မြင်းခြံမြို့ရှိရပ်ကွက်နှင့် ကျေးရွာများတွင် မိသားစုတစ်နိုင်တစ်ပိုင် စားဝတ်နေရေးအတွက် MSME လုပ်ငန်းဖြစ်သော အမှုံကြိတ်စက်များဖြင့် အမှုံအမျိုးမျိုးကြိတ်ခွဲထုတ်လုပ် ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ် စက်တင်ဘာလလဒုတိယပတ်တွင်နနွင်းမှုံ တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ အရောင်တင်မှုံတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ငရုတ်ခွဲကြမ်း တစ်ပိဿာလျှင် (၁၆၅၀၀) ကျပ်ပေါက်ဈေး များဖြင့် ရောင်းချလျက်ရှိကြောင်း သိရရှိသည်။ အရည်အသွေးအမျိုးအစား ပေါ်မှုတည်၍ ဈေးနှုန်းများအနည်းငယ်ကွာခြားကြောင်း၊ နနွင်းမှုန့်၊ အရောင်တင်မှုန်နှင့် ငရုတ်ခွဲကြမ်းများကို ဟင်းလျာများချက်ပြုတ်ရာ၌ နေ့စဉ်ဟင်းလျာများချက်ပြုတ်ရာတွင် အသုံးပြုသောကြောင့် အရောင်းအဝယ်ကောင်းကြောင်း၊ တစ်လလျှင် (၁၅-၂၀) ရက်ကြိတ်ခွဲ ထုတ်လုပ်ရကြောင်း၊ သုံးစွဲမှုအနေဖြင့် မြို့ပေါ်ရှိရပ်ကွက်များနှင့် ကျေးရွာများအပါအဝင် တောင်သာမြို့နှင့် နွားထိုးကြီး မြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။ အမှုန့်ကြိတ်ခွဲ ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းသီးနှံဖြစ်သော နနွင်းတက်များကို ကျောက်ဆည်မြို့မှဝယ်ယူကြောင်း၊ ငရုတ်သီးခြောက်အတောင့်များကို တောင်သာမြို့၊ နွားထိုးကြီးမြို့နှင့် ပခုက္ကူမြို့တို့မှ မှာယူတင်သွင်း ရောင်းချကြောင်း သိရှိရသည်။
DOCA(မန္တလေး)