ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့၌ ပုံမှန်အရောင်းအဝယ်ဖြစ်နေသည့် ကြက်ကင်၊ငါးကင်နှင့်အကင်စုံဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါးမျိုးစုံ ရောင်းချလျက်ရှိရာ တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေး လုပ်ငန်းအနေဖြင့် ကြက်ကင်၊ ငါးကင်နှင့် အခြားအကင်မျိုးစုံ စသည်ဖြင့် ရောင်းချနေကြောင်း၊ ကြက်သားနှင့် ငါးတို့ကို ကန့်ဘလူ မြို့မဈေးမှ ဝယ်ယူရကြောင်းသိရှိရသည်။

     ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့တွင် ရောင်းချနေသော အကင်ဈေး နှုန်းများမှာ အရွယ်အစားနှင့် အမျိုးအစားပေါ်မူတည်၍ ကွာခြားမှုရှိကြောင်း ငါးကင်အသေး တစ်ကောင်လျှင်(၃၅၀၀မှ ၅၀၀၀)ကျပ်၊ အကြီးတစ်ကောင်လျှင် (၈၀၀၀မှ ၁၂၀၀၀)ကျပ်၊ ကြက်ပေါင် (၁)ကင်လျှင် (၅၀၀၀)ကျပ်၊ ကြက်တောင်ပံကင်(၁)ချောင်းလျှင် (၁၅၀၀)ကျပ်၊ ကြက်သဲမြစ်(၃) ချောင်း (၁၅၀၀)ကျပ်၊ ကြက်ခြေထောက်(၃)ချောင်း (၂၀၀၀)ကျပ်၊ ရုံးပတီသီး(၁)ကင် (၅၀၀)ကျပ် နှင့် အသားတုကင်(၁၀)ချောင်း (၁၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခုပတ်အတွင်း အကင်ဈေးနှုန်း များ အနည်းငယ်ကျဆင်းသွားကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

                                                         

ကန့်ဘလူမြို့နယ်၌ ပုံမှန်အရောင်းအဝယ်ဖြစ်နေသည့် ဒေသထွက် သနပ်ခါးတုံးဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာအမျိုးသမီးများ ကြိုက်နှစ်သက်စွာ အသုံးပြုနေကြသည့် သနပ်ခါးပင်များ စိုက်ပျိုးထွက်ရှိရာ ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။ မြန်မာ့သနပ်ခါးသည် ကဗျာ၊ သီချင်းများ စပ်ဆိုရသည်အထိ ထင်းရှားပြီး၊ ရှေးယခင်ကပင် သနပ်ခါးကို နန်းတွင်းအလှကုန်အဖြစ် အသုံးပြုခဲ့ကြောင်း၊ မြန်မာ့ရိုးရာ အလှတရားတွင် သနပ်ခါးသည် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်ပြီး အမျိုးသမီးများသည် မျက်နှာတွင် သနပ်ခါးဖြင့် အလှဆင်လေ့ရှိကြောင်း သိရှိရပါသည်။

        မြန်မာနိုင်ငံတွင် သနပ်ခါးသည် သဘာဝအလှကုန်ပစ္စည်းအဖြစ် ဈေးကွက်တွင် အရေးပါပြီး နိုင်ငံတကာတွင်လည်း စိတ်ဝင်စားမှုများလာကြောင်း၊ သနပ်ခါးသည် ကျန်းမာရေးနှင့် အလှအပတို့ အတွက် တန်ဖိုးမဖြတ်နိုင်သော သဘာဝလက်ဆောင်တစ်ခုဖြစ်ပြီး၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချ နေသော သနပ်ခါးတုံးများသည် ကန့်ဘလူခရိုင်အတွင်းမှ ထွက်ရှိသလို၊ ရွှေဘိုမြို့ရှိ လက်လီ၊လက္ကား သနပ်ခါးတုံး အရောင်းဆိုင်များမှလည်း ဝယ်ယူရောင်းချကြောင်း၊ ဩဂုတ်လ တတိယပတ်အတွင်း မြန်မာ့ရိုးရာသနပ်ခါး(၁)တုံးလျှင် (၅၀၀၀မှ ၆၀၀၀)ကျပ်၊ အသေး(၁)တုံးလျှင် (၂၀၀၀)ကျပ်နှင့် (၃) တုံးလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ အရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းများကွာခြားကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

                                                         

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

              ၂၆.၈.၂၀၂၅ ရက်နေ့၊ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက် တစ်ပိဿာ ဈေးနှုန်းများမှာ တောင်သာ၊ မလိုင်(ဒုံး) သစ် အနိမ့်ဆုံးဈေး ကျပ် ၅၃၀၀ မှ အများဆုံး ကျပ် ၅၆၀၀၊ ညောင်ဦးဆေးရှယ်ကျပ် အနိမ့်ဆုံးဈေး ၅၀၀၀ မှ အများဆုံး ကျပ် ၆၈၀၀၊ ညောင်ဦးဆေးရှယ် (ထန်းရော)  ကျပ် ၄၆၀၀၊ ပခုက္ကူကြမ်း ကျပ် ၅၅၀၀၊ ရေစကြိုထန်းလျက် အနိမ့်ဆုံးဈေး ကျပ် ၆၈၀၀ မှ အများဆုံး ကျပ် ၇၀၀၀ ၊ ကြံသကာ (ရှမ်း) ကျပ် ၃၅၀၀၊ ကြံသကာ (သကြားရော) ကျပ် အနိမ့်ဆုံး ကျပ် ၅၅၀၀ မှ အများဆုံး ကျပ် ၆၀၀၀၊ မန်ကျည်းသီးများဖြစ်သော မန်းကျည်းသီး ပွင့်ကပ် (သစ်) အနိမ့်ဆုံးဈေး ကျပ် ၅၅၀၀ မှ ကျပ် ၆၀၀၀ မန်းကျည်းသီးအသား အနိမ့်ဆုံးဈေး ကျပ် ၇၀၀၀ မှ ကျပ် ၉၃၀၊ ပြည်တွင်းသကြား  အနိမ့်ဆုံးဈေး ကျပ် ၄၅၀၀ မှ ကျပ် ၄၇၀၀ တို့ အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့မဈေး၌  အရောင်းအဝယ်ဖြစ်လျက်ရှိသော အမဲသားနှင့် ဝက်သားဈေးနှုန်း

               စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်း မျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက် ကုန်များ၏ ဈေးနှုန်း၊ဈေးကွက် အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက် အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

            ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ဝက်သားများကို ကန့်ဘလူမြို့ရှိ လက်လီ/လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း  ကန့်ဘလူမြို့မဈေး၌ ရောင်းချနေသော ဝက်သားဈေးနှုန်းများမှာ ပေါင်သား(၁)ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ နံကိုင်းသား(၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ ဩဂုတ်လ တတိယပတ်အတွင်း  အမဲသားသန့်(၁)ပိဿာလျှင်(၂၉၀၀၀)ကျပ်၊ ရိုးရိုး(၁)ပိဿာလျှင် (၂၄၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဝက်သား(၁)ပိဿာလျှင် (၂၀၀၀)ကျပ်ကျဆင်း၍ အမဲသား(၁)ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းမြင့် တက်လျက်ရှိကြောင်း အသားရောင်းချသူများထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

                                                                            

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများ

          ၂၆.၈.၂၀၂၅ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သောရေထွက်ကုန်ပစ္စည်းများ၏ တစ်ပိဿာ ဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန်ရှယ် မှာ ကျပ် ၃၀၀၀၀၀၊ ဖျာပုံရွှေပုဇွန်ရိုးရိုးကျပ် ၂၀၀၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ် ၁၅၀၀၀၀၊ ဖျာပုံချိုကြီးရိုးရိုး ကျပ် ၁၂၀၀၀၀၊ ဖျာပုံချို သေးရှယ်ကျပ် ၉၅၀၀၀၊ ဖျာပုံ ချိုသေးရိုးရိုးကျပ် ၈၀၀၀၀ ၊မြိတ်ပုဇွန်လတ် ကျပ် ၁၂၀၀၀၀၊ မြိတ်ပုဇွန်ရိုးရိုး ကျပ် ၉၀၀၀၀၊ ရေချိုငါးခြောက်များဖြ စ်ကြသော ငါးကျီးကြပ်တိုက်ကြီး   ကျပ် ၉၀၀၀၀၊ ငါးကျီးကြပ်တိုက်သေး  ကျပ် ၇၀၀၀၀၊ ငါးမြွေထိုး ကျပ် ၄၀၀၀၀၊ ငါးရံ့ခြောက်ကြီး ကျပ် ၈၅၀၀၀၊ ငါးရံ့ခြောက် လတ်ကျပ် ၆၅၀၀၀၊ ငါးရံလုံးရှယ် ကျပ် ၅၅၀၀၀၊ ရေငံငါးခြောက်များဖြစ်ကြသော ကလိန် ကျပ် ၁၀၀၀၀၊ ငါးကွမ်းရှပ်ကြီး ကျပ် ၃၅၀၀၀၊ ငါးတံခွန်မျှင်ကြီး ကျပ် ၂၃၀၀၀၊ ငါးတံခွန်လုံးကြီး ကျပ် ၆၀၀၀၊ ငါးနှပ်ခြောက်ကြီး(ရှယ်) ကျပ် ၅၅၀၀၀၊ ငါးရွှေသေး ကျပ် ၁၂၀၀၀၊ ငါးမီးတံသွယ် ကျပ် ၉၀၀  ဈေးတို့ အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မွန်ပြည်နယ်၏ ဆန်ဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

     မွန်ပြည်နယ်အတွင်းသို့ ဆန်အိတ်များ စီးဝင်လျက်ရှိပြီး ဩဂုတ်လ၏ တတိယအပတ်၌ ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပါသည်။ အခြားတိုင်းဒေသကြီးများမှ မွန်ပြည်နယ်သို့ ဆန်စီးဝင်မှုများမှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယအပတ်တွင် ဧရာဝတီမှ (၂၇၂၀) အိတ်ခန့်၊ စစ်ကိုင်းမှ (၂၃၂၀) အိတ်ခန့်၊ ရန်ကုန်မှ (၇၉၂၀) အိတ်ခန့် စုစုပေါင်း (၁၂၉၆၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၆၄၈) တန်ခန့်စီးဝင်ခဲ့သည်။ ယခု ဩဂုတ်လ၏ တတိယအပတ်တွင် ဧရာဝတီမှ (၈၂၀) အိတ်ခန့်၊ စစ်ကိုင်းမှ (၅၆၄၀) အိတ်ခန့်၊ ပဲခူးမှ (၃၈၀) အိတ်ခန့်၊ ရန်ကုန်မှ (၁၆၉၈၀) အိတ်ခန့်၊ စုစုပေါင်း (၂၃၈၂၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၁၉၁) တန်ခန့် စီးဝင်ခဲ့ပြီး ယခင် ဒုတိယအပတ်နှင့် နှိုင်းယှဉ်ပါက  ပိုမို၍ စီးဝင်ခဲ့သည်။

          မွန်ပြည်နယ်မှ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဆန်စီးထွက်ရာတွင် ၂၀၂၅ ခုနှစ် ဩဂုတ်လ ဒုတိယအပတ်တွင် ရန်ကုန်သို့ (၂၅၆၀) အိတ်ခန့်၊ ဘားအံသို့ (၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၇၆၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၃၈) တန်ခန့်စီးထွက်ခဲ့ပြီး၊ ယခု ဩဂုတ်တတိယအပတ်တွင် ဆန်စီးထွက်မှုမရှိကြောင်း သိရသည်။

          မွန်ပြည်နယ်၌ ဩဂုတ်လ၏ တတိယအပတ်တွင် ဆန်ဈေးနှုန်းမှာ (၂၄) ပြည်ဝင် ဆန် တစ်အိတ်လျှင် ပေါ်ဆန်း(ဒေသ) (၁၁၀၀၀၀) ကျပ်ခန့်၊ ရွှေဘိုပေါ်ဆန်း (၁၅၆၆၀၀) ကျပ်ခန့်၊ ဧည့်မထ(ဒေသ) (၇၀၀၀) ကျပ်ခန့်ရှိပြီး ယခုအပတ်တွင် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

          ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၂၅.၈.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၆၇၈ အိတ်နှင့် ဈေးနှုန်း မှာ ၅၈၀၀၀ မှ ၅၉၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၁၅၀ နှင့် ဈေးနှုန်းမှာ ၅၇၀၀၀ မှ ၅၈၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၂၀၀ နှင့် ဈေးနှုန်းမှာ ၅၆၀၀၀ မှ ၅၇၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၅၆ နှင့် ဈေးနှုန်းများမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၆၂၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၂၅၆၀ အိတ်၊ ဈေးနှုန်းမှာ ၅၈၀၀၀ မှ ၅၉၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၈၇၀၊ ဈေးနှုန်းမှာ ၅၇၀၀၀ မှ ၅၈၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၀၂၃  ဈေးနှုန်းမှာ ၅၆၀၀၀ မှ ၅၇၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၁၄၀ ဈေးနှုန်းများမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၅၆၃ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၂၃၈၅၊ ဈေးနှုန်းမှာ ၅၈၀၀၀ မှ ၅၉၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၉၆၀ ဈေးနှုန်းမှာ ၅၇၀၀၀ မှ ၅၈၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၁၄၀၊ ဈေးနှုန်းမှာ ၅၆၀၀၀ မှ ၅၇၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၆၅၊ ဈေးနှုန်းများမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၄၇၈၀ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။                

           ၂၅.၈.၂၀၂၅  ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အိတ်ရေ(၃၄၀၉၀) အိတ်ဝင် ရောက်ခဲ့ပြီး ဆန်ဈေးနှုန်းမှာ ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ချောင်းဆုံမြို့နယ်၌ ဥစားပိန်းများ စီးပွားဖြစ်စိုက်ပျိုး

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အနီးတစ်ဝိုက်နှင့် ကျေးရွာများတွင် ဥစားပိန်း စိုက်တောင်သူများ ဈေးကောင်းရရှိသဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ စီးပွားဖြစ် တိုးချဲ့ စိုက်ပျိုးလာကြောင်း သိရသည်။

     ဥစားပိန်းပင်များကို မစိုက်မီမြောင်းဘောင်ကို အရင်ဆုံးပြုပြင်ရပြီး စိုက်ဘောင်များ အတွင်း ကြက်ချေး သို့မဟုတ် နွားချေးနှင့် ဆန်စက်မှရရှိသည့် ဖွဲမှုန့်များကို ရောစပ်ထည့်ပေး ရကြောင်း၊ ပိန်းပင်ပေါက်များကို တစ်ပင်နှင့်တစ်ပင် တစ်ပေခန့်အကွာစိုက်ပျိုးရကြောင်း၊ အပင် ကြီးထွားမှုနှင့် လေဝင်လေထွက်ကောင်းရန် ဂရုစိုက်ရပြီး ရက် (၈၀) ခန့်အကြာတွင် ဥများ တူးဖော်ကာရောင်းချရကြောင်း ဥစားပိန်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

    ဥစားပိန်းများကို ရာသီမရွေးစိုက်ပျိုးရပြီး ဈေးကွက်တွင် ဒေသပေါက်ဈေး တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ ရရှိကာ တောင်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ ယခုအခါ စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း သိရသည်။

DOCA (မွန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

          ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၂၃.၈.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၃၂၀ အိတ်နှင့် ဈေးနှုန်း မှာ ၅၈၀၀၀ မှ ၅၉၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၅၆၈ နှင့် ဈေးနှုန်းမှာ ၅၇၀၀၀ မှ ၅၈၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၀၃၂ နှင့် ဈေးနှုန်းမှာ ၅၆၀၀၀ မှ ၅၇၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၆၂ နှင့် ဈေးနှုန်းများမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၃၉၅၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၁၉၈၇ အိတ်၊ ဈေးနှုန်းမှာ ၅၈၀၀၀ မှ ၅၉၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၃၂၀၊ ဈေးနှုန်းမှာ ၅၇၀၀၀ မှ ၅၈၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၂၅၀  ဈေးနှုန်းမှာ ၅၆၀၀၀ မှ ၅၇၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၂၇၄ ဈေးနှုန်းများမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၂၀၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၂၁၇၄၊ ဈေးနှုန်းမှာ ၅၈၀၀၀ မှ ၅၉၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၄၈၇၊ ဈေးနှုန်းမှာ ၅၇၀၀၀ မှ ၅၈၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၃၄၈၊ ဈေးနှုန်းမှာ ၅၆၀၀၀ မှ ၅၇၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၃၇၀၊ ဈေးနှုန်းများမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၄၁၃၀ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။               

         ၂၃.၈.၂၀၂၅  ရက်နေ့တွင် ဝင်ရောက်သောဆန်အိတ်အရေအတွက်မှာ (၂၂.၈.၂၀၂၅) ရက်နေ့ တွင်ဝင်ရောက်သော ဆန်အိတ်ရေထက် ပိုမိုဝင်ရောက်မှုရှိပြီး  ဆန်ဈေးနှုန်းမှာ ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့ဟင်းသီးဟင်းရွက်ဈေးရှိ မုန့်ညှင်းရွက်နှင့် မုန့်ညှင်းချဉ်ဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိ ရာစားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက် စိုက်ပျိုးကြကြောင်း၊ မုန့်ညှင်းရွက်ကို မြို့ပေါ်ရပ် ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မိမိတို့နေအိမ်ခြံဝင်းများ၊ ယာကွက်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရှိရသည်။

      ၂၀၂၅ခုနှစ်၊ ဩဂုတ်လတတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် မုန့်ညှင်းချဉ် (၁)ပုဂံလျှင် (၃၀၀)ကျပ်၊ (၂)ပုဂံလျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဩဂုတ်လ တတိယပတ်အတွင်း မုန့်ညှင်း ရွက်လက်လီ(၁)စီးလျှင် (၃၅၀)ကျပ်၊  လက္ကား(၃)စီးလျှင် (၁၄၀၀)ကျပ်၊ (၁၀)စီးလျှင် (၃၂၀၀)ကျပ် ဖြင့်လည်းကောင်း ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မုန့်ညှင်းရွက်ဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း ဟင်းသီးဟင်းရွက် ရောင်းချသူများထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

                                               

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း