ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်မြို့ရှိ‌ဂေါ်ဖီထုပ်ဈေးကွက်

              ဂေါ်ဖီထုပ်များ ပြည်မြို့ရှိ‌ဈေးကွက်အတွင်းသို့ဝင်ရောက်ရာတွင် ရွှေတောင်မြို့နယ်မှ ဝင် ရောက်လာခြင်းများ ရှိသကဲ့သို့ ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာကြကြောင်း သိရှိရပါသည်။ ဂေါ်ဖီ ထုပ်ကို ရှမ်းပြည်နယ်ဘက်တွင်တစ်နှစ်ပတ်လုံး စိုက်ပျိုးပြီး မြေပြန့်ဒေသများ၌ဆောင်းရာသီတွင် စိုက်ပျိုးကြပါသည်။ ဂေါ်ဖီထုပ်အပင်များကို စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)မှ(၁၀၀)အတွင်း စတင် ထွက်ရှိပြီး တစ်ဧကလျှင် ဂေါ်ဖီအထုပ်ပေါင်း (၁၀၀၀)ခန့် ထွက်ရှိကြောင်းသိရှိရပါသည်။ ပြည်ခရိုင်မှ ထွက်ရှိသော ‌ဂေါ်ဖီထုပ်များသည် ရွှေတောင်မြို့နယ်ရှိ ကျီးသဲနှင့်မြို့မကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသော ဂေါ်ဖီထုပ်ဈေးနှုန်းမှာ တစ်ထုပ်လျှင် (၃၀၀၀)ကျပ်မှ (၅၀၀၀)ကျပ်အထိ ရောင်းချကြောင်းသိရှိရပါသည်။ ယခင်လများတွင် ဂေါ်ဖီထုပ် ဈေးနှုန်းမှာ (၁၀၀၀)မှ (၁၂၀၀)ကျပ်ရောင်းချခဲ့ပြီး ယခုလတွင် မိုးများအဆက်မပြတ် ရွာသွန်းခဲ့သော ကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိပြီး သယ်ယူသောကားများမှာ အစီးရေအနည်းငယ်သာ ထွက်ရှိသောကြောင့် ရန်ကုန်မြို့ရှိကုန်စိမ်းဈေးများသို့ ကားအဝင်နည်းကာ ‌ဂေါ်ဖီထုပ်ဈေးမြင့်တက် ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကျောက်ပန်းတောင်းမြို့နယ် မြေပဲစိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက်နှင့် တောင်သူအကျိုးအမြတ်ရရှိမှု အခြေအနေ

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံ ဖြစ်သည့်မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကို အနည်းငယ်သာစိုက်ပျိုး မှုရှိပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးမြေပဲကို (၆၃၈၆၀)ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှ အထွက်နှုန်း (၄၂.၁၉)တင်းနှုန်းဖြင့် တင်းပေါင်း(၂၆၉၄၅၅၁)တင်းထွက်ရှိခဲ့ပါသည်။ ဆောင်းမြေပဲ စိုက်ပျိုးမှုအနေဖြင့် (၁၈၄)ဧကသာ စိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ(၄၆)တင်းဖြင့် တင်းပေါင်း(၈၄၆၄)တင်း ထွက်ရှိခဲ့ပါသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးမြေပဲကို စိုက်ပျိုးရန်လျာ ထားမှုအနေဖြင့် (၅၈၂၇၁) ဧကလျာထားမှုရှိပြီး မိုးရာသီကုန်အထိ (၆၅၈၉၀)ဧကစိုက်ပျိုးပြီး ရိတ်ဧက(၂၈၅၁၁)ဧက ရိတ်သိမ်းပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ(၄၂.၂၄)တင်း ထွက်ရှိ ခဲ့ပါသည်။ အထွက်တင်းစုစုပေါင်း(၁၂၀၄၂၀၄) တင်းထွက်ရှိခဲ့ပါသည်။ ဆောင်းမြေပဲစိုက်ပျိုးရန် လျာထားမှုမှာ(၃၁၉)ဧကရှိပြီး ယခုစိုက်ပျိုးပြီးစီးမှုမှာ(၁၄၁)ဧက ရှိပါသည်။ ထွက်ရှိသော မြေပဲများကို ကျောက်ပန်းတောင်းမြို့နှင့်ထိစပ်လျက်ရှိသော ကျေးရွာများမှ မြို့ပေါ်ရှိ ပွဲရုံများနှင့် ဆီစက်များသို့လာရောက်ရောင်းချကြပါသည်။ ၂၀၂၃-၂၀၂၄ခုနှစ် ဒီဇင်ဘာလတွင် မြေပဲဆီဆံ တစ်တင်းလျှင်(၁၀၀၅၀၀)ကျပ်၊ မြေပဲလုံးဆံတစ်တင်းလျှင်(၁၀၅၀၀၀)ကျပ်၊ မျိုးမြေပဲတစ်တင်း လျှင်(၁၂၀၀၀၀)ကျပ်များဖြင့်ရောင်းချခဲ့ကြပြီး၊ ၂၀၂၄-၂၀၂၅ခုနှစ်ကာလတူလတွင် မြေပဲဆီဆံ တစ်တင်းလျှင်(၁၂၄၅၀၀)ကျပ်၊ မြေပဲလုံးဆံတစ်တင်းလျှင်(၁၂၇၅၀၀)ကျပ်၊ မျိုးမြေပဲတစ်တင်း လျှင်(၁၃၅၀၀၀)ကျပ်ဝန်းကျင်များဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပါသည်။

        ၂၀၂၄-၂၀၂၅ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်၏ မြေပဲတစ်ဧကစိုက်ပျိုးမှု ကုန်ကျ စရိတ်အနေဖြင့်(၉၄၁၀၀၀)ကျပ်ဝန်းကျင်ကျသင့်ပြီး တစ်ဧကပျမ်းမျှအထွက်တင်း (၄၂.၁၉)တင် နှုန်းထွက်ရှိခဲ့ပါသည်။ ပေါ်ချိန်တွင် မြေပဲတောင့်တစ်တင်းလျှင်(၃၈၅၀၀)ကျပ်နှုန်းရောင်းချခဲ့ရပြီး၊ တစ်ဧကဝင်ငွေ(၁၆၂၄၃၁၅)ကျပ်ရရှိ၍ တောင်သူအကျိုးအမြတ်မှာ(၆၈၃၃၁၅)ကျပ်ရရှိပါသည်။ ဒေသတွင်ထွက်မြေပဲများကို ယခင်က အခြားဒေသများသို့တင်ပို့ရောင်းချမှုများရှိခဲ့သော်လည်း ယခုအချိန်တွင် ပြည်ပသို့ရောင်းချမှုနည်းပါးလာပြီး ဒေသတွင်း၌သာ ဆီကြိတ်ခွဲသုံးစွဲမှုများလာ ပါသည်။ တောင်သူအကျိုးအမြတ်ရရှိသော ဆီထွက်သီးနှံမြေပဲကို ပိုမိုစိုက်ပျိုးပြီး ပြည်ပသို့ ရောင်းချခြင်းမပြုပဲ ပြည်တွင်း၌သုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်းများပြုလုပ်ပါက ဒေသတွင်း ဆီစားသုံးမှုဖူလုံလာခြင်း၊ တိရစ္ဆာန်အစာများပေါများလာခြင်း၊ ဒေသတွင်းလုပ်သားများအလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်းအပြင် ဘေးအန္တရာယ်ကင်းသော ဆီများစားသုံးရ ခြင်းကြောင့် ကျန်းမာရေးညီညွတ်ကောင်းမွန်လာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာစေ သည့်အတွက် ဆီထွက်သီးနှံမြေပဲကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါသည်။

DOCA(မန္တလေး)

ပြည်ဒေသ၏ ကျောက်ဖရုံသီး ဈေးကွက်

            ကျောက်ဖရုံသီးသည် ကျန်းမာရေးအတွက်တန်ဖိုးရှိသော အသီးအနှံဖြစ်ပါသည်။ ကျောက်ဖရုံ သီးကိုဟင်းချက်၍ စားကြသလို ကျောက်ဖရုံသီးကို ယိုထိုး၍လည်း စားသုံးကြပါသည်။ ကျောက်ဖရုံပင်ကို စင်ထိုး၍ စီးပွားဖြစ်စိုက်ပျိုးနိုင်သည့်အပြင် နေရာဒေသမရွေး အလေ့ကျပေါက်သော အပင်တစ်မျိုးလည်းဖြစ်ပါသည်။ ပြည်ဈေးကွက်တွင် ကျောက်ဖရုံသီးများ အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ပြည်ဒေသအနီးတဝိုက်ရှိ ကျေးရွာများ၊ သဲကုန်းမြို့နယ်ရှိ ပုတီးကုန်း၊ ဝက်ပုတ်နှင့် ရွှေတောင်မြို့ရှိ ကျေးရွာများမှ တင်ပို့ရောင်းချလျက်ရှိပါသည်။ ရန်ကုန်မြို့ရှိ ဒညင်းကုန်းဈေးနှင့် သီရိမင်္ဂလာဈေးများသို့ အခြားကုန်စိမ်းများနှင့်အတူတင်ပို့ ရောင်းချကြကြောင်း သိရပါသည်။ ဇွန်လပထမပတ်တွင်စတင်ကာ ကျောက်ဖရုံသီးများ စတင်ပေါ်နေပြီဖြစ်ကြောင်း၊ တစ်ပင်လျှင် အလုံး(၅၀)မှ (၇၀)အထိသီးကြောင်း သိရသည်။ ကျောက်ဖရုံသီးများကို ပီနံတစ်အိတ်လျှင် (၆)လုံးပါ အိတ် (၂၀-၂၅)အိတ်အထိ ရန်ကုန်သို့ကားများဖြင့် တင်ပို့ရကြောင်းသိရသည်။ ကျောက်ဖရုံသီးဈေးမှာ ပေါ်ကာစအချိန်တွင် အလုံးကြီးတစ်လုံးလျင် ၂၅၀၀- ၃၀၀၀ ကျပ်နှင့် အလုံးသေးတစ်လုံးလျှင် (၁၅၀၀ -၂၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။ လက်ရှိပေါက်ဈေးအရ ကျောက်ဖရုံယို တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ရှိကြောင်းလည်း သိရှိရပါသည်။

DOCA(ပဲခူး)

စပါးပေါ်ချိန်တောင်သူပျော်ချိန်

            ဝါလကင်းလွတ် သီတင်းကျွတ်တော့မည်ဖြစ်၍ မိုးစပါးများ စတင်ရိတ်သိမ်း စပြုတော့မည့်ကာလ တစ်ခုဖြစ်ပါသည်။

စပါး

          စပါးကိုကြိတ်ခွဲခြင်းဖြင့်ဆန်ရရှိပါသည်။ ဆန်သည် မြန်မာလူမျိုးတို့ အဓိကစားသုံးသော အစားအစာတစ်ခုဖြစ်သကဲ့သို့ တစ်ချို့မြန်မာမုန့်များပြုလုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ ဆန်စပါး သည် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်ပြီး မြန်မာနိုင်ငံဟုဆိုလိုက်လျှင်လည်း ဆန်စပါးပေါကြွယ်ဝသော နိုင်ငံအဖြစ် ကမ္ဘာနိုင်ငံများထဲတွင် သက်ဝင်ထင်ရှားပါသည်။

စိုက်ပျိုးပုံ

          စပါးသည် ရာသီနှစ်ရာသီအပြင်အချို့နေရာဒေသများတွင် ခုလပ်စပါးအဖြစ်လည်း စိုက်ပျိုးကြပါ သည်။ နွေစပါးနှင့် မိုးစပါးဟူဖြစ်ပြီး စိုက်ပျိုးရပုံလည်းတူပါသည်။ မြက်ခုတ်ပေါင်းသင်၊ထည်ထိုး၍ စပါးအစေ့ချ စိုက်ပျိုးနိုင်သကဲ့သို ပျိုးပင်ကလေးများနှုတ်ကာ ကောက်စိုက်သမများဖြင့် အပင်မြေစိုက် စိုက်ပျိုးနိုင်ခြင်းဖြစ်ပါသည်။ မိုးစပါးသည် မိုးရေကိုမှီ၍ စိုက်ပျိုးနိုင်ပြီး နွေစပါးသည် လယ်ရေသွင်းနည်း ဖြင့် ဆည်မြောင်း၊ချောင်း၊အိုင်များကို အမှီပြုကာ စိုက်ပျိုးနိုင်ပါသည်။ ခုလပ်(ရေကျနောက်လိုက်) စပါးသည် မိုးအကုန် နွေရာသီအစပိုင်းတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။

ရိတ်သိမ်းပုံနှင့်သိမ်းဆည်းပုံ

          စပါးကိုရိတ်သိမ်းပုံအမျိုးမျိုးဖြင့် ရိတ်သိမ်းကြပြီး နေရာဒေသအလျောက် ရိတ်သိမ်းပုံကွဲပြားမှု များလည်းရှိပါသည်။ ယခင်ကာလများတွင် စပါးကိုရင့်မှည့်အောင်ထား၍ စပါးရိတ်သမများ နှင့် ရိတ်ကာ တလင်းထဲတွင် နွားများဖြင့် နယ်ပြီးရရှိလာသော အစေအဆံများကို လေတဖြူးဖြူးတွင် ဂေါ်ထိုး၍ အပြောင်သန့်စင်ကာ အိတ်ခွံထဲထည့်၍ ဆန်စက်ပို့ခြင်း၊ စပါးကျီများတွင် သိမ်းဆည်းကြပါသည်။ ယခုကာလများတွင် ခေတ်မှီဖွံ့ဖြိုးတိုးတက်လာသည့်နှင့်အမျှ စက်ယန္တရားကြီးများ ပေါများလာသည့် အတွက် ရိတ်ခြွေစက်များဖြင့် ရိတ်သိမ်းကြပါသည်။ ခြွေစက်မှ ကျလာသောစပါးများကို နေပူပူထဲတွင် ဖြန့်လှန်းခြင်း၊ အခြောက်ခံစက်ဖြင့် အခြောက်ခံကာ ဆန်စက်ပို့၍ လည်ကောင်း၊ စပါးကျီထဲတွင် လည်ကောင်း ထားသိုသိမ်းဆည်းကြပါသည်။ ခြွေစက်ဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်းသည် အလေအလွင့် အနည်းငယ်ရှိသော်လည်း အချိန်ကုန်သက်သာ၍ အလုပ်သမားအင်အား အသုံးပြုရခြင်းနည်း၍ တောင်သူဦးကြီးများအတွက် အသုံးဝင်သော စက်ပစ္စည်းများလည်းဖြစ်ပါသည်။ အောက်တိုဘာလမှစ၍ နိုဝင်ဘာလကုန်အထိ စပါးလှိုင်လှိုင်ပေါများပြီး စပါးစိုက်တောင်သူများ ငွေရွှင်သော ကာလတစ်ခုဖြစ်ပါ သည်။ ကူးသန်းရောင်းဝယ်ကြသော စပါးပွဲစားများ ရောင်းချသူတောင်သူများဖြင့် လယ်ကွင်းထဲတွင် စည်ကားလျက်ရှိပါသည်။ ပွဲစားဟုခေါ်ယူ သုံးနှုန်းခြင်းသည် လယ်ကွင်းထဲအရောက် တောင်သူများထံမှ လာရောက်ဝယ်ယူပြီး ဆန်စက်ကြီးနှင့် စပါးပွဲရုံများသို့ တင်ပို့ရောင်းချနေသူဖြစ်ပါသည်။ တချို့တောင်သူ ဦးကြီးများသည် ရိတ်ခြွေစက်မှကြလာသော စပါးကို လာရောက်ဝယ်ယူသော ပွဲစားထံသို့ တိုက်ရိုက် ရောင်းချသူများလည်း ရှိပါသည်။ တချို့သည် နေပူလှန်း၍ အခြောက်ခံကာ ဆန်စက်ကြီးများသို့ ပို့ဆောင် ပြီး ဆန်ကြိတ်ခွဲ ရောင်းချသူများလည်း ရှိပါသည်။

          ကျွန်ပ်တို့လိုအပ်သော စားနပ်ရိက္ခာဆန်စပါးကို ရာသီဥတုနှင့်ယှဉ်၍ ပင်ပန်းကြီးစွာ စိုက်ပျိုးကြ သော တောင်သူဦးကြီးများအတွက် နိုင်ငံတော်မှစိုက်ပျိုးစရိတ် ထုတ်ချေးလျက်ရှိပြီး တောင်သူလယ် သမားများ အကျိုးအမြတ်ရရှိရေးနှင့် စားသုံးသူများ သင့်တင့်လျောက်ပတ်သော ဈေးနှုန်းဖြင့် ဝယ်ယူ စားသုံးနိုင်ရေး နိုင်ငံတော်အစိုးရမှ ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

          ပဲခူးတိုင်းဒေသကြီး‌၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်အနီးတဝိုက်တွင် ထွက်ရှိသော စပါးကို လယ်ကွက်အတွင်း စပါးအစို တင်း(၁၀၀)လျှင် ၁၄၀၀၀၀၀ကျပ်  ဆန်စက်အရောက် စပါးအစို တင်း (၁၀၀)လျှင်  ၁၅၀၀၀၀၀ကျပ် ရောင်းချနေရကြောင်း စပါးစိုက် တောင်သူဦးကြီး တစ်ဦးထံမှ သိရှိ ရပါသည်။ စပါးဈေးသည်အချိန်နှင့်အမျှ ဈေးနှုန်းအပြောင်းအလဲ  ရှိနေကြောင်းကိုလဲ စပါးဝယ်ယူသူထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်ဖိုဝါးခမောက်လုပ်ငန်း

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးမှုမှ  နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးမှု ဖြစ်ပေါ်လာမည်ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏အားပေးမြှင့် တင်မှုနှင့် အတူ(MSMEs)လုပ်ငန်းများစွာ ရှိသည့်အနက် အုတ်ဖိုမြို့နယ်အောင်၊မင်္ဂလာရပ်ကွက်၊ အောင်မင်္ဂလာ (၂)လမ်းရှိ စီးပွားရေးလုပ်ငန်းရှင်ဦးသိန်းဝင်း၏ ဝါးခမောက်လုပ်ငန်း မှာဖြစ် ထွန်း အောင်မြင်လာ  ပြီဖြစ်ကြောင်းသိရှိရ၍ ဝါးခမောက်လုပ်ငန်း လုပ်ကိုင်ရာနေရာသို့ စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက် တွေ့ဆုံလေ့လာခဲ့ပါသည်။

            ဦးသိန်းဝင်း၏ ဝါးခမောက်လုပ်ငန်းသည်  ကုန်ကြမ်းများရင်းနှီးမြှပ်နှံမှုအနေဖြင့် ဝါး၊ ဝါးပလပ် ၊အချဉ်တံ၊ အပ်ချည်အမျိုးမျိုး၊ ဖယောင်း၊ သင်္ဘောဆေး၊ ဓါတ်ဆီ၊ ပလပ်စတစ်ကြိုး၊ စသည်ဖြင့်ရင်းနှီးမတည်မှုကျပ်သိန်း (၁၀၀၀၀၀၀၀)တစ်ရာရင်းနှီးရပြီး၊ ဝါးခမောက်လုပ်ငန်းလုပ် ကိုင်ရန်လုပ်သားဦးရေ (၂၀)ခန့်နှင့် လုပ်ကိုင်ရသဖြင့်အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ပါသည်။ ထုတ်လုပ်မှုအနေဖြင့် ပန်းချော၊ငါးကြင်းကွက်၊ ဗီယက်နန်၊ပဲခူးသူစသည်ဖြင့်ပုံစံ  အမျိုးမျိုးဖြင့် ထုတ်လုပ်ရောင်းချရပါသည်။ ဝါးခမောက်တစ်လုံးလျှင် ရင်းနှီးမြှပ်နှံမှုကုန်ကျစရိတ်အနေဖြင့် ၂၅၀၀ကျပ် ခန့်ကုန်ကျပါသည်။ ဈေးအတွင်း လက်ကားရောင်းဈေးအနေဖြင့်၃၀၀၀ ကျပ်မှ ၃၅၀၀ကျပ် အထိ ဈေးနှုန်းရရှိပါသည်။ တစ်လုံးလျှင်ပျမ်းမျှ အမြတ်ငွေ(၇၂၀/)ကျပ်အမြတ်ရရှိပြီး တစ်လလျှင်ဝါးခမောက်အလုံးရေ (၇၀၀) လုံးခန့်ရောင်းချရသဖြင့် တစ်လအမြတ်ငွေကျပ် (၅၀၀၀၀၀)ကျပ်ရရှိနိုင်ပါသည်။ တစ်နှစ်ပတ်လုံး ကုန်ကြမ်းများသိုလှောင်ထားရှိပြီး လုပ်ငန်းလုပ်ကိုင်ရသဖြင့် ယခင်နှစ်တွင် အကျိုးအမြတ်အနေဖြင့် လစဉ်အမြတ်ငွေ ကျပ် (၉၀၀၀၀၀) ခန့်အမြတ်ရရှိခဲ့ပါသည်။  ယခုနှစ် ဝါးပလပ်ရွက်ပေါက်ဈေးမှာ တစ်ရွက်လျှင် (၄၂)ကျပ်ခန့် မြင့်တက်လာသဖြင့် အမြတ်ဝင်ငွေ နည်းပါးသွားပြီး (၅၀၀၀၀၀) သိန်းကျပ်ခန့်သာ အမြတ်ရရှိပါသည်။

          ဈေးကွက်ရောင်းချမှုအနေဖြင့်ဒေသတွင်း၊ပဲခူး၊ပြည်၊မန္တလေးမြို့၊ပြင်ဦးလွင်မြို့တို့ရှိဈေးကွက်များသို့တင်ပို့ ရောင်းချရကြောင်းနှင့် ဝါးခမောက်များကို နွေ၊ မိုး၊ ဆောင်း၊ ရာသီသုံးမျိုး စလုံးတွင် အသုံးပြုနိုင်ကြောင်းလည်း သိရှိရပါသည်။

DOCA(ပဲခူး)

အထက်မင်းလှမြို့နယ်၌ ပဲကြီးသီးနှံများ စိုက်ပျိုးလျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာ၌ ပဲစဉ်းငုံ၊ ပဲကြီး၊ စပါး၊ ကြက်သွန်နီ၊ ကုလားပဲ၊ မြေပဲနှင့်နှမ်းတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ပဲကြီးကို တောင်သူ(၁၅)ဦးမှ စိုက်ဧက(၁၃)ဧကအား ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

     မျိုးအနေဖြင့် ယခင်နှစ်ပဲကြီးစိုက်ခင်းမှထွက်ရှိသော လက်ကျန်ပဲကြီးများကို မျိုးအဖြစ်ဖယ် ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး (၁)ဧကလျှင် မျိုး(၁၀)ပြည်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး(၄)လအကြာတွင် ရိတ်သိမ်းရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်နည်းတူ ယခုနှစ်တွင်လည်း မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြားသွင်းအားစုများအပါအဝင် ကျပ်(၃)သိန်းခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ် က (၁)ဧကလျှင် (၁၁) တင်းမှ (၁၂)တင်းထိထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် (၁)တင်းလျှင် ကျပ် (၈၀၀၀၀)ခန့်ရရှိခဲ့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကျပ်(၅၈၀၀၀၀ - ၆၆၀၀၀၀)ခန့် ရရှိခဲ့ကြောင်း၊ ထွက်ရှိသည့် ပဲကြီးသီးနှံများကို မင်းလှမြို့ပေါ်ရှိ ပွဲရုံများနှင့် ပဲကြော်ဖိုများသို့ ရောင်းချကြောင်း၊ ယခု ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ပဲကြီး(၁)တင်းလျှင် ကျပ်(၈၅၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဥယျာဉ်ကျေးရွာနေ ပဲကြီးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

မအူပင်မြို့နယ် မင်းဘောကျေးရွာတွင် အုန်းချိုမွေး ၁၇ဧက စိုက်ပျိုးလျက်ရှိ

          ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်သည် အဓိက ဆန်စပါးကို စိုက်ပျိုးလျှက်ရှိပြီး ပဲသီးနှံကိုလည်း စိုက်ပျိုးသည့် အပြင် မွေးမြူရေးလုပ်ငန်း၊ တစ်ပိုင်တနိုင် SME စက်မှု လက်မှုလုပ်ငန်းများ လုပ်ကိုင်နေပြီး ဒေသထွက် သီးနှံများကို ရန်ကုန်သို့ တင်ပို့နေကြောင်းသိရသည်။ မအူပင်မြို့နယ်တွင် စိုက်ပျိုးသော အုန်းချိုးမွှေး အုန်းသီးများကို ရန်ကုန်သို့ တင်ပို့နေကြောင်းသိရသည်၊ မအူပင်မြို့နယ်တွင် အုန်းသီးစိုက်ဧက ၁၈၈၃ စိုက်ပျိုးပြီး ဧက ၈၀၀ ထွက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

         အုန်းချိုမွှေး စိုက်ပျိုးမှုအနေဖြင့်  ၁၇ဧကတွင် အပင်ပေါင်း ၁၅၃၀ ပင် စိုက်ပျိုးထားသည်။ မျိုးတစ်ပင်ကို ၅၀၀၀ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရပြီး ၊ ယခုစိုက်ပျိုးသော အုန်းချိုမွှေး၏ သက်တမ်းမှာ ၃နှစ်သားရှိပြီး ဖြစ်၍ အသီးများ စတင်းသီး၍ ခူးနေရပြီဖြစ်ကြောင်း၊ တစ်လကို ၅၀လုံးခန့် ထွက်ရှိနေပြီး ခူးယူသည့်ကာလမှာ ၄လသာ ရှိ၍ အုန်းသီးအလုံးရေ ၂၀၀ ထွက်ရှိနေပြီဖြစ်သည်။ ၁၇ဧက ကုန်ကျစရိတ်အနေဖြင့် လက်ရှိအချိန်ထိ သိန်း နှစ်ထောက်ကျော်ရင်းနှီးမြုပ်နှံထားပြီး ကြားနှပ် သီးနှံမျိုးစုံလဲ စိုက်ပျိုးထားကြောင်းသိရသည်။

        အဆိုပါ စိုက်ပျိုးသော အုန်းချိုမွှေးသီးနှံကို လှိုင်လှိုင်ထွက်ပေါ်လာပါက ရန်ကုန်မြို့ရှိ City Mark များတွင်လည်းကောင်း၊ အခြားတိုင်းဒေသကီဲးများသို့လည်းကောင်း တင်ပို့ရောင်းချမည်ဖြစ်ပြီး၊ အုန်းချိုမွှေးးခြံတွင်လည်း အလှပန်းခြံပြုလုပ်ကာ လူမျိုးဘာသာမရွှေး လည်ပါတ်စားသုံး အပြန်ဖြေနိုင်ရန် ရည်ရွယ်ထားကြောင်း၊ လက်ရှိထွက်ရှိနေသော အုန်းသီးများကို ၁လုံးလျှင် ၅၀၀၀ကျပ်ဖြင့် ရန်ကုန်တွင် စမ်းသပ်ရောင်းချပေးနေကြောင်း အုန်းချိုမွှေးစိုက်ပျိုးသူ တာဝန်ခံမှ ရှင်းလင်းပြောပြ၍ သိရသည်။

DOCA (ဧရာဝတီ)

 

အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာ၌ ပျိုးပင်စိုက်ကြက်သွန်နီများစိုက်ပျိုးလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ပန်းတော်ပြင် ကျေးရွာသည် နေကြာ၊ ဝါ၊ ကြက်သွန်နီ၊ ပဲစဉ်းငုံ၊ ကုလားပဲနှင့် အခြားမီးဖိုချောင်သုံး သီးနှံများကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

    ကြက်သွန်နီစိုက်ပျိုးရာတွင် ပျိုးပင်စိုက်နှင့် ဥစိုက်ဟူ၍ရှိပြီး ယခုအချိန်တွင် ပျိုးပင်စိုက် ကြက်သွန်နီကို တောင်သူ(၂၀)ဦးမှ စိုက်ဧက(၃၀)ဧကနီးပါးစိုက်ပျိုးထားကြောင်း သိရသည်။ မျိုး အနေဖြင့် ယခင်နှစ်ကြက်သွန်နီစိုက်ခင်းမှထွက်ရှိသည့် ကြက်သွန်နီမျိုးဥများမှ မျိုးစေ့အနှံယူကာ မျိုးအဖြစ်ဖယ်ချန်၍  ပျိုးထောင်ပြီး စိုက်ပျိုးကြကြောင်း၊ (၁)ဧကလျှင် မျိုး(၆)ပြည်မှ (၇)ပြည်ထိ ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း (၁၀၀)ခန့်တွင် တူးဖော်ရကြောင်း၊ ယခင်နှစ်က(၁)ဧကလျှင် ကျပ်သိန်း(၂၀)ခန့်ကုန်ကျခဲ့သော်လည်း ယခုနှစ်တွင်မှု သွင်းအားစုစရိတ်မြင့်တက်လာ၍ လုပ်အားခ၊ ရေသွင်းခ၊ မြေပြုပြင်ခနှင့် အခြားသွင်း အားစုစရိတ်အပါအဝင် ကျပ်သိန်း(၃၀)ထိကုန်ကျကြောင်း၊ ယခင်နှစ်က (၁)ဧကလျှင် ပိဿာချိန် (၃၅၀၀) ထွက်ရှိခဲ့ပြီး ဈေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် ကျပ်(၂၅၀၀ မှ ၃၀၀၀)ထိရရှိခဲ့၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၆၇)သိန်းကျော်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့၊ ဘုရင်နောင်ပွဲရုံသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း၊ ယခု ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၃၅၀၀-၄၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပန်းတော်ပြင်ကျေးရွာနေ ကြက်သွန်နီ စိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့နယ်၊ ဇီးတောကျေးရွာ၌ ပဲနက်(ခေါ်)မောင်မခေါ်ပဲများ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဘွဲ့ကျေးရွာအုပ်စုရှိ ဇီးတောကျေးရွာ၌ ပဲနက် (ခေါ်)မောင်မခေါ်ပဲကို တောင်သူ(၂၀)ဦးမှ စိုက်ဧက(၄၀)ဧကခန့်အား ၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

    စိုက်ပျိုးရာတွင် မျိုးကို အထက်မင်းလှမြို့ပေါ်ရှိ ပွဲရုံများမှ (၁)တင်းလျှင် ကျပ်(၈၀၀၀၀)ဖြင့် ဝယ်ယူ၍ ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ (၁)ဧကလျှင် မျိုး(၁)တင်းခန့်ကုန်ကျပြီး အပင်သက်တမ်း(၅)လအကြာတွင် ခူးဆွတ်ရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်နည်း တူ ယခုနှစ်တွင်လည်း မျိုးဖိုး၊ လုပ်အားခ၊ မြေပြုပြင်ခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ကျပ် (၃)သိန်းခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က (၁)ဧကလျှင် (၁၅)တင်းထိထွက်ရှိပြီး (၁)တင်းလျှင် ကျပ် (၈၀၀၀၀)ထိဈေးရရှိကာ အကျိုးအမြတ်အနေဖြင့် ကျပ်(၉)သိန်းရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ရာသီဥတုသမမျှတ၍ ပဲပင်များအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ယခင်နှစ်နည်းတူ အထွက်နှုန်းများ ကောင်းမွန်နိုင်မည်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုဒီဇင်ဘာလ(ဒုတိယပတ်)တွင် ပဲနက်(ခေါ်)မောင်မခေါ်ပဲ(၁)တင်းလျှင် ကျပ် (၈၈၀၀၀) ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဇီးတောကျေးရွာနေ ပဲနက်စိုက်တောင်သူတစ်ဦး ထံမှ သိရှိရပါသည်။

DOCA(မကွေး)

သဲကုန်းမြို့နယ်ရှိ သခွား(အကြွပ်) ဈေးနှုန်းဈေးကွက်

            ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်  ဝက်ပုတ်ကျေးရွာတွင် ဟင်းသီးဟင်းရွက်မျိုးစုကို စိုက်ပျိုးကြပြီး သခွား (အကြွပ်)မျိုး တစ်ဧက စိုက်ပျိုးထားကြောင်း သိရပါသည်။  သခွား (အကြွပ်)တစ်ဧက စိုက်ပျိုးမည်ဆိုပါက စတင်စိုက်ပျိုးချိန်မှစ၍ ခူးဆွတ်ရောင်းချချိန်အထိ (မျိုး၊ အလုပ်အမားခ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ တိုင်ဖိုး၊ ကြိုးဖိုး)အပါဝင် စုစုပေါင်းကုန်ကျစရိတ်မှာ (၄)သိန်းခန့်ကုန်ကျပါကြောင်း ပေါ်ဦးပေါ်ဖျား သခွားသီးတစ်လုံးလျှင် (၁၀၀)ကျပ် မှ (၁၅၀)ကျပ်နှုန်းရောင်းချရပါကြောင်း သခွားတစ်ဧကလျှင် အလုံးအရေအတွက်  ခြောက်ထောင်ကျော်ခန့် ထွက်ရှိပါကြောင်း စိုက်ပျိုးပြီးစီးသည်မှစ၍ အသီးပေါ်ခူးဆွတ်ချိန်ထိ တစ်လခွဲခန့်ကြာပါကြောင်း အကျိုးအမြတ်အားဖြင့် ဈေးနှုန်းအတက်အကျပေါ်မှုတည်၍ (၂၅၀၀၀၀)ကျပ် မှ(၃၀၀၀၀၀) ကျပ်ခန့်ရရှိကြောင်း အသီးခူးဆွတ်ရောင်းချချိန်တွင် ဝက်ပုတ်ကုန်စိမ်းဒိုင်မှ ခြံအရောက်လာရောက် ဝယ်ယူမှုများရှိပြီး ယင်းမှတဆင့်  ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြကြောင်း သခွားစိုက်ပျိုးတောင်သူထံမှ သိရှိရပါသည်။

DOCA(ပဲခူး) 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း