကုန်စည်ဒိုင် အရောင်းအဝယ်မပြုလုပ်နိုင်သော်လည်း ရန်ကုန်၊ မန္တလေးတွင်ဖြစ်ပေါ်နေသော ဈေးကွက်အခြေ အနေနှင့် ဒေါ်လာဈေးအတက်အကျပေါ်မူတည်၍  ပွဲစားများစုစည်းနိုင်သည့်နေရာတွင် ဈေးနှုန်း သတ်မှတ်ပြီး နောက်မိမိတို့၏ ပွဲရုံများတွင် ပဲမျိုးစုံ အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (စတုတ္ထပတ်)တွင် မတ်ပဲ တစ်တင်းလျှင် ကျပ် (၇၀၀၀၀) ကုလားပဲ (V2) တစ်တင်းလျှင် ကျပ် (၈၄၂၀၀) ကုလားပဲ (929) တစ်တင်းလျှင် ကျပ်(၈၃၃၀၀) ပဲတီစိမ်း တစ်တင်းလျှင် ကျပ်(၁၀၀၀၀၀) နှမ်းဖြူ တစ်တင်းလျှင် ကျပ်(၉၅၀၀၀) ထောဖြူ(ကျွန်း) တစ်တင်း လျှင် ကျပ်(၇၅၀၀၀)ဖြစ်ပြီး ဇူလိုင်လ(တတိယပတ်)တွင် မတ်ပဲ တစ်တင်းလျှင် ကျပ် (၇၀၀၀၀) ကုလားပဲ (V2) တစ်တင်းလျှင် ကျပ် (၈၃၀၀၀) ကုလားပဲ (929) တစ်တင်း ကျပ် (၈၂၀၀၀) ပဲတီစိမ်း တစ်တင်းလျှင် ကျပ်(၁၀၀၀၀၀) နှမ်းဖြူ တစ်တင်းလျှင် ကျပ်(၉၅၀၀၀) ထောဖြူ(ကျွန်း) တစ်တင်း လျှင်ကျပ်(၇၅၀၀၀)ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ပဲမျိုးစုံနှင့် နှမ်းသီးနှံ ဈေးနှုန်းများ ဈေးနှုန်းများ တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရောင်းဝယ်မှုအနေဖြင့် ဩဂုတ်လ (စတုတ္ထပတ်) အတွင်း ပဲတီစိမ်း တစ်တင်းဝင်အိတ် (၁၅၀)ခန့် အများဆုံးအရောင်းအဝယ်ဖြစ်ပြီး နှမ်းဖြူတစ်တင်း ဝင်အိတ် (၅၀)ခန့်၊ မတ်ပဲ တစ်တင်းဝင်အိတ် (၇၀)ခန့်၊ ကုလားပဲ(V2) တစ်တင်း ဝင်အိတ် (၅၀)ခန့်၊ ကုလားပဲ(929) တစ်တင်းဝင်အိတ် (၅၀)ခန့်၊ ထောဖြူ(ကျွန်း) တစ်တင်းဝင်အိတ် (၅၀)ခန့် အရောင်း အဝယ် ဖြစ်ကြောင်း ကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

မိုးမြေပဲဆံအသစ်များ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်လာသဖြင့် မြေပဲလုံးဆံဈေးအနည်းငယ်ကျ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ခုနှစ် ဒေသထွက်မိုးမြေပဲများ ဩဂုတ်လ၊ တတိယအပတ်မှ စတင်၍ ရွှေဘိုမြို့ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်ခဲ့ကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ တိယအပတ်တွင်ရောင်းချသည့် မြေပဲလုံးဆံဈေးနှုန်းမှာ()ပြည်လျှင် (၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(၁)ပြည်လျှင်(၁၁၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် မြေပဲလုံးဆံ(၁)ပြည်လျှင်(၂၃၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊  ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ လ္ဘက်၊ အကြော်စုံရောင်းချသည့်ဆိုင်များနှင့် စားသုံးမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဘိုပဲနှင့် မြေထောက်ပဲဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ဘိုပဲနှင့် မြေထောက်ပဲ စိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ရွှေဘိုမြို့ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပါသည်။

              ရွှေဘိုမြို့တွင်ရောင်းချသည့် ဘိုပဲများကို ဒေသတွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း ဩဂုတ်လ၊ တတိယအပတ်တွင် ရောင်းချသည့် ဘိုပဲဈေးနှုန်းမှာ()ပြည်လျှင် (၁၃၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၁၆၀၀ဝိ/-)ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ဘိုပဲ(၁)ပြည် လျှင်(၁၃၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

             ရွှေဘိုမြို့တွင်ရောင်းချသည့် မြေထောက်ပဲများ ကိုရွှေဘိုမြို့တွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း၊ မြေထောက်ပဲမှာ အဖြူရောင်နှင့် အညိုရောင်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း ဩဂုတ်လ၊ တတိယအပတ်တွင်ရောင်းချသည့် မြေထောက်ပဲ (ဖြူ)ဈေးနှုန်းမှာ ()ပြည်လျှင်(၈၆၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၇၆၀ဝိ/-) ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ (ဖြူ)(၁)ပြည်လျှင် (၈၆၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ မြေထောက်ပဲ(ညို)(၁)ပြည် လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၁၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ(ညို)(၁)ပြည်လျှင် (၇၀၀ဝိ/-)ကျပ် ပေါက်ဈေး ရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် ပဲလွန်းပြာဈေးအနည်းငယ်တက်ပြီး ပဲလွန်းဖြူဈေးငြိမ်နေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲလွန်း(၂၃၀၇)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲလွန်းပြာနှင့် ပဲလွန်းဖြူများကို ဒေသတွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။

            ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ တိယအပတ်တွင်ရောင်းချသည့် ပဲလွန်းပြာဈေးနှုန်းမှာ ()ပြည်လျှင်(၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းပြာ(၁)ပြည်လျှင် (၅၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခုအပတ်တွင် ယခင်အပတ်ထက် ပဲလွန်းပြာ(၁)ပြည်လျှင် (၅၀ဝိ/-) ကျပ်ဈေးပိုခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့်ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

          ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ တိယအပတ်တွင်ရောင်းချသည့် ပဲလွန်းဖြူဈေးနှုန်းမှာ ()ပြည်လျှင်(၆၈၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၀၈၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းဖြူ(၁)ပြည်လျှင် (၆၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအပတ်ထိ ရောင်းချရသည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့်ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ပဲပုတ်စေ့ဈေး

             စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲပုတ်စိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံမှာအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲပုတ်များကို ဒေသတွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ တိယအပတ်တွင် ရောင်းချသည့် ပဲပုတ်စေ့ဈေးနှုန်းမှာ ()ပြည်လျှင်(၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၂၀၀ဝိ/-) ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲပုတ်စေ့(၁)ပြည်လျှင်(၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ် တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး  ဈေးငြိမ်နေကြောင်း၊ ပဲပုတ်စေ့မှာ အစေ့အကြီးနှင့် အသေးဟူ၍ နှစ်မျိုးရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပဲပုတ်စေ့အကြီးကို ပဲနို့ပြုလုပ်သည့် သူများမှဝယ်ယူပြီး ပဲပုတ်စေ့အသေးကို ပဲငါးပိပြုလုပ်သူများ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့် ပြန်လည်ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် ပဲနီပြားဈေးနှင့် ပဲနီလေးဈေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲနီပြားနှင့် ပဲနီလေးများ စိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များ မှာဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲနီပြားများကို ဒေသတွင်းရှိ ပွဲရုံများမှ  ဝယ်ယူရောင်းချကြပါသည်။

          ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲနီပြားဈေးနှုန်းမှာ ()ပြည်လျှင်(၁၁၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၇၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲနီပြား(၁)ပြည် လျှင်(၁၁၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသူများ၊ ပဲနီပြားကိုရေစိမ်၍ အခွံချွတ်ပြီးပြန်လည်ရောင်းချသူများ၊ ကိုယ်တိုင်ကြော်သည့် ပဲကြမ်းကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

           စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲနီလေးစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲနီလေးများကို ဒေသတွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း ဩဂုတ်လ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲနီလေးဈေးနှုန်းမှာ ()ပြည်လျှင် (၁၆၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၆၄၀၀ဝိ/-) ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲနီလေး(၁)ပြည်လျှင် (၁၆၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်ရှိ ပဲတီဆံနှင့် မတ်ပဲခြမ်းဈေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲတီစိမ်း(၁၀၆၃၄)ဧကနှင့် မတ်ပဲ(၁၀၂၉၆)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။

            ရွှေဘိုမြို့တွင် ပဲတီစိမ်းများ စိုက်ပျိုးမှုရှိသော်လည်း ပဲတီဆံကို တစ်ပိုင်တစ်နိုင်သာ ထုတ်လုပ်မှုရှိပြီး စက်များဖြင့်အခွံချွတ်၍ ရောင်းချမှုမရှိကြောင်း၊ ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲတီဆံများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း ဩဂုတ်လ၊ တတိယအပတ်တွင် ရောင်းချသည့် ပဲတီဆံဈေးနှုန်းမှာ ()ပြည်လျှင်(၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီဆံ(၁)ပြည်လျှင်(၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

           ရွှေဘိုမြို့တွင်ရောင်းချသည့် မတ်ပဲခြမ်းများကို ဒေသတွင်းရှိပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း ဩဂုတ်လ၊ တတိယ အပတ်တွင်ရောင်းချသည့် မတ်ပဲခြမ်းဈေးနှုန်းမှာ ()ပြည်လျှင်(၇၃၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၁၁၆၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ မတ်ပဲခြမ်း (၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် မတ်ပဲခြမ်း()ပြည်လျှင်(၃၀ဝိ/-)ကျပ် ဈေးပိုခဲ့ကြောင်း၊ မတ်လ၊ စတုတ္ထအပတ်မှစ၍ ယခုအပတ်ထိ ရောင်းချရသည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ အကြော်ဆိုင်၊ လ္ဘက်ရည်ဆိုင်များမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်ရှိ ပဲကြားနှင့် ပဲဖြူပြားဈေးနှုန်းများ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲကြားနှင့် ပဲဖြူပြားများ စိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲကြားနှင့် ပဲဖြူပြားများကို ဒေသတွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။

            ရွှေဘိုမြို့ဈေးကွက်အတွင်း ဩဂုတ်လ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲကြားဈေးနှုန်းမှာ ()ပြည်လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၁၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲကြား(၁)ပြည် လျှင်(၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲပြုတ်၊ ပဲရေဖွရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

            ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲဖြူပြားဈေးနှုန်းမှာ ()ပြည်လျှင်(၈၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၂၈၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲဖြူပြား(၁)ပြည်လျှင် (၈၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအပတ်ထိ ရောင်းချရသည့်ဈေးတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲဖြူပြားကို ရေစိမ်ပြီးအခွံချွတ်၍ ပြန်လည်ရောင်းချသူများ၊ ကိုယ်တိုင်ကြော်သည့် ပဲကြမ်းကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပန်းတိမ်ငိုပန်း ဈေးနှုန်းကျဆင်း

            ပန်းတိမ်ငိုပန်းသည် မိုးရာသီကာလတွင် ပွင့်လန်းသည့် ပန်းတစ်မျိုးဖြစ်ပြီး ဘုရားပန်းအဖြစ်သာမက အခမ်းအနားများတွင်လည်း တန်ဖိုးထားအလှဆင်၍၊ အရောင်အဆင်းမှာ အဖြူရောင်၊ခရမ်းရောင်၊ ပန်းရောင် စသည့်အရောင်များရှိပြီး ပန်းစိုက်ပျိုးသူများအတွက်လည်း တွက်ခြေကိုက်သည့် ပန်းတစ်မျိုးဖြစ်ကြောင်း သိရသည်။

           ဇူလိုင်လနောက်ဆုံးပတ်မှစတင်၍ ပြင်ဦးလွင်မြို့အနီးရှိ ကျေးရွာများမှ ခူးဆွတ်ရောင်းချသော   ပန်းတိမ်ငိုပန်းများ ရွှေဘိုမြို့  ဈေးကွက်အတွင်းသို့ လှိုင်လှိုင်ဝင်ရောက်လာကာ ယခုဩဂုတ်လ တတိယပတ်တွင် ပန်းတိမ်ငိုပန်း အဖြူရောင်နှင့် ပန်းရောင်  (၁၀)ခက်ပါ တစ်စည်းလျှင် (၁၅၀၀)ကျပ်၊ ခရမ်းရောင် (၁၀)ခက်ပါ တစ်စည်းလျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းကျဆင်းလျက်ရှိပြီး ရွှေဘိုမြို့ပေါ်ရှိ ပန်းရောင်းချသော လက္ကားဒိုင်များသို့ ဖောက်သည်ပေးရောင်းချလျက်ရှိပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

မင်းဘူးမြို့၊ မြို့မဈေး၏ မျှစ်ဈေးနှုန်းအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ မျှစ်ကို ကျောက်တန်းနှင့် မဲဇလီ၊ ဆည်တော်၊ မင်းဘူးမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ အဓိက မှာယူရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (တတိယပတ်)တွင် မျှစ်()ပိဿာလျှင် ကျပ်(၂၈၀၀)ဖြင့် ရောင်းချလျက် ရှိပြီး (ဒုတိယပတ်)တွင် မျှစ်()ပိဿာလျှင် ကျပ်(၂၀၀၀)ဖြင့် ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၈၀၀)ဈေးနှုန်း မြင့်တက်လာကြောင်း သိရသည်။  ယခုအချိန်တွင် မျှစ်ထွက်ရှိရာ နေရာများတွင် အထွက်နှုန်းများ လှိုင်လှိုင်ထွက်ရှိလာသော်လည်း လမ်းခရီးအခက်အခဲကြောင့် ဈေးနှုန်း မြင့်တက်လာရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း