ဝင်ငွေရစီးပွားဖြစ်သောငွေပန်းဈေးနှုန်းများ

Powered by Drupal

     မြင်းခြံမြို့နယ် သဲဖြူဝကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ လှိုင်းတက်၊ ဘောလုံးနှင့် ဓါးကျွန်းကျေးရွာများတွင် ငွေပန်းပင်များကိုခြံဝန်းများအတွင်း၌ စီးပွားဖြစ်စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ အေးမြသီတာဈေး၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလဒုတိယပတ်တွင်  ရောင်း ချနေသော ငွေပန်းကုံး (၁၀) ကုံးလျှင် (၅၀၀) ကျပ်၊ ငွေပန်းကုံးတစ်ကုံးလျှင် (၃)ပွင့်ပါ တစ်ကုံးသီ ကုံးထားကြောင်း၊ တစ်ပွင့်ချင်းဈေးမှာ ငွေပန်းတစ်ပွင့်လျှင် (၁၂) ကျပ်ပေါက်ဈေးများဖြင့်ရောင်း ချကြောင်း၊ ငွေပန်းများကို နေ့စဉ်မိမိတို့အိမ်၏ဘုရား၌လှူခြင်း၊  ဘုရားစေတီပုထိုး များတွင် လည်းလှူဒါန်းသူများခြင်း၊ ဘာသာရေးပွဲများတွင်လည်း ကန်တော့ပွဲထိုးခြင်း၊ နတ်ပန်းလှူခြင်းများနှင့် လာဘ်ရွှင်သောပန်းအဖြစ်မြန်မာလူမျိုးများ အသုံးပြုကြသောကြောင့် နေ့စဉ်အရောင်း အဝယ်ကောင်းကြောင်း၊ ပန်းဖောက်သည်များလည်း ပေးရကြောင်း၊  ငွေပန်းကုံးအရောင်းအဝယ် ဖြစ်မှုအနေဖြင့် နေ့စဉ် (၁၀၀၀-၁၅၀၀) ကုံးခန့်ရောင်းချရကြောင်း၊ နေ့စဉ်ဝင်ငွေရသော ပန်းဖြစ်သောကြောင့် စီးပွားဖြစ်စိုက်ပျိုးသင့်သောပန်းဖြစ်ကြောင်း ငွေပန်းရောင်းချသူ၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)